သွေးပေါင်ကျဆေးနီးပါးအစွမ်းထက်တဲ့ နေ့ခင်းတစ်ရေးအိပ်ခြင်း

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

နေ့ခင်းအိပ်ရတာ ကြိုက်လား။ သတင်းကောင်းရှိတယ်နော်။နေ့ခင်း တစ်ရေးအိပ်တာကသွေးပေါင်ကျဆေးသောက်စရာ မလိုဘဲသွေးတိုးမဖြစ်အောင် ထိန်းပေးနိုင်ပါသတဲ့နော်။နေ့ခင်းတစ်ရေးအိပ်တာက မှတ်ဉာဏ်ေကာင်းစေတယ်ဆိုတာကတော့ အရင်ကလုပ်ခဲ့တဲ့လော့မှုတွေအရသိထားပြီးဖြစ်မှာပါ။ အခုတစ်ခေါက်လုပ်ခဲ့တဲ့ လေ့လာမှုမှာတော့ နေ့ခင်းတစ်မှေးမှေးတာကသွေးတိုးကျစေနိုင်တယ်ဆိုတဲ့အချက်ကိုတွေ့ရှိခဲ့ပါတယ်။

နေ့ခင်းတစ်မှေးအိပ်ပါဆေးသောက်စရာမလိုဘဲသွေးတိုးကျပါလိမ့်မယ်

လေ့လာမှုအသစ်တစ်ရပ်အရနေ့လယ်နေ့ခင်းတစ်ရေးအိပ်တာကသွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်၊ လို့ သုတေသီတွေကတွေ့ရှိခဲ့ပါတယ်။ အချိန်အကြာကြီးအိပ်တာမဟုတ်ရင်တောင် အလုပ်ခွင်ထဲမှာ ထမင်းစားပြီးချိန် ခုံမှာ မျက်လုံးလေးမှိတ်လို့ ခဏလောက်မှေးတာကလည်းသွေးပေါင်ကျစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ အနည်းဆုံးတော့ ခန္ဓါကိုယ်ကို အားပြည့်သွားစေပြီး စိတ်ခံစားမှုကောင်းစေမှာ အမှန်ပါ။

ဂရိနိုင်ငံVoulaမြို့မှာရှိတဲ့Asklepieion အထွေထွေရောဂါကုဆေးရုံက သုတေသီတွေပြုလုပ်ခဲ့တဲ့လေ့လာမှုအသစ်မှာနေ့လယ်ခင်းတစ်မှေးအိပ်တာက သွးပေါင်ကျစေနိုင်ပြီး ကျန်းမာရေးအတွက်ကောင်းမွန်စေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

နေ့လယ်ခင်းမှာ တစ်မှေးအိပ်တာကြောင့် သွေးပေါင်ကျတာက ဘဝနေထိုင်မှုပုံစံြေပါင်းလဲမှုကြောင့်သွေးပေါင်ကျတဲ့ ပမာဏနဲ့ အတူတူပါပဲ။ ဥပမာပြောပြရရင် ဆားလျှော့စားတာ၊ အရက်ေလျှာ့သောက်တာတွေကြောင့်သွေးပေါင်ချိန်က ၃ mmHg ကနေ ၅ mmHg အထိကျဆင်းစေနိုင်ပါတယ်။နေ့ခင်းတစ်မှေးအိပ်ရင်လည်းသွေးပေါင်ချိန်က ဒီလောက်ပမာဏပဲကျဆင်းတာပါ။

ဒီလေ့လာမှုအတွင်း လူ ၂၁၂ယောက်ကိုလေ့လာခဲ့ပါတယ်။လေ့လာမှုမှာပါဝင်သူတွေရဲ့သွေးပေါင်ချိန်က ၁၂၉.၉ mmHg ရှိပါတယ်။လေ့လာမှုမှာပါဝင်သူတွေရဲ့ အသက်က ပျမ်းမျှအားဖြင့် ၆၂ နှစ်အရွယ်တွေဖြစ်ကြပြီးဆေးလိပ်သောက်သူတွေလည်းပါဝင်သလို အမျိုးအစား -၂ ဆီးချိုေရာဂါရှိသူတွေလည်း ပါဝင်ကြပါတယ်။

ပါဝင်သူတွေကို အုပ်စု နှစ်စုခွဲပြီးလေ့လာခဲ့တာပါ။ တစ်ဖွဲ့ကိုနေ့ခင်းတစ်ရေးအိပ်စေပြီး အခြားအဖွဲ့ကိုတော့နေ့ခင်းမအိပ်ခိုင်းပါဘူး။ ၂၄ နာရီပတ်လုံးလေ့လာမှုမှာပါဝင်သူတွေရဲ့သွေးပေါင်ချိန်ကိုတိုင်းတာစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပါတယ်။လေ့လာမှုရလဒ်အနေနဲ့တွေ့ရှိရတာကနေ့ခင်းတစ်ရေးအိပ်သူတွေမှာသွေးပေါင်ချိန်က ၅.၃ mmHg ကျနေတယ်ဆိုတာပါပဲ။ လူတော်တော်များများယူဆထားတာကနေထိုင်စားသောက်မှုပုံစံကို ဆင်ခြင်မှ ဒါမှမဟုတ်ဆေးသောက်မှ သွးပေါင်ကျတာလို့ ယူဆထားကြတာပါ။ တကယ်ကတော့ ဒီလိုမဟုတ်ပါဘူး။နေပခင်းတစ်ရေးလောက်အိပ်တာက စိတ်ခံစားမငကိုကောင်းစေတဲ့အပြင်သွေးပေါင်ကိုပါထိန်းညှိပေးနိုင်တာပါနော်။

တကယ်လို့သွေးပေါင်ကျဆေးသောက်မယ်ဆိုရင်သွေးပေါင်ချိန်ကို ၅ mmHg ကနေ ၇ mmHg အထိလျှော့ချပေးနိုင်ပြီးနေ့ခင်းတစ်ရေးအိပ်တာကသွေးပေါင်ချိန်ကို ၅.၃ mmHg ထိလျှော့ကျစေနိုင်တယ်ဆိုတော့ဆေးသောက်သလောက်ကိုထိရောက်နေတာပါ။ ခန္ဓါကိုယ်မှာဆေးကြောင့် side effect မရှိဘဲသွေးပေါင်ကျစေနိုင်တဲ့ နည်းလမ်းတစ်ခုပေါ့။သွေးပေါင်ချိန် ၂ mmHg ကျရင်တောင် ရုတ်တရက်နှလုံးရပ်တာနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေဖြစ်နိုင်ခြေကို ၁၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်တယ်ဆိုမှတော့နေ့ခင်းတစ်ရေးအိပ်တာကတော်တော်လေးထိရောက်ပြီလို့ပြောလို့ရတာပေါ့။

ကဲ….. ဒါကြောင့်နေ့ခင်းတစ်ရေးအိပ်ပြီး ကိုယ့်ကျန်းမာရေးကိုစောင့်ရှောက်ရအောင်လား Helloဆရာဝန်ပရိသတ်ကြီးရေ……………….

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ မတ် 18, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 16, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။