သင်က O သွေးပိုင်ရှင်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

လူတစ်ဦးနဲ့တစ်ဦးသွေးအမျိုးအစားမတူနိုင်ပါဘူး။သွေးအမျိုးအစားမတူတာကြောင့် ဘာမှကြီးကြီးမားမားကွာခြားသွားတာရှိမှာ ဟုတ်ဘူးလို့ ယူဆခဲ့ကြမယ်ထင်ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူးသွေးအမျိုးအစားက ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုရှိသလို ထိခိုက်မှုတွေဖြစ်တဲ့အခါဖြစ်ပေါ်လာမယ့်နောက်ဆက်တွဲ အခြေအနေတွေအပေါ်မှာလည်း သက်ရောက်နေပါတယ်။

ဘယ်သွေးအမျိုးအစားပိုင်ရှင်တွေက အန္တရာယ်အများဆုံးဖြစ်မလဲ

သွေးအမျိုးအစားတွေကို A၊ B၊ AB နဲ့ O ဆိုပြီးအမျိုးမျိုးရှိနေကြပါတယ်။ ဒီကြားထဲကမှာ Positive နဲ့ Negative ဆိုပြီးကွဲပါသေးတယ်။ ဒီသွေးအမျိုးအစားတွေကမွေးဖွားလာမယ့် သားသမီးလေးတွေရဲ့သွေးအမျိုးအစားေပါ်မှာလွှမ်းမိုးမှုရှိနေသလို ကိုယ်တိုင်အပေါ်မှာလည်း သက်ရောက်မှုရှိနေပါတယ်။

တကယ်လို့ သင်က Oသွေးပိုင်ရှင်ဆိုရင်တော့ မတော်တဆထိခိုက်မှုတစ်ခုခုဖြစ်တဲ့အခါ အခြားသွေးအမျိုးအစားပိုင်ရှင်တွေထက်ပိုပြီး စိုးရိမ်စရာရှိနေပါတယ်တဲ့။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင်လေ့လာမှုအသစ်တစ်ရပ်အရ မတော်တဆထိခိုက်မှုတစ်ခုခုနဲ့ကြုံ တဲ့အခါ Oသွေးပိုင်ရှင်တွေရဲ့သွေးထွက်နှုန်းက အခြားသူတွေထက်ပိုများတာကြောင့်သွေးထွက်လွန်ြပီးသေဆုံးနိုင်ခြေက အခြားသွေးအမျိုးအစား ပိုင်ရှင်တွေထက် များနေတာကြောင့်ပါ၊ လို့တွေ့ရှိခဲ့ရပါတယ်။

ဂျပန်နိုင်ငံက သုတေသီဒေါက်တာ Wataru Takayama ဦးဆောင်ပြုလုပ်ခဲ့တဲ့ သုတေသနလုပ်ဆောင်ချက်တွေအရ Oသွေးအမျိုးအစားပိုင်ရှင်တွေမှာသွေးတိတ်မှုဖြစ်စဉ်က အခြားသွေးအမျိုးအစားတွေထက် လုပ်ဆောင်မှုနှေးတယ်လို့တွေ့ရှိခဲ့ရပါတယ်။ပြင်းထန်တဲ့ မတော်တဆထိခိုက်မှုတွေဖြစ်တဲ့အခါ လူသေဆုံးရတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုကသွေးထွက်လွန်တာကြောင့်လည်းဖြစ်ပါတယ်။

ရာခိုင်နှုန်းအနေနဲ့ တိတိကျကျပြောရမယ်ဆိုရင်တော့ပြင်းထန်တဲ့မတော်တဆထိခိုက်မှုတွေဖြစ်တဲ့အခါသွေးထွက်လွန်ပြီးသေဆုံးနိုင်ခြေက အခြားသွေးအမျိုးအစားပိုင်ရှင်တွေမှာ ၁၁ ရာခိုင်နှုန်းလောက်ပဲရှိပေမယ့် Oသွေးအမျိုးအစား ပိုင်ရှင်တွေမှာတော့ ၂၈ ရာခိုင်နှုန်းအထိရှိနေတယ်၊လို့ဆိုပါတယ်။

Oသွေးအမျိုးအစားပိုင်ရှင်တွေရဲ့သွေးထဲမှာ ပါဝင်နေတဲ့သွေးခဲစေတဲ့ဓါတ်တွေက အခြားသွေးအမျိုးအစားတွေမှာထက် ပိုနည်းနေတာကြောင့် ကြီးကြီးမားမားထိခိုက်မှုတွေဖြစ်သွားတဲ့အခါ အခြားသွေးအမျိုးအစားပိုင်ရှင်တွေထက်သွေးထွက်အရမ်းများတာပဲဖြစ်ပါတယ်။ ဒါကြောင့်သွေးအမျိုးအစားက မတော်တဆထိခိုက်မှုဖြစ်တဲ့ အခါသွေးထွက်မှုပမာဏအပေါ် သက်ရောက်မှုရှိသလို အသက်အန္တရာယ်ထိခိုက်နိုင်ခြေပေါ်မှာလည်း သက်ရောက်မှုရှိတာဖြစ်ပါတယ်။

လေ့လာမှုတွေလုပ်ပြီးတဲ့နောက်မှာ သိရှိခဲ့ရတဲ့နောက်တစ်ချက်က Oသွေးအမျိုးအစားပိုင်ရှင်တွေမှာသွေးတွင်း Plasma အရေအတွက်က အခြားသွေးအမျိုးအစားတွေထက် ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်အထိ ပိုနည်းနေတယ်လို့ သိရှိခဲ့ရပါတယ်။ ဒီအခြေအနေကလည်း Oသွေးပိုင်ရှင်တွေကို မတော်တဆထိခိုက်မှုကြီးကြီးမားမားဖြစ်တဲ့အခါသွေးထွက်များစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။

သွေးအမျိုးအစားက ဒီအချက်တစ်ခုအပေါ်မှာတင် သက်ရောက်မှုရှိနေတာမဟုတ်ပါဘူး။ ရုတ်တရက် နှလုံးရပ်တာ၊လေဖြတ်တာလိုမျိုးဝေဒနာတွေနဲ့ အခြားကျန်းမာရေးအန္တရာယ်တွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့်သွေးအမျိုးအစားမတူညီမှုက ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုတွေလည်း ကွာခြားနေနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇွန် 1, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 16, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။