backup og meta

အရိုးအစားထိုးကုသပစ္စည်းကို ကြက်ဥခွံကနေ ထုတ်လုပ်ဖန်တီး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးအစားထိုးကုသပစ္စည်းကို ကြက်ဥခွံကနေ ထုတ်လုပ်ဖန်တီး

    အရိုးအစားထိုးကုသတဲ့ပစ္စည်းထုတ်လုပ်ရာမှာ စွန့်ပစ်ကြတဲ့ ကြက်ဥအခွံကနေ ဖန်တီးတဲ့နည်းလမ်းကို အိန္ဒိယသုတေသီတွေကတွေ့ရှိခဲ့ပါတယ်။

    သုတေသီတွေက I-tricalcium phosphate (I-TCP) လို အရိုးအစားထိုးပစ္စည်းတွေကို အဆိပ်အတောက်ရှိတဲ့ဓါတုပစ္စည်းတွေ မသုံးဘဲ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းနေတာပါ။

    ကြက်ဥခွံဟာ သတ္တုဓါတ်ပါတဲ့ကယ်လ်စီယမ် အများဆုံး(၉၅.၁ ရာခိုင်နှုန်း) ပါဝင်တဲ့အပြင် ပရိုတင်းနဲ့ရေဓါတ်အနည်းငယ်လည်းပါဝင်ပါတယ်။

    အရိုးပျက်စီးမှုတွေကိုကုသဖို့ အရိုးဆက်အစားထိုးပစ္စည်းတွေသုံးခဲ့တာ ကြာပါပြီ။ ကြက်ဥခွံကရတဲ့ ကယ်လ်စီယမ်ကိုညောင်ပင်ရဲ့အစေးနဲ့ပေါင်းစပ်ပြီး အရိုးအစားထိုးပစ္စည်းဖန်တီးပါတယ်။

    ကနေ့ခေတ်ဆေးပညာမှာ လူနာ သို့မဟုတ် အလှူရှင်ဆီက အရိုးကိုPlaster of Paris လို ကယ်လ်စီယမ်ပါဝင်တဲ့ အတုပစ္စည်းတွေသုံးပြီး ထိခိုက်ပျက်စီးနေတဲ့အရိုးတွေကို အစားထိုးကုသပါတယ်။

    နောက်ပိုင်းတော့hydroxyapatite နဲ့calcium phosphate တို့လိုဖော့စဖိတ်ဒြပ်ပေါင်းတွေကို သုံးကြပါတယ်။

    ၁၆၆၈ ခုနှစ်မှာ ဒတ်ခ်ျလူမျိုးဆရာဝန်Van Meek’ren က အစောဆုံးမှတ်တမ်းဝင် အရိုးအစားထိုးကုသမှုကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီးကတည်းက အရိုးအစားထိုးကုသမှုပေါင်း ၅၀ကျော်ကို စမ်းသပ်ကုသခဲ့ပြီးဖြစ်ပါတယ်။

    ဒီလေ့လာမှုကို Indian Institute of Technology (IIT)၊National institute of Technology တို့မှ သုတေသီတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

    သူတို့ရဲ့တွေ့ရှိချက်ရလဒ်ကို ၂၀၁၉ မတ်လထုတ်Ceramics Internationalဂျာနယ်မှာဖော်ပြခဲ့တာဖြစ်ပါတယ်။

    ဓါတုပစ္စည်းတွေသုံးပြီး အစားထိုးကုသမှုအတုပစ္စည်းတွေပြုလုပ်ရာမှာတွေဝေနေရတာတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြီးအပြတ်မဖယ်ရှားနိုင်ရင် အဆိပ်အတောက်ဖြစ်စေနိုင်မယ့် ဓါတုအကြွင်းအကျန်တွေရှိနေတတ်တာကြောင့်ပါ။ ဥပမာI-tricalcium phosphate (I-TCP) ကိုပြုလုပ်တဲ့အခါ နိုက်ထရိတ်ဒြပ်ပေါင်းတွေသုံးပြီးပေါင်းစပ်ဖန်တီးရတယ်။ အကြွင်းအကျန်တွေရှိမယ်ဆိုရင် အန္တရာယ်ရှိတယ် လို့ သုတေသီတစ်ဦးကပြောပါတယ်။

    ကြက်ဥခွံကနေပြုလုပ်တဲ့ ဇီဝပစ္စည်းကဆိုရင် သူ့မှာသဘာဝအလျောက်ပါပြီးသား ဇီဝပစ္စည်းတွေ၊ionတွေရှိနေတာကြောင့် တခြားအတုပစ္စည်းတွေထက် ပိုဘေးကင်းတယ်။နောက်ပြီး အကုန်အကျသက်သာတယ်။ ကမ္ဘာတလွှားမှာ စွန့်ပစ်နေကြတဲ့ ကြက်ဥခွံပေါင်း တန်ချိန်သန်းပေါင်းများစွာရှိနေတော့ အရေအတွက်ကလည်း အကန့်အသတ်မရှိ ရနိုင်တယ် လို့ သုတေသီတွေက ဆိုပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement