backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Viral gastroenteritis (ဗိုင်းရပ်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Viral gastroenteritis (ဗိုင်းရပ်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း ) ကဘာလဲ။

virus အမျိုးအစား အများကြီးထဲက တစ်ကောင်ကြောင့် အစာအိမ်နဲ့ အူတွေ ရောငိတာပါ။stomach flu လို့လည်းသိထားကြပါတယ်။ လူတိုင်းကိုလည်း ကူးစက်နိုင်ခြေရှိပါတယ်။ ရောဂါဖြစ်နေတဲ့လူနဲ့ ထိတွေတာမျိုး အစားအစာ ညစ်ပတ်တာနဲ့ရေမသန့်ကနေ ဒီကူးစက်မြန်တဲ့ရောဂါကပြန့်နိုင်ပါတယ်။ စုနေရတဲ့နေရာတွေ ဥပမာ မူကြိုတွေ ,ကျောင်း၊ ဆေးရုံတွေနဲ့ သင်္ဘောပေါ်မှာ ပြန့်နိုင်ပါတယ်။

မတူညီတဲ့ virus တွေဟာ သူ့ရာသီအလိုက် ရောဂါပေးနိုငိပါတယ်။ အဖြစ်များတာတွေကတော့

Rotavirus

မွေးကင်းစ ကလေးတွေနဲ့ ကလေးငယ်တွေမှာဖြစ်တတ်ပြီး အခြားကလေးတွေရော အရွယ်ရောက်ပြီးသားလူငယ်တွေကိုပါ ကူးစက်တတ်ပါတယ်။ ဒီvirus ဟာပါးစပ်ကနေကူးပါတယ်။ ဆိုလိုချင်တာက ခန္ဓါကိုယ်ထဲကို ပါးစပ် .အစာရေပြွန်တို့ကနေ ဝင်ရောက်တာဖြစ်ပါတယ်။ ရောဂါ လက္ခဏာတွေကတော့ ၂ရက်အကြာမှာဖြစ်တတ်ပြီး အန်ခြင်း ၊ အစာစားခြင်းစိတ်ကျဆင်းခြင်း၊ နဲ့ ဝမ်းရေကျဲသွားခြင်း တို့ဖြစ်ပါတယ်။Centers for Disease Control and Prevention (CDC) ရဲ့အဆိုအရ ဒီဗိုင်းရပ်စ်ဟာ ဒီဇင်ဘာလနဲ့ ဇွန်လမှာ အဖြစ်များပါတယ်။

Norovirus

ဒီ virus ကတော့ ကူးစက်မြန်ပြင်းထန်ပြီးတော့ အသက်အရွယ်မရွေး ကူးစက်ခံရနိုင်ပါတယ်။ ဒီvirus ဟာ ညစ်ညမ်းတဲ့ အစာ၊ရေ၊ ပစ္စည်းတွေနဲ့ ရောဂါဖြစ်နေတဲ့လူတွေဆီကနေ ကူးစက်ပါတယ်။ လူတွေ စုနေရတဲ့နေရာတွေ ဥပမာ ဆေးရုံ , မူကြိုတွေ နဲ့ ကျောင်းတွေမှာ ပြန့်နိုင်ပါတယ်။ ရောဂါ လက္ခဏာတွေကတော့ မူးဝေခြင်း၊ ဝမ်းလျောခြင်း၊ အဖျားနဲ့ ကိုယ်လက်ကိုက်ခဲခြင်း စတာတွေဖြစ်ပါတယ်။ အမေရိကန်မှာ ဗိုင်းရပ်စ် outbreak ဖြစ်တဲ့ကာလကတော့ နိုဝင်ဘာနဲ့ ဧပြီကြားမှာဖြစ်ပါတယ်။

National Center for Biotechnology Information (NCBI) ရဲ့အဆိုအရ ဗိုင်းရပ်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း ဟာ လူငယ်တွေနဲ့ ကလေးတွေမှာ ဆိုးရွားတဲ့ ဝမ်းလျောခြင်း ကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းပဲဖြစ်ပါတယ်။ ၅နှစ်အောက်ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ ဝမ်းလျောခြင်း ဖြစ်နိုင်ချေများတဲ့သူတွေဖြစ်လာပါတယ်။

ဗိုင်းရပ်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း

ဖြစ်စေတဲ့ virus တွေ သင့်ကိုကူးတာနည်းစေဖို့ သင်လုပ်နိုင်တဲ့ အချက်တွေရှိပါတယ်။ ဒါတွေကတော့ လက်မကြာခဏဆေးတာနဲ့ မသန့်ရှင်းတဲ့ အစားအသောက်တွေရှောင်ကြဉ်တာပဲဖြစ်ပါတယ်။ 2006 ခုနှစ်မှာတော့ ကလေးများမတွက် ကာကွယ်ဆေးထုတ်ပြန်ခဲ့ပါတယ်။ ကလေးငယ်တွေမှာ ဆိုးရွားတဲ့ virus ရောဂါမဖြစ်စေဖို့ ကာကွယ်ဆေးကထိုးသင့်ပါတယ်။

လူအများစုကတော့ ၂ရက် ၃ရက်နဲ့ သက်သာကြပြီး ဘာဆိုးကျိုးမှလည်း မကျန်ခဲ့ပါဘူး။

Viral gastroenteritis (ဗိုင်းရပ်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

အတော်လေး အဖြစ်များပြီး မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် ပိုကူးစက်ခံရနိုင်ချေ များပါတယ်။ အသကိအရွယ်မရွေးလည်း ထိခိုက်နိုင်ပါတယ်။ ဖြစ်နိုင်ချေတွေကိုတော့ လျော့ချနိုင်ပါတယ်။ အခြားအချက်များအတွက် သင့်ဆရာဝန်နဲ့ တိုင်ပငိပါ။

လက္ခဏာများ

Viral gastroenteritis (ဗိုင်းရပ်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များတဲ့ လက္ခဏာတွေကတော့ –

တစ်ချို့အခြေအနေတွေက ရောဂါပိုးကူးပြီး တစ်ရက်နှစ်ရက်နေမှ ပြသပါတယ်။

  • ဝမ်းရေကျဲကျဲသွားခြင်း
  • မူးဝေအော့အန်ခြင်း
  • ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း နှင့် အဆစ်မြစ်ရောင်ရမ်းကိုက်ခဲခြင်း
  • ချမ်းတုန်ဖျားခြင်း
  • ချွေးစီးပြန်ခြင်း
  • ဗိုက်ရစ်ပြီးအောင့်ခြင်း
  • အစာမစားချင်ဖြစ်ခြင်း
  • ကိုယ်အလေးချိန်ကျခြင်း စတာတွေဖြစ်ပါတယ်။

လက္ခဏာတွေကတော့ ၁ရက် ကနေ ၁၀ရက်ကြား ကြာတတ်ပါတယ်။

အထက်ပါလက္ခဏာတွေမှာ မပါတာတွေရှိနိုင်ပါသေးတယ်။ သင်သိလိုတဲ့ အချက်အလက်တွေရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

လူတိုင်းရဲ့ ခန္ဓါကိုယ်တွေက လုပ်ဆောငိမှုမတူကြတဲ့အတွက် သင်နဲ့သင့်တော်မယ့် အကောင်းဆုံးအခြေအနေကိုရွေးချယ်ပါ။

အကြောင်းရင်းများ

Viral gastroenteritis (ဗိုင်းရပ်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

virus အမျိုးအစား အများကြီးကြောင့် ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေများတဲ့ လူတွေကတော့ –

  • ၅နစ်အောက်ကလေးများ
  • ဆေးရုံတွေမှာနေနေတဲ့ သက်ကြီးရွယ်အိုများ
  • ကိုယ်ခံအား မကောင်းတဲ့ ကလေးတွေနဲ့ လူငယ်များ
  • လူတွေစုနေရတဲ့နေရာတွေ ဥပမာ မူကြိုတွေ ,ကျောင်း၊ ဆေးရုံတွေနဲ့ သင်္ဘောပေါ်မှာvirus ကအလွယ်တကူ ပြန့်နိုင်ပါတယ်။virus ပိုးပြန့်နိုင်တဲ နည်လမ်းတွေကတော့
  • လက်ကို သေချာမဆေးတာ( အထူးသဖြင့် အစားအစာချက်ပြုတ်တဲ့သူတွေ)
  • မသန့်ရှင်းတဲ့ရေ
  • ပင်လယ်စာတွေ အစိမ်းစားတာဒါမှမဟုတ် မကျက်တကျက်စားတာ စတာတွေကြောင့်ဖြစ်နိုင်ပါတယ်

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Viral gastroenteritis (ဗိုင်းရပ်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ပတ်ဝန်းကျင်မှာ ကူးစက်မှုတွေဖြစ်နေပြီဆိုရင် physical exam ကတော့ အခြေခံလုပ်ရမယ့်အရာဖြစ်ပါတယ်။ သင့်ဆရာဝန်အနေနဲ့ သင့်အဖျားရောဂါဟာ ကပ်ပါးပိုးကြောင့်လား virus ကြောင့်လားဆိုတာသိဖို့ ဝမ်းနမူနာတောင်းပါလိမ့်မယ်။

Viral gastroenteritis (ဗိုင်းရပ်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း ) ကို ဘယ်လိုကုသပါသလဲ

အဓိက ကတော့ ရေဓါတ်ဆုံးရှုံးတာကို ကာကွယ်နိုင်အောင် အရည်များများသောက်သင့်ပါတယ်။ အချို့အရမ်းဆိုးတဲ့အခြေအနေတွေမှာ ဆေးရဲုတင်တာနဲ့ အကြောဆေးသွင်းတာတွေ လုပ်သင့်ပါတယ်။

CDC အနေနဲ့ Pedialyte လိုဓါတ်ဆားမျိုးကိုကလေးငယ်ရှိတဲ့ အိမ်တိုင်းမှာဆောင်ထားဖို့ ညွှန်ကြားထားပါတယ်။ ဓါတ်ဆားရည်ဟာ ဆုံးရှုံးသွားတဲ့ အရည်နဲ့ဓါတ်ဆားတွေကို ဖြည့်တင်းပေးဖို့ မျှတတဲ့ ရေနဲ့ ဓါတ်ဆားအရောဖြစ်ပြီး ကလေးတွေရဲ့ အစာအိမ်အတွက်စုပ်ယူရလွယ်ကူပါတယ်။ ဒီဓါတ်ဆားတွေဟာ ဆေးဆိုင်တွေမှာ ဆရာဝန်ညွှန်ကြားချက်မပါပဲနဲ့လည်း ဝယ်ယူရနိုင်ပါတယ်။ ဒါပေမယ့် အညွှန်းကိုတော့ သေချာ ဂရုစိုက်ဖို့လိုပါလိမ့်မယ်။

antibiotics ( ပဋိဇီဝဆေးတွေ) က virus ကိုမသတ်နိုင်ပါဘူး။ လွယ်လွယ်ရနိုင်တဲ့ ဆေးတွေကို မသုံးခင် ဆရာဝန်တစ်ယောက်နဲ့ စစ်ဆေးကြည့်တာအကောင်းဆုံးပါ။

နထိုင်မှုပြုပြင်ခြင်းနှင့် အိမ်တွင်းဆေးဝါးများ

အောက်ပါ နေထိုင်မှုပုံစံတွေက viral encephalitis နဲ့ သင့်တော်ပါတယ်။

သင့်မှာရောဂါဖြစ်နေတယ်ဆိုရင် အောက်ပါကုသနည်းတွေရှိပါတယ်။

အစာစားနေဆဲရော မစားခင်ကြားမှာပါ ရေများများသောက်ပါ။ သင့်အတွက်သောက်ရတာခက်ခဲနေရင် နည်းနည်းခြင်းဆီ ဒါမှမဟုတ် ရေခဲတုံးတွေ စမ်းကြည့်နိုင်ပါတယ်။

သစ်သီးဖျော်ရည်တွေကိုရှောင်ပါ။ သူတို့က ရေဓါတ်ပြန်မဖြည့်ပေးနိုင်ရုံမက ဝမ်းသွားတာကိုပါ များစေပါတယ်။

ကလေးလူကြီးတွေအနေနဲ့ sport drink တွေသောက်ပြီး ဆားဓါတ်ပြန်ဖြည့်နိုင်ပါတယ်။ မွေးကင်းစလေးတွေနဲ့ ကလေးငယ်တွေကတော့ အထူးဖော်မြူ လာထုတ်ထားတဲ့ ဓါတ်ဆားရည်တွေ သောက်သင့်ပါတယ်။

များများအနားယူပါ။ သင့်အနေနဲ့ပင်ပန်းနေနိုင်ပါတယ်။

ဆေးကုသမှုမခံယူမီ ဒါမှမဟုတ် ကလေးတွေကို မတိုက်ခင် သင့်ဆရာဝန်နဲ့ သေချာစစ်ဆေးပါ။virus ဝင်နေတဲ့ ကလေးတွေကို asprin မတိုက်ပါနဲ့။ အသက်အန္တရာယ်ရှိတဲ့ REYE’S Syndrome ဖြစ်သွားနိုင်ပါတယ်။

သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement