backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Whooping Cough (ကြက်ညှာချောင်းဆိုးရောဂါ)


Hello Sayarwon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Whooping Cough (ကြက်ညှာချောင်းဆိုးရောဂါ) ကဘာလဲ။

ကြက်ညှာချောင်းဆိုးရောဂါသည် နှာခေါင်းနဲ့လည်ချောင်းကနေတစ်ဆင့် ဝင်သော ကူးစက်မြန် အသက်ရှုလမ်းကြောင်းရောဂါ ကူးစက်ရောဂါတစ်ခုဖြစ်သည်။ အများစုမှာတော့ အက်သံပါအောင်ချောင်းဆိုးခြင်းရဲ့နောက်မှာ အသက်ရှူသံပြင်းပြင်းလိုက်လာခြင်းမျိုး ဖြစ်ပါတယ်။ ကူးစက်လွယ်တတ်ပေမဲ့ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကဲ့သို့သော ကာကွယ်ဆေးနဲ့ ကလေးတွေအရွယ်ရောက်ပြီးသူတွေမှာ မဖြစ်အောင်ကာကွယ်ထားနိုင်ပါတယ်။

Whooping Cough (ကြက်ညှာချောင်းဆိုးရောဂါ) က ဘယ်လောက်အဖြစ်များသလဲ။

မွေးကင်းစအရွယ်တွေနဲ့ကလေးငယ်တွေမှာ ပိုဖြစ်တတ်ပေမဲ့ ဘယ်အရွယ်မဆိုဖြစ်နိုင်ပါတယ်။ ဖြစ်စေတတ်တဲ့အကြောင်းတွေကိုရှောင်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ထပ်ပြီးသိလိုသည်တို့ကို ဆရာဝန်နဲ့ ပြသဆွေးနွေးနိုင်ပါတယ်။

လက္ခဏာများ

Whooping Cough (ကြက်ညှာချောင်းဆိုးရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ။

ကူးစက်ခံရပြီး ဆယ်ရက်လောက်ကြာမှ လက္ခဏာတွေပေါ်လာတတ်ပါတယ်။ အစောပိုင်းအဆင့်မှာဆိုရင် အအေးမိတဲ့လက္ခဏာလောက်သာ ပြတတ်ပါတယ်။

  • နှာရည်ကျခြင်း
  • နှာပိတ်ခြင်း
  • မျက်စိနီခြင်း၊မျက်ရည်ပူထွက်ခြင်း
  • ဖျားခြင်း
  • ချောင်းဆိုးခြင်း

တစ်ပတ်နှစ်ပတ်အကြာမှာတော့ လက္ခဏာတွေ ပိုဆိုးလာပါတယ်။ အချိန်အကြာကြီး ပြင်းပြင်းထန်ထန်ချောင်းဆိုးရခြင်းကြောင့်

  • အန်ခြင်း
  • မျက်နှာနီလာခြင်း(သို့)ပြာသွားခြင်း
  • အလွန်မောပန်းနွမ်းနယ်ခြင်း
  • ချောင်းဆိုးပြီးနောက် အသက်ရှူသံပြင်းပြင်းထွက်ခြင်း

နို့စို့ကလေးအရွယ်မှာတော့ချောင်းဆိုးတာကို မတွေ့ရတတ်ပါဘူး။ အသက်ရှုဖို့ ခက်တာတွေ၊ အသက်ရှူခဏရပ် သွားတာမျိုးတွေပဲ တွေ့ရတတ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားလက္ခဏာတွေလည်းရှိနိုင်သေးပါတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင် သို့မဟုတ် သင့်ကလေးမှာ အောက်ပါအချက်တွေ တစ်ခုခုရှိခဲ့မယ်ဆိုရင ်ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

  • အန်ခြင်း
  • မျက်နှာနီလာခြင်း(သို့)ပြာသွားခြင်း
  • အသက်ရှူဖို့ ခက်ခြင်း၊ အသက်ရှူခဏရပ်ရပ်သွားခြင်း
  • အသက်ရှူသံပြင်းခြင်း

အကြောင်းရင်းများ

Whooping Cough (ကြက်ညှာချောင်းဆိုးရောဂါ) ကိုဘာတွေကဖြစ်စေသလဲ။

ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့် ဖြစ်ပါတယ်။ ကူးစက်ခံထားရသူနဲ့ အနီးကပ်ဆက်ဆံနေရခြင်း သို့မဟုတ် ကူးစက်ခံထားရသူက အနားမှာရှိစဉ် ချောင်းဆိုးလိုက်ခြင်း (သို့) နှာချေလိုက်ခြင်းတွေကြောင့် သူ့ဆီမှာ အောင်းနေတဲ့ ပိုးမွှားလေးတွေပါာ လေထဲကနေ တစ်ဆင့် သင် အသက်ရှူလိုက်ချိန်မှာ သင့်ရဲ့အဆုတ်ဆီကို ကူးစက်သွားနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Whooping Cough (ကြက်ညှာချောင်းဆိုးရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ။

ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့အများကြီးရှိပါတယ်။

  • ကလေးအရွယ်တုန်းက ထိုးထားတဲ့ကာကွယ်ဆေး အာနိသင်ပျယ်သွားခြင်း
  • သင့်ကလေး ကာကွယ်ဆေးထိုးရတဲ့ အရွယ်တွေမှာဆိုရင် အနည်းဆုံးသုံးကြိမ် မထိုးရသေးမချင်း ကလေးဟာ ကူးစက်ပိုးကို မတွန်းလှန်နိုင်သေးပါဘူး။ ဒါကြောင့်ကာကွယ်ဆေးထိုးနေစဉ် ကာလစပ်ကြားမှာလည်း ကူးစက်ခံရနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Whooping Cough (ကြက်ညှာချောင်းဆိုးရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

အစောပိုင်းမှာ လက္ခဏာမပြသေးတာမျိုး (သို့) အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ အအေးမိခြင်း၊ တုပ်ကွေး၊ လေပြွန်ရောင်ခြင်းတွေနဲ့ လက္ခဏာချင်းတူနေတာမျိုးတွေကြောင့် ရောဂါအမည်တပ်ဖို့ခက်ပါတယ်။ အချို့ အခြေအနေတွေမှာဆိုရင ်ဆရာဝန်ကလက္ခဏာကိုမေးရုံ ၊ ချောင်းသံကိုနားထောင်လိုက်ရုံ နဲ့ ရောဂါဟုတ်မဟုတ်တမ်းသိနိုင်ပါတယ်။ သေချာချင်တယ်ဆိုရင်တော့ ဆေးပညာဆိုင်ရာ စမ်းသပ်စစ်ဆေးမှုတွေဖြစ်တဲ့ လည်ချောင်းနှာခေါင်းအသားစကိုထုတ်၍ ဘက်တီးရီးယားပိုးမွေးပြီးစစ်ဆေးတဲ့နည်းတွေ၊ သွေးအဖြေရှာခြင်းနည်းတွေ၊ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းတွေ လုပ်ပေးပါလိမ့်မယ်။

လည်ချောင်းနှာခေါင်းအသားစကိုထုတ်၍ ဘက်တီးရီးယားပိုးမွေးပြီးစစ်ဆေးတဲ့နည်း ဆိုတာကတော့ နှာခေါင်းနဲ့ လည်ချောင်းဆက်နေတဲ့နေရာက တစ်ရှူးစလေးကိုထုတ်ပြီး ကြက်ညှာချောင်းဆိုးရောဂါကို ဖြစ်စေတဲ့ ဘက်တီးရီးယားရှိမရှိစစ်ဆေးခြင်းဖြစ်တယ်။

သွေးအဖြေရှာခြင်းနည်း ကတော့ သွေးနမူနာထုတ်ယူပြီး ဓါတ်ခွဲခန်းပို့ သွေးဖြူဥအရေအတွက်စစ်ဆေးခြင်း ဖြစ်ပါတယ်။ သွေးဖြူဥတွေဟာ ကြက်ညှာချောင်းဆိုးရောဂါကို ဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကို တိုက်ထုတ်ပေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဓါတ်မှန်ရိုက်ခြင်းကတော့ သင့်ရဲ့အဆုတ်ထဲမှာ အရည်တွေရှိမရှိကို စစ်ဆေးခြင်းဖြစ်ပါတယ်။ အဆုတ်ရောင်ရောဂါတွေ အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေနဲ့ ဆက်စပ်နေတဲ့အခါမျိုးမှာ အဆုတ်ရောင်ခြင်း၊ အရည်တွေနဲ့ ပြည့်နေခြင်းတွေရှိနေနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

Whooping Cough (ကြက်ညှာချောင်းဆိုးရောဂါ) ကို ဘယ်လိုကုသပါသလဲ

အစောပိုင်းမှာသိခဲ့မယ်ဆိုရင် ကြက်ညှာချောင်းဆိုးရောဂါကိုဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေနိုင်တဲ့ ပဋီဇီဝဆေးတွေကိုသောက်ခြင်းဖြင့် သက်သာနိုင်ပါတယ်။ နောက်ကျမှသိရတယ်ဆိုရင်တောင် ပဋီဇီဝဆေးတွေကိုသုံးနိုင်ပါသေးတယ်။ တစ်ချို့အခြေအနေတွေမှာဆိုရင် သင့်ရဲ့မိသားစုဝင်တွေကိုလည်း ကာကွယ်နိုင်ဖို့ ပဋီဇီဝဆေးတွေသောက်ရပါလိမ့်မယ်။ ချောင်းဆိုးခြင်းကြောင့် အရည်၊ ရေသောက်ရာမှာ အခက်တွေ့ နေမယ်ဆိုရင် သင့်မှာ ရေဓါတ်ခမ်းခြောက်နိုင်ပါတယ်။ အဲဒီလိုအခြေအနေမျိုးတွေမှာဆိုရင် ဆရာဝန်ကို ချက်ချင်းပြောပြဖို့လိုပါလိမ့်မယ်။

နို့စို့ကလေးအရွယ်တွေမှာဆို အန္တရာယ်ရှိနိုင်တဲ့အတွက ်ဆေးရုံတင်ဖို့လိုပါလိမ့်မယ်။ သင့်ကလေးမှာ အစာတွေအရည်တွေမျိုဖို့ ခက်ခဲနေမယ်ဆိုရင် အကြောဆေးသွင်းပေးဖို့ လိုပါလိမ့်မယ်။ အခြားသူတွေကိုကူးစက်နိုင်တဲ့အတွက်ကြောင့် သင့်ကလေးကိုသီးသန့်ထားဖို့ ဆရာဝန်ကပြောပါလိမ့်မယ်။ ကလေးကကြီးနေပြီဆိုရင် အိမ်မှာပဲကုသမှုပေးနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံး ကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနှင့်အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကြက်ညှာချောင်းဆိုးရောဂါကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်လဲ။

အောက်ဖေြာ်ပပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးတွေက ကြက်ညှာ ချောင်းဆိုးရောဂါကို ကုသရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• အနားများများယူခြင်း

• အရည်တွေအများကြီးသောက်ခြင်း (ရေ၊ စွပ်ပြုတ်၊ အသီးဖျော်ရည်တွေ များများသောက်သင့်ပါတယ်)

• အစားနည်းနည်းစားခြင်း (ချောင်းဆိုးပြီးနောက် မအန်အောင် ကူညီပေးနိုင်ပါတယ်။)

• လေထုသန့်ရှင်းခြင်း (ဆေးလိပ်ငွေ့၊ မီးခိုးငွေ့တွေက ချောင်းဆိုးစေပါတယ်)

• ကူးစက်မှုတွေကာကွယ်နိုင်ရန် ချောင်းဆိုးရင် လက်ကိုင်ပဝါနှင့် အုပ်ပြီး ဆိုးခြင်း၊ လက်မကြာခဏဆေးခြင်း

အကယ်၍ သင့်မှာမေးခွန်းတွေရှိခဲ့မယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့အဖြေရှာနိုင်ဖို့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Hello Sayarwon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement