backup og meta

ကိုယ့်ဆီကအဖျား ကိုယ့်သားသားမီးမီးလေးတွေဆီ မရောက်သွားအောင် ဒီလိုကာကွယ်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ဆီကအဖျား ကိုယ့်သားသားမီးမီးလေးတွေဆီ မရောက်သွားအောင် ဒီလိုကာကွယ်ပါ

    ဘယ်သူတစ်ဦးတစ်ယောက်မှတော့ ကိုယ့်ကြောင့် ကိုယ်ချစ်ခင်ရတဲ့ မိသားစုဝင်တွေသူငယ်ချင်းတွေ၊ မိတ်ဆွေတွေဖျားနာတာကိုမြင်ချင်မှာမဟုတ်ပါဘူး။ ကိုယ်တိုင်ဖျားနာလို့ စိတ်ညစ်ပါတယ်ဆိုမှာ ကိုယ့်ကြောင့်သူတို့တွေဖျားရင် အားနာရတဲ့စိတ်ကတော်တော်လေး စိတ်မကောင်းဖြစ်စေတယ်နော်။ ဒီလိုမျိုး အားနာစိတ်မကောင်းဖြစ်ရတာမျိုးမဖြစ်ချင်ဘူးဆိုရင် ဒီအချက်လေးတွေ သိထားဖို့လိုမယ်ထင်တယ်နော်။ ဒါမှ ကိုယ့်ကြောင့် ကိုယ်ချစ်ရတဲ့သူတွေ ဖျားနာမှုခံစားရတာကနေ ကင်းဝေးစေမှာပါ။ ကိုယ့်ဆီကအဖျား ကိုယ့်သားသားမီးမီးလေးတွေဆီ မရောက်သွားအောင် ဒီလိုကာကွယ်ပါ …

    ရောဂါပိုးတွေက ဘယ်လိုပြန့်နှံ့တာလဲ

    အဓိကကတော့ လူတစ်ယောက်ဆီကနေလူတစ်ယောက်ဆီကိုချောင်းဆိုးတာ နှာချေတာတွေကနေတဆင့်ရောဂါပိုးတွေကလေထဲမှာပြန့်နှံ့သွားပြီး ကူးစက်တာပါ။ ဖျားနာနေတဲ့လူချောင်းဆိုး နှာချေမှုကြောင့် ခန္ဓါကိုယ်ြပင်ပကိုရောက်လာတဲ့ရောဂါပိုးတွေကလေထဲကနေတဆင့် လွှင့်သွားပြီး အနီးမှာရှိနေတဲ့သူတွေရဲ့ ပါးစပ်နဲ့နှာခေါင်းတွေဆီကိုရောက်ရှိသွားပြီး ကိုယ်တွင်းကို ကူးစက်ဝင်ရောက်တာပါ။

    ရောဂါရှိသူရဲ့ တံတွေး၊ နှာရည်တို့ထိတွေ့ထားတဲ့နေရာတွေကို ထိတွေ့မိမှုကနေတဆင့်လည်း အဖျားကူးစက်နိုင်ပါသေးတယ်။ အအေးမိတုပ်ကွေးြဖစ်စေတဲ့ ဗိုင်းရပ်စ်တွေက တံခါးလက်ကိုင်ဖုတွေ၊ စားပွဲခုံတွေနဲ့ ထိုင်ခုံလိုမျိုးနေရာတွေမှာ ၂ နာရီကြာအထိရှင်သန်နေနိုင်ပါတယ်။ အချို့ဗိုင်းရပ်စ်တွေဆိုရင်ပြင်ပလေထုထဲမှာ အချိန် ၂ နာရီကျော်တဲ့ အထိရှင်သန်နေနိုင်ပါတယ်။

    ကိုယ့်ဆီကအဖျား ကိုယ့်သားသားမီးမီးလေးတွေဆီ မရောက်သွားအောင် ဒီလိုကာကွယ်ပါ

    ကိုယ့်ဆီကအဖျား ကိုယ့်သားသားမီးမီးလေးတွေဆီ မရောက်သွားအောင် ဒီလိုကာကွယ်ပါ

    လက်တွေကို စင်ကြယ်အောင်ဆေးကြောပေးပါ – လက်ဆေးတာက တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မဖြစ်မနေလိုအပ်တဲ့ အချက်တစ်ခုပါ။ရေနဲ့ပဲဆေးကြောတာမျိုးမလုပ်ဘဲ ဆပ်ပြာသုံးပြီးဆေးကြောပေးပါ။ရေအလွယ်တကူမရနိုင်ဘူးဆိုရင်ရေမလို လက်သန့်ဆေးရည်သုံးပြီးဆေးကြောသန့်စင်ပေးလိုက်ပါ။

    မျက်နှာကို လက်နဲ့ခဏခဏမကိုင်ပါနဲ့ –လူတော်တော်များများက တစ်မိနစ်မှာ ပျမ်းမျှအနေနဲ့ မျက်နှာကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက်အထိကိုင်တွယ်ထိတွေ့တတ်ကြပါတယ်။ လက်မှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားများစွာကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် လက်ကိုသေချာမဆေးကြောဘဲနဲ့ မျက်နှာကို ခဏခဏ မကိုင်ပါနဲ့။ မလိုအပ်ဘဲရောဂါပိုးတွေပြန့်နှံ့နိုင်တာကြောင့်ပါ။

    နီးနီးကပ်ကပ်စကားပြောတာမျိုးမလုပ်ပါနဲ့ – ဖျားနာနေချိန်မှာ လူတွေနဲ့ နီးနီးကပ်ကပ်စကားပြောဆိုတာမျိုးမလုပ်ပါနဲ့။ရောဂါပိုးကူးစက်နိုင်တာကြောင့်ပါ။နေမကောင်းဖြစ်နေချိန်မှာ ချစ်ခင်ရသူတစ်ဦးဦးကို နမ်းရှုတ်တာမျိုးမလုပ်မိဖို့လည်း သတိထားပါ။

    အသုံးများတဲ့ ပစ္စည်းတွေကို ပိုးသတ်ပါ – အသုံးများတဲ့ ပစ္စည်းတွေဖြစ်ကြတဲ့ တယ်လီဖုန်း၊ ကွန်ပျူတာ ကီးဘုတ်၊ စားပွဲခုံ၊ ထိုင်ခုံတွေနဲ့ တံခါးလက်ကိုင်၊ ရီမု နဲ့ အခြားသော မိသားစုတွေအားလုံးလိုလို အသုံးပြုနေတဲ့ ပစ္စည်းတွေနဲ့ တစ်နေ့တာမှာ ကိုင်တွယ်ထိတွေ့ရတာများတဲ့ ပစ္စည်းပစ္စယတွေကို ပိုးသတ်ပေးပါ။ ဒါမှ အခြားသူတွေကို အဖျားမကူးအောင်ကာကွယ်ပြီးသားဖြစ်မှာပါ။

    တစ်ယောက်တည်း သီးသန့်နေပါ -နေမကောင်းလို့ အားငယ်နေမှာသိပေမယ့်ဖြစ်နိုင်မယ်ဆိုရင် တစ်ယောက်တည်းနေတာ ပိုကောင်းပါတယ်။ ဒါမှရောဂါပိုးတွေကူးစက်ခံရမှုကိုလျှော့ချပေးနိုင်ပါတယ်။ လုပ်ဖို့ခက်ပေမယ့်နေမကောင်းတဲ့အခါ တစ်ယောက်တည်းသီးသန့်ခွဲနေလိုက်တာက ကိုယ်ချစ်ရတဲ့သူတွေကို အဖျားမကူးစက်ခံရအောင်ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးသောနည်းလမ်းတစ်ခုပါ။

    ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်နဲ့နှာခေါင်းကို အုပ်ထားပေးပါ -ဖျားနေတဲ့အချိန်မှာ ချောင်းဆိုးရင်ဖြစ်ဖြစ် နှာချေရင်ဖြစ်ဖြစ် ပါးစပ်နဲ့ နှာခေါင်းကို လက်နဲ့အုပ်ထားပါ။ဖြစ်နိုင်ရင်တော့ လက်ကိုင်ပဝါ ဒါမှမဟုတ် တစ်သျှူးစနဲ့အုပ်ထားပေးပါ။ ဒီလိုလုပ်ပေးတာကရောဂါပိုးတွေပြန့်နှံ့တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

    ကျန်းမာရေးနဲ့ညီညွတ်တဲ့အလေ့အထတွေကိုမွေးမြူပါ –မိသားစုဝင်တွေကို ကိုယ့်ကြောင့်ဖျားနာတာမျိုးမဖြစ်စေချင်ဘူးဆိုရင် ကိုယ်ခံအားကောင်းစေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အလေ့အထတွေကိုမွေးမြူပေးပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာ၊ ကျန်းမာရေးနဲ့ညီညွတ်မျှတအောင် အာဟာရပြည့်ဝတဲ့အစားအစာတွေကို စားသုံးပေးတာ၊ အိပ်ရေးဝအောင်အိပ်စက်တာ၊ရေဓါတ်ပြည့်ဝအောင်သောက်သုံးတာ၊ဆေးလိပ်နဲ့အရက်တွေကိုရှောင်တာလိုမျိုး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတွေကိုမွေးမြူပေးပါ။

    ပစ္စည်းတွေကို မျှမသုံးပါနဲ့ – အစားအသောက်တွေကို စားတဲ့အခါမှာ ဘယ်လောက်ပဲချစ်ချစ် ဖျားနေချိန်မှာတော့ ဇွန်းတွေ ခရင်းတွေနဲ့ သောက်ရေခွက်တွေကို အတူတူမျှသုံးတာမျိုးမလုပ်ပါနဲ့။ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေဖြစ်တဲ့ သွားပွတ်တံလိုမျိုးအရာတွေကို မျှမသုံးပါနဲ့။လေဒီတွေအနေနဲ့နောက်ထပ်သတိထားရမှာတစ်ခုက နှုတ်ခမ်းနီတစ်ခုထဲကို မျှဆိုးတာမျိုးမလုပ်ဖို့ပါ။

    ကြိုတင်ကာကွယ်မှုလုပ်ပါ – အအေးမိတုပ်ကွေးဖြစ်တဲ့အခါ ခံစားရတဲ့ဝေဒနာကတော်တော်လေးဆိုးပါတယ်။ ဒါကြောင့် ဖျားနာလာမှဆေးကုသမှုခံယူတာထက် မဖြစ်ခင်ကကြိုတင်ကာကွယ်လို့ရတာမျိုးကို ကြိုလုပ်ထားပေးပါ။မြင်သာအောင်ပြောပြရရင် တုပ်ကွေးကာကွယ်ဆေးကြိုထိုးတာမျိုး၊ အဖျားငွေ့ငွေ့လေးဖြစ်ကတည်းကဆေးခန်းပြတာမျိုး၊ Betadine Cold Defence Nasal Spray လိုမျိုး အအေးမိတုပ်ကွေးကိုကာကွယ်ပေးနိုင်တဲ့ဆေးဝါးမျိုးကိုဆောင်ထားပြီး အသုံးပြုပေးတာမျိုးပါ။

    အခုပြောခဲ့တဲ့အချက်လေးတွေကို လိုက်ပါလုပ်ဆောင်ကြည့်ပြီး ချစ်ရတဲ့သူတွေကို ကိုယ့်ကြောင့်ရောဂါမခံစားရအောင် ကာကွယ်ပေးလိုက်ပါနော်…..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement