backup og meta

ပျော်ရွှင်စရာ ဆောင်းရာသီလေးဖြစ်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျော်ရွှင်စရာ ဆောင်းရာသီလေးဖြစ်စေဖို့

    မနက်ခင်းမှာ ဆောင်းလေ အေးလေး မျက်နှာကို ထိတွေ့တိုက်ခတ်မှုက ကဗျာဆန်တယ်နော်။ စိတ်ကြည်နူးစရာလည်း ကောင်းပါတယ်။ ဆောင်းရဲ့ အငွေ့အသက်က လူကို ပျော်ရွှင် လန်းဆန်းစေပါတယ်။ ဆောင်းမနက်ခင်းက အလှအပတရားတွေ ပြည့်စုံတယ်လို့ တင်စားကြတာတောင် ရှိပါတယ်။ ဒီပျော်ရွှင်စရာကောင်းတဲ့ ဆောင်းရာသီကို လန်းဆန်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ ဒီ ဆောင်းပါးလေးကနေ သတိထားရမယ့် အချက်တွေကို ပြောပြမယ်နော်။ ပျော်ရွှင်စရာ ဆောင်းရာသီလေးဖြစ်စေဖို့ ဘယ်အချက်တွေ လိုက်နာရမလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။

    ပျော်ရွှင်စရာ ဆောင်းရာသီလေးဖြစ်စေဖို့

    ပျော်ရွှင်စရာ ဆောင်းရာသီလေးဖြစ်စေဖို့ ဒါလေးတွေ လိုက်နာပါနော်……

    • အိပ်ရေးဝဝ အိပ်ပါ

    ဆောင်းရာသီက အိပ်ကောင်းတာလည်း အမှန်ပဲနော်။ ဒီတော့ အိပ်ပျော်အောင် အိပ်ဖို့တော့ လိုမှာပေါ့။ ညဘက်တွေမှာ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာတွေ လျှော့လို့ အိပ်ရေးဝအောင် အိပ်ပေးပါနော်။ အိပ်ရေးဝဝ အိပ်တာက ကိုယ်ခံအား ကောင်းစေတဲ့ အချက်တစ်ခုပေါ့။ တစ်ညကို အနည်းဆုံး အိပ်ချိန် ၆ နာရီကနေ ၈ နာရီအိပ်ပါ။

    • ရေများများသောက်ပါ

    ဆောင်းအေးတာကြောင့် ရေ သိပ်မသောက်မိတာမျိုး ဖြစ်နိုင်ပါတယ်။ ရေသောက်နည်းတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးပြီး အသားအရေ ခြောက်သွေ့တာနဲ့ ခံတွင်းခြောက်တာ၊ မအီမသာဖြစ်တာခြေကုန်လက်ပန်းကျတာနဲ့ အာရုံမစိုက်နိုင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ရေအပြင် စွတ်ပြုတ်လိုမျိုး ရေဓာတ် ရရှိစေနိုင်တဲ့ အရာတွေကို သောက်သုံးလို့ ရပါတယ်။

    ဆောင်းအေးလို့ ဆိုပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုမစိုက်တာမျိုး မလုပ်ပါနဲ့။ နေ့စဉ် ပုံမှန် ရေချိုးတာမျိုးတော့ မဖြစ်မနေ လုပ်ပေးပါ။ ဒါမှ မမြင်ရတဲ့ ရောဂါပိုးတွေကို ကာကွယ်နိုင်မှာပါ။

    မမြင်ရတဲ့ ရောဂါပိုးတွေ အများဆုံး ရှိနေနိုင်တာက လက်ချောင်းလေးတွေမှာပါ။ ဒါကြောင့် မလိုလားအပ်ဘဲ ခန္ဓာကိုယ်ထဲကို ဘက်တီးရီးယားတွေ မဝင်ရောက်စေဖို့အတွက် လက်ကို သေချာသန့်စင် ဆေးကြောပေးပါ။ သွားလေရာကို ရေမလို လက်သန့်ဆေးရည် ဆောင်သွားပေးပါ။

    • နေအိမ်ကို သန့်ရှင်းအောင်ထားပါ

    နေအိမ်ထဲမှာ ဖုန်မှုန့်တွေ သန့်စင်တာ၊ ကြမ်းပြင်နဲ့ စားပွဲ၊ ကုလားထိုင် လိုမျိုး အမြဲထိတွေ့နေတဲ့ အရာတွေကို သန့်ရှင်းတာကို ပုံမှန်လုပ်ပေးပါ။ အိပ်ရာခင်းတွေ နဲ့စောင်တွေကို ပုံမှန် လျှော်ဖွတ်ပါ။ နေပူထုတ်လှမ်းပါ။

    • ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ

    ဆောင်းရာသီမှာ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ဖြတ်သန်းဖို့ဆိုရင် ကိုယ်ခံအား ကောင်းဖို့က တော်တော်လေး အရေးပါပါတယ်။ ဒီတော့ ဆောင်းရာသီမှာ အစာကြေလွယ်ပြီး အာဟာရ ပြည့်ဝစေတဲ့ အစားအစာတွေကို ဂရုစိုက် စားသုံးပေးပါ။ ဒိန်ချဉ်၊ အစိမ်းရင့်ရောင် အသီးအရွက်တွေ၊ ဗီတာမင် C ကြွယ်ဝတဲ့ သစ်သီးတွေ စားသုံးပေးပါ။

  • ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ
  • တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်လောက်တော့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။ လမ်းလျှောက်တာဖြစ်ဖြစ်၊ အကြောလျှော့ လေ့ကျင့်ခန်း လုပ်တာ ဖြစ်ဖြစ်ပေါ့။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာကလည်း ကိုယ်ခံအား ကောင်းစေတဲ့ အချက် တစ်ခုပါပဲ။

    ကဲ ဒီ နည်းလမ်းလေးတွေ လိုက်လုပ်ပြီး ပျော်ရွှင်ကျန်းမာတဲ့ ဆောင်းရာသီလေး ဖန်တီးလိုက်ပါနော်……

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement