backup og meta

နွေရာသီမှာ ဘယ်လိုရောဂါတွေအဖြစ်များသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွေရာသီမှာ ဘယ်လိုရောဂါတွေအဖြစ်များသလဲ

    နွေရာသီမှာ ဘယ်လိုရောဂါတွေအဖြစ်များသလဲ ဆိုတာကို ဗဟုသုတ ရအောင် မျှဝေပေးလိုက်ပါတယ်။ ကိုယ်တိုင် လေ့လာလိုက်ပါဦးနော်။

    နွေရာသီမှာ ဘယ်လိုရောဂါတွေအဖြစ်များသလဲ

    နွေရာသီက ပုံမှန်အားဖြင့်တော့ ခြောက်သွေ့၊ပူနွေးပြီး အိုက်စပ်စပ်နိုင်လှပါတယ်။နွေရာသီဟာလည်း အခြား ရာသီတွေလိုပဲ ရောဂါတွေနဲ့ အတူရောက်လာတတ်ပါ။ ကြိုတင်ကာကွယ်မှုတွေသာ မလုပ်ဆောင်ဘူးဆိုရင်နွေရာသီရဲ့ ပူပြင်းမှုနဲ့ ခြောက်သွေ့မှုတွေက ရောဂါ တော်တော်များများကို ဖြစ်ပေါ်ခံစားရစေပါတယ်။ ကြိုတင်သတိပြု ကာကွယ်စေနိုင်ဖို့ နွေရာသီမှာ ဘယ်လိုရောဂါတွေအဖြစ်များသလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

    အပူရှပ်ခြင်း – ပူပြင်းလှတဲ့ အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့မှုကြောင့် ခန္ဓါကိုယ် အပူချိန် မြင့်တက်လာတဲ့အခါ အပူရှပ်တာကို ခံစားရနိုင် ပါတယ်။ ပုံမှန်မဟုတ်တဲ့ ခန္ဓါကိုယ် အပူချိန် မြင့်တက်မှု ဖြစ်ပေါ်တဲ့အခါ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ ညီးစီစီဖြစ်တာ၊ ကြွက်တက်တာ၊ နှလုံးခုန်မြန်တာ နဲ့ အဖျားတက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

    အစာအဆိပ်သင့်ခြင်း – အစာအဆိပ်သင့်တာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းက မသန့်ရှင်းတဲ့ အစားအစာတွေနဲ့ ရေတွေကို စားသုံးမိတာပဲ ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ အဆိပ်သင့်စေတဲ့ အရာတွေနဲ့ ဓါတုဗေဒပစ္စည်းတွေ ခန္ဓါကိုယ်ထဲ ဝင်ရောက်တာကြောင့် ဖြစ်ပါတယ်။ အစာအဆိပ်သင့်စေနိုင်တဲ့ အရာတွေ ခန္ဓါကိုယ်ထဲ ရောက်ရှိသွားတဲ့အခါ အစာအိမ်နာတာ၊ မအီမသာဖြစ်တာ၊ဝမ်းလျှောတာနဲ့ အော့အန်တာတွေ ခံစားရနိုင်ပါတယ်။ အသားစိမ်းတွေ၊ လမ်းဘေးမှာ ရောင်းချနေတဲ့ ဖုံးအုပ်မထားတဲ့ အစားအသောက်တွေ နဲ့ မသန့်ရှင်းတဲ့ သောက်သုံးရေတွေက အစာအဆိပ်သင့်တာကို ဖြစ်စေတဲ့ ရောဂါပိုးတွေကို အဓိက သယ်ဆောင်တဲ့ အရာတွေ ဖြစ်ပါတယ်။

    မျက်စိနာခြင်း – မျက်စိနာတာ (သို့) မျက်မြှေးရောင်တာက ဘက်တီးရီးယား ကူးစက်တာ (သို့) ဓါတ်မတည့်မှုတွေကြောင့် ဖြစ်ပေါ်ခံစားရတာဖြစ်ပါတယ်။ ၄ ရက် ကနေ ၇ ရက်အထိ ကြာမြင့်နိုင်ပါတယ်။

    နွေရာသီ စိတ်ဓါတ်ကျရောဂါ – ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်တာ ဖြစ်ပါတယ်။ အပူချိန် မြင့်တက်လာတာက လူအချို့မှာ စိတ်ခံစားမှုအပြောင်းအလဲကို ဖြစ်ပေါ်စေပါတယ်။

    ရေဓါတ်ဆုံးရှုံးခြင်း – နွေရာသီမှာ အဖြစ်အများဆုံးသော ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ခန္ဓါကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓါတ် ပမာဏကို လုံလောက်အောင် ပြန်လည် မဖြည့်တင်းနိုင်တဲ့အခါ ရေဓါတ်ဆုံးရှုံမှု ဖြစ်ပေါ်ခံစားလာရပါတယ်။ နွေရာသီမှာ ချွေးထွက်တာကြောင့် ခန္ဓါကိုယ်ရဲ့ ရေဓါတ်နဲ့ ဆားဓါတ်တွေကို ဆုံးရှုံးနေရပါတယ်။ ခန္ဓါကိုယ်ရဲ့ ပုံမှန် လည်ပတ်နေတဲ့ လုပ်ငန်းစဉ်တွေအတွက် ဒီဓါတ်တွေကိုပြန်လည်ဖြည့်တင်းဖို့ လိုအပ်ပါတယ်။

    နေလောင်ခြင်း – နေလောင်တာက ပြင်းထန်တဲ့ အရေပြားကင်ဆာရောဂါကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ နေရောင်နဲ့ အချိန်ကြာမြင့်စွာထိတွေ့မှုက လူတွေရော တိရစ္ဆာန်တွေအတွက်ပါ မကောင်းပါဘူး။ လူတွေက နေရောင်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တဲ့အခါ အရေပြားက အနီရောင် ပြောင်းသွားပြီး ယားယံတာနဲ့ ပူစပ်ပူလောင်ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။ နေရောင်ကျလို့ အေးသွားတဲ့အခါ ချမ်းစိမ့်စိမ့်ဖြစ်တာ၊ အဖျားတက်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာနဲ့ တုပ်ကွေးမိသလိုမျိုး ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။ အချို့မှာတော့ ပူစပ်ပူလောင် ဖြစ်တာကို ဆက်လက် ခံစားနေရနိုင်သလို နောက်ပိုင်းမှာ နေရောင်ကြောင့် ခြောက်သွေ့နေတဲ့ အရေပြားတွေ ကွာကျသွားတာမျိုးဖြစ်ပေါ် ခံစားရနိုင်ပါတယ်။

    အရေပြားပေါ်မှာအဖုအပိမ့်တွေထွက်ခြင်း –အရေပြားပေါ်မှာ မိတ်တို့ အင်ပြင်တို့လိုမျိုး အနီရောင် အဖုအပိမ့်တွေထွက်တာက ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာနွေရာသီမှာဖြစ်နေကျလက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ နွေရာသီမှာ ရာသီဥတုပူတာနဲ့ချွေးထွက်တာတွေက ကလေးတွေမှာ အရေပြားပေါ်မှာ အနီရောင်အဖုအပိမ့်တွေပိုမိုထွက်စေပါတယ်။

    ပါးချိတ်ရောင်နာ – ပါးချိတ်ရောင်နာက နွေရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အပြင်းထန်ဆုံးသော ရောဂါတွေထဲက တစ်မျိုးဖြစ်ပါတယ်။ ကူးစက်တတ်တဲ့ရောဂါမျိုးပါ။ ဒီရောဂါပိုးဟာ ရောဂါဖြစ်နေတဲ့ သူဆီကနေ ကျန်းမာနေတဲ့သူဆီကို ကူးစက်နိုင်တာကြောင့်ရောဂါကူးစက်ခံထားရသူ ကရောဂါ မပျောက်ကင်းမချင်း တိုက်ရိုက်ထိတွေ့မိတာမျိုး မရှိအောင်ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

    ခေါင်းကိုက်ခြင်း – တနေကုန် နေရောင်အောက်မှာ မနားမနေ အလုပ်လုပ်ခဲ့ရတာကြောင့်လည်း ခေါင်းကိုက်ဝေဒနာကိုခံစားရနိုင်ပါတယ်။နွေရာသီမှာနေရောင်အောက်မှာ မနားမနေ အလုပ်လုပ်တာမျိုး မဖြစ်အောင် ဆင်ခြင်ပါ။

    တုပ်ကွေး – တုပ်ကွေးက နွေရာသီမှာ အဖြစ်များတဲ့ နောက်ထပ်ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ အဆီများတဲ့ အစားအစာတွေနဲ့ အအေးခံထား တဲ့အချိုရည်တွေ အလွန်အကျွံ စားသုံးတာမျိုးကို ရှောင်ပါ။

    ချောင်းဆိုးခြင်း – ချောင်းဆိုးတာက ဆောင်းရာသီမှာပဲ ဖြစ်တာမျိုး မဟုတ်ပါဘူး။ နွေရာသီမှာလည်း ဖြစ်တတ်ပါတယ်။ အရမ်းအေးတဲ့ ရေတွေ သောက်သုံးတာကို ရှောင်ကြဉ်တာက ချောင်းမဆိုးအောင် ထိန်းသိမ်းနိုင်မယ့် အကောင်းဆုံးသော နည်းလမ်း ဖြစ်ပါတယ်။

    ပန်းနာရင်ကျပ် – နွေရာသီမှာ လေထုထဲမှာ ပါဝင်တဲ့ ဝတ်မှုန်တွေကြောင့် ပန်းနာရင်ကျပ်ဝေဒနာကို ခံစားရတာ ဖြစ်ပါတယ်။

    အသားဝါခြင်း – အသားဝါတာက မသန့်ရှင်းတဲ့ သောက်သုံးရေနဲ့ အစားအစာတွေကို စားသုံးမိတာကြောင့် ဖြစ်ပါတယ်။ နွေရာသီမှာ အသားဝါမဖြစ်စေဖို့အတွက် ရေကို ကျိုချက်သောက်သုံးသင့်သလို အဆီပါဝင်မှု နည်းတဲ့ အစားအစာမျိုးတွေကိုပဲ စားသုံးပေးသင့်ပါတယ်။

    တိုက်ဖွိုက် – တိုက်ဖွိုက်က Salmonella typhi လို့ခေါ်တဲ့ရောဂါပိုးတစ်မျိုးကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ တိုက်ဖွိုက်ရောဂါ ခံစားရတဲ့အခါ ဗိုက်ထဲကအောင့်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်အလေးချိန် ကျဆင်းတာ နဲ့ ကိုယ်ထဲမှာ အားမရှိသလိုမျိုး ခံစားရတာတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

    ရေကျောက်ပေါက်ခြင်း – ရေကျောက်ကVaricella zoster လို့ခေါ်တဲ့ ရောဂါပိုး တစ်မျိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါပိုးက စိုစွတ်တဲ့နေရာတွေမှာ ပေါက်ဖွားနိုင်တာကြောင့် ရေတိုင်ကီတွေနဲ့ ဥယျဉ်ပန်းခြံတွေထဲမှာ ပိုးမွှားတွေကို သေစေနိုင်တဲ့ဆေးတွေ ဖျန်းထားဖို့ လိုအပ်ပါတယ်။

    ဝက်သက် – ဝက်သက်က ကလေးတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ပြင်းထန်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဝက်သက်ကparamyxo ဗိုင်းရပ်စ်ကြောင့်ဖြစ်တာဖြစ်ပါတယ်။ လည်ချောင်းတလျှောက်မှာ ပြင်းထန်စွာ ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကလေးတွေကို ဝက်သက်ကာကွယ်ဆေး ထိုးပေးထားပါ။

    နောက်ကျောအောင့်ခြင်း – နောက်ကျောအောင့်တာက တစ်နေကုန် အိမ်အလုပ်တွေကို မနားမနေ လုပ်ဆောင်နေတဲ့ အိမ်ရှင်မတွေမှာအဖြစ်များပါတယ်။ ကိုယ်အလေးချိန် အရမ်းများနေတာနဲ့ လေးလံလှတဲ့ အိမ်သုံးပစ္စည်းတွေကြောင့် နောက်ကျောအောင့်တာ အဖြစ်များပါတယ်။

    အထက်မှာ ဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေကို သိရှိပြီး နွေရာသီမှာရောဂါ မဖြစ်အောင် ကာကွယ်နိုင်စေဖို့ ရည်ရွယ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement