ရေလွှမ်းမိုးချိန်တွင် ကူးစက်တတ်သော ရောဂါများစွာ ဖြစ်ပွားသည်။ အဓိက အမျိုးအစား ၂မျိုးမှာ ရေကြောင့်ကူးစက် သောရောဂါများနှင့် ရောဂါပိုးသယ်ဆောင်သော အကောင် များကြောင့်ကူးစက်သော ရောဂါများ ဖြစ်သည်။
ရေကြောင့်ကူးစက်သော ရောဂါများ
ရေလွှမ်းမိုးခြင်းနှင့် ရောဂါပိုးကူးစက်ခြင်းတို့သည် ဆက်စပ်ပုံပေါ်သော်လည်း လူဦးရေ၏ အများစုကို အခြား နေရာသို့ ပြောင်းရွေ့ခြင်း သို့မဟုတ် ရေရင်းမြစ်များ ညစ်ညမ်း သွားခြင်း မရှိပါက အန္တရာယ်ဖြစ်မှု နည်းပါသည်။ ရေလွှမ်းမိုးချိန်တွင် သောက်သုံးရေ ထောက်ပံ့မှုများ ပျက်စီးပြီး ရေကြောင့် ကူးစက်သော ရောဂါများဖြစ်ပွားသည်။ ကံကောင်း သည်မှာ ရေထောက်ပံ့မှုများ ညစ်ညမ်းသွားလျှင်ပင် အာဏာ ပိုင်များက ပြဿနာကို အချိန်မီ သိရှိပြီး အခြားနည်းဖြင့် ရေ ထောက်ပံ့မှု ပေးနိုင်ပါက အန္တရာယ်များကို ထိန်းချုပ်နိုင်သည်။
ရေလွှမ်းမိုးချိန်တွင် ညစ်ညမ်းသောရေဖြင့် တိုက်ရိုက် ထိတွေ့မှုကြောင့် ရေကြောင့်ကူးစက်သော ရောဂါများ ဖြစ်နိုင်ချေ မြင့်သည်။ အဖြစ်များသော ရေကြောင့် ကူးစက် သော ရောဂါများမှာ ဒဏ်ရာမှရောဂါပိုးဝင်ခြင်း၊ အရေပြား နီရဲ ကိုက်ခဲခြင်း၊ မျက်ခွံအတွင်းသား ရောင်ရမ်းခြင်း၊ နားတွင် ရောဂါပိုးကူးစက်ခြင်းနှင့် အသက်ရှူလမ်းကြောင်း ရောဂါပိုး ဝင်ခြင်းတို့ ဖြစ်သည်။ သို့သော်လည်း ထိုရောဂါများသည် လူအများတွင် ဖြစ်ပွားခြင်း နည်းပါသည်။
စိုးရိမ်ရသော ရေကြောင့် ကူးစက်သော ရောဂါတစ်ခုမှာ leptospirosis ဖြစ် သည်။ တိရစ္ဆာန်မှ လူသို့ကူးစက်သော ဘတ်တီးရီးယား ရောဂါ တစ်မျိုး ဖြစ်သည်။ လူ၏အရေပြား၊ အမြှေးပါးသည် ရှဉ့်၊ ကြွက် စသော ကိုက်ဖြတ်စား သတ္တဝါများ၏ သေးဖြင့် ညစ်ညမ်း နေသော ရေ၊ စိုစွတ် သော မြေ၊ အပင်များ သို့မဟုတ် ရွံ့ နှင့် ထိတွေ့သောအခါ ထိုရောဂါ ရနိုင်သည်။
ရောဂါပိုး သယ်ဆောင်သော အကောင်များကြောင့် ကူးစက် သော ရောဂါများ
ရေလွှမ်းမိုးခြင်းသည် ရောဂါပိုး သယ်ဆောင်သော အကောင်များ ပေါက်ဖွားခြင်းကို တိုးပွားစေသည်။ ၎င်းသည် ထိုအကောင်များကြောင့် ကူးစက်ရောဂါများ ဖြစ်နိုင်ချေကို ပိုများစေသည်။ မိုးရွှာခြင်း၊ ရေလွှမ်းမိုးခြင်းကြောင့် ဖြစ်လာ သော ရေသေများကို ခြင်များက သားပေါက်ဖွားသော နေရာ အဖြစ် သုံးသည်။ သဘာဝ ဘေးအန္တရာယ် ခံစားရသောသူ များနှင့် အရေးပေါ်လုပ်သားများသည် ထိုရောဂါရင်းမြစ်များနှင့် ထိတွေ့နိုင်ချေ ပိုများသည်။
ရေလွှမ်းမိုးချိန်တွင် သွေးလွန် တုပ်ကွေး၊ ငှက်ဖျား နှင့် West Nile Fever တို့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့သည်။ အစပိုင်းတွင် ရေလွှမ်းမိုးခြင်းသည် ခြင်များကို ဖယ်ရှားပစ်သော်လည်း ရေများ ပြန်ကျသွား သောအခါ ခြင်များသည် ပိုပြီးများပြားစွာ ပြန်ရောက်လာသည်။ ငှက်ဖျား အများအပြားဖြစ်ပွားခြင်းသည် ၆-၈ ပတ်ကြာပြီးမှ စဖြစ်လေ့ရှိသည်။
လူများသည် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ရသော ကြောင့် ပုံမှန်ထက် ရောဂါသယ်ဆောင်သော အကောင်များ ကြောင့်ကူးစက်သော ရောဂါများကို ပိုပြီးခံစားရသည်။ ဥပမာ ရေလွှမ်းမိုးခြင်းကြောင့် ထွက်ပြေးရသူများသည် အပြင်တွင် အိပ်ရနိုင်သည်။ လူထူထပ်သော ခိုနားရာနေရာများတွင် အိပ်ရ သည်။ ထိုနေရာများသည် ခြင်များအတွက် အကောင်းဆုံး ပတ်ဝန်းကျင် ဖြစ်သည်။
လူသေများကြောင့် ဖြစ်သော အန္တရာယ်များ
ဗိုင်းရပ်စ်နှင့် ဘတ်တီးရီးယား အများစုသည် လူသေဆုံး သွားပြီးနောက် မရှင်သန်နိုင်ပါ။ ထို့ကြောင့် ကူးစက်တတ်သော ရောဂါ အန္တရာယ်သည် ရှင်သန်သူများတွင် ပိုများသည်။ ကာလဝမ်းရောဂါ သို့မဟုတ် သွေးလွန်တုပ်ကွေးကြောင့် သေသော အလောင်းများတွင်သာ ရောဂါအန္တရာယ်ရှိသည်။ မည်သို့ပင်ဖြစ်စေ နေ့စဉ် အလောင်းများကို ကိုင်တွယ်ရသော အရေးပေါ်လုပ်သားများသည် တီဘီရောဂါ၊ သွေးမှ ကူးစက် သော ဗိုင်းရပ်စ်များ ( အသည်းရောင်ရောဂါ ဘီ၊ စီ ပိုး နှင့် HIV ) ၊ အစာအိမ်နှင့်အူလမ်းကြောင်း ရောဂါပိုးဝင်ခြင်းများ ( rotavirus ကြောင့်ဝမ်းလျှောခြင်း၊ E.coli ၊ အသည်းရောင် ရောဂါ အေပိုး၊ shigellosis ဝမ်းကိုက်ရောဂါနှင့် ကာလဝမ်း ရောဂါ) တို့ ကူးစက်နိုင်ချေ မြင့်ပါသည်။ အသက် အန္တရာယ်ရှိသော ရောဂါများ မကူးစက်အောင် အလောင်းများ စွန့်ပစ်ရာတွင် စည်းမျဉ်းများ၊ သတိပြုချက်များကို တိတိကျကျ လိုက်နာသင့်သည်။
Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။
[embed-health-tool-bmi]