backup og meta

ရေကြီးမှု၏ ကပ်ပါးကောင်ဆိုးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေကြီးမှု၏ ကပ်ပါးကောင်ဆိုးများ

    မိုးရာသီရောက်လာပြီဆိုတော့ မိုးအမြောက်အများ ရွာသွန်းမှုရဲ့ နောက်ကွယ်မှာ ရေကြီးရေလျှံမှုတွေ ရှိလာနိုင်ပါတယ်။ ကမ္ဘာနှင့်တဝှမ်းမှာလည်း မိုးရာသီကာလ ရောက်လာတိုင်း နှစ်စဉ် နှစ်တိုင်း ရေကြီးရေလျှံမှုတွေ ကြုံရစမြဲပါ။ လူသားတွေဟာ ရေကြီးမှုနဲ့အတူ အသက် အန္တရာယ်၊ စားဝတ်နေရေးပြဿနာတွေကိုသာ ရင်ဆိုင်ရတာမဟုတ်ပါဘူး။ လျှံလာတဲ့ ရေတွေဟာ အညစ်အကြေးတွေများစွာ ပါဝင်တာမို့ ရေကြောင့်ဖြစ်တဲ့ရောဂါတွေကိုလည်း နောက်ဆက်တွဲအနေနဲ့ ခံစားကြရပါတယ်။ ဒါ့အပြင် စီးဆင်းမှုမရှိ၊ တည်ငြိမ်နေတဲ့ရေဟာ ခြင်ပေါက်ပွားနိုင်တဲ့ အဓိကအကြောင်းအရင်း ဖြစ်တာနဲ့အညီ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး ရဲ့ အဆိုအရ ရေကြီးရေလျှံမှုတစ်ခုရဲ့ နောက်ကွယ်က ရောဂါ(၆)မျိုးကို မျှဝေပေးလိုက်ပါတယ်။

    အူရောင်ငန်းဖျားဟာ “Salmonella Typhi” ဆိုတဲ့ ဘက်တီးရီးယားကြောင့် ကူးစက်တဲ့ ရောဂါပါ။ ဘတ်တီးရီးယားဟာ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီးပြီးချင်းမှာ အကောင်တွေ ပွားပါတယ်။ ဒီလိုပွားများပြီးရင်တော့ သွေးကြောထဲအထိ ပျံ့နှံ့ကာ

    • အဖျားတာရှည်ခြင်း၊
    • မောပန်းလွယ်ခြင်း၊
    • ခေါင်းကိုက်ခြင်း၊
    • မူးဝေခြင်း၊
    • ဗိုက်အောင့်ခြင်း၊
    • ဝမ်းချုပ်ခြင်းနဲ့
    • ဝမ်းပျက်ဝမ်းလျှောခြင်းတွေကို ဖြစ်စေမှာပါ။

    မကုသဘဲ ထားပါက အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်ပါတယ်။ အူရောင် ငန်းဖျားရောဂါဟာ ရောဂါရှိသူရဲ့ မစင်တွေနဲ့ ညစ်ပတ်ပျံ့နှံ့နေတဲ့ ရေ(သို့မဟုတ်) အစားအစာတွေကို စားသောက်လိုက်ခြင်းမှတဆင့် ကူးစက်တာပါ။ ရေကြီးမှုကြောင့် ပတ်ဝန်းကျင်ဟာ မသန့်ရှင်းတော့တာကြောင့် အူရောင်ငန်းဖျားကပ်ရောဂါကြီး ဖြစ်ပွားရတာပါ။

    ရေကောင်းရေသန့်သောက်သုံးခြင်း၊ အစားအသောက်စားသုံးရာမှာ သန့်ရှင်းစွာ ချက်ပြုတ်စားသောက်ခြင်းနဲ့ မကြာခဏ လက်ဆေးခြင်းတို့ဖြင့် ဒီရောဂါကို ကာကွယ်နိုင်ပါတယ်။ အူရောင်ငန်းဖျားရောဂါ ကာကွယ်ဆေးကို ထိုးနှံထားခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသေးတယ်။

    ()      ကာလဝမ်းရောဂါ

    ရေကြီးရေလျှံမှုဖြစ်တဲ့အခါ ရေကောင်းရေသန့်တွေ မရနိုင်တော့သလို ပတ်ဝန်းကျင်ဟာလည်း မသန့်ရှင်းနိုင်တော့ပါဘူး။ အစားအသောက်နဲ့ ရေတွေမှာ ဘတ်တီးရီးယား အများအပြား ပါဝင်လာမှာပါ။ ‘Vibrio cholerae’ ဆိုတဲ့ ဘတ်တီးရီးယားဟာ အစားအသောက်တွေထဲ ရောပါလာခဲ့ရင် ကာလဝမ်းရောဂါဖြစ်လာမှာပါ။ ဝမ်းလျှောဝမ်းပျက်ခြင်းကို ခံစားရတာကြောင့် အရည်ဝမ်း အကြိမ်ပေါင်းများစွာသွားပြီး ရေဓာတ်ဆုံးရှုံးရမှာပါ။ မကုသပါက သေဆုံးတဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။ ကာကွယ်မှုနည်းလမ်းတွေကတော့ အူရောင်ငန်းဖျား ရောဂါနဲ့ အတူတူပါပဲ။

    ()      အသည်းရောင်အသားဝါ – အေ

     အသည်းကို ကူးစက်မှုများတဲ့ ‘Hepatovirus A သို့မဟုတ် Hepatitis A virus’ ကြောင့် ဖြစ်ရတာပါ။ မသန့်ရှင်းတဲ့အစားအသောက်နဲ့ ရေကြောင့် ဒီဗိုင်းရပ်စ် ကူးစက်ရပါတယ်။ ရောဂါလက္ခဏာတွေကတော့ ဖျားမယ်၊ နုံးခွေချည့်နဲ့မယ်။ အစားအသောက်ပျက်မယ်၊ ဝမ်းလျှောမယ်၊ မူးဝေမယ်၊ ပျို့မယ်၊ ဝမ်းဗိုက်မအီမသာဖြစ်မယ်၊ ဆီးအရောင်ရင့်မယ်၊ မျက်လုံးဝါ၊ အသားဝါမယ်စတဲ့ လက္ခဏာတွေ ခံစားရမှာပါ။ အထက်ပါနည်းလမ်းတွေအတိုင်း ကာကွယ်ပါ။ ကာကွယ်ဆေးထိုးကာ ကာကွယ်နိုင်ပါသေးတယ်။

    ()      ငှက်ဖျားရောဂါ

    ငှက်ဖျားရောဂါဟာ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ ရောဂါဖြစ်တယ်ဆိုတာ လူတိုင်းသိနှင့်ပြီးသား ဖြစ်ပါတယ်။ Plasmodium ဆိုတဲ့ ကပ်ပါးကောင်ကို သယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ရတာပါ။ ရောဂါလက္ခဏာတွေအနေနဲ့

    • ဖျားခြင်း၊
    • မောပန်းခြင်း၊
    • အန်ခြင်း၊
    • ခေါင်းကိုက်ခြင်း တို့မှ အစပြုကာ
    • ပြင်းထန်ပါက အသားဝါခြင်း၊
    • တက်ခြင်း၊
    • သတိလစ်ခြင်းနဲ့
    • သေဆုံးခြင်းတွေအထိ ဖြစ်နိုင်ပါတယ်။

    ဒေသတစ်ခုမှာ ရေကြီးခြင်း ထပ်မံဖြစ်ပွားပါက ငှက်ဖျားရောဂါဖြစ်နှုန်းဟာ ပိုမြင့်တက်လာပါတော့တယ်။ ကာကွယ်ပုံနည်းလမ်းကတော့ ခြင်ကိုက်မခံရအောင် ခြင်ထောင်ထောင်အိပ် ခြင်း၊ ခြင်မကိုက်ရ ဆေးရည်လိမ်းခြင်း၊ စီးဆင်းမှုမရှိဘဲ အိုင်နေတဲ့ ရေတွေကို ဖယ်ရှားခြင်းနဲ့ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ပုဆိုး၊ထဘီ စသဖြင့် ဝတ်ဆင်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။

    ()      သွေးလွန်တုပ်ကွေးရောဂါ

    သွေးလွန်တုပ်ကွေးရောဂါဟာ အေးဒီးစ်ခြင်ကျား ကိုက်ခံရခြင်းမှတဆင့် ကူးစက်ပျံ့နှံ့တာပါ။ အအေးမိတုပ်ကွေးရောဂါလက္ခဏာနဲ့ ဆင်တူပြီး ပြင်းထန်ပါက သွေးလွန်တုပ်ကွေးရှော့ခ်ရောဂါထိ ဖြစ်ပွားနိုင်ကာ အသက်ဆုံးရှုံးရနိုင်ပါတယ်။ ခြင်ကသယ်ဆောင်လာတဲ့ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်တွေဟာ သွေးကြောထဲမှာ ပမာဏများစွာ ပွားများလာပြီး ရောဂါဖြစ်ပွားတာပါ။ ကလေးတွေမှာအဖြစ်များပြီး လူကြီးတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ အချိန်မီဆေးရုံမရောက်ရှိပါက သေဆုံးရနိုင်ပါတယ်။ ကာကွယ်နိုင်မယ့် နည်းတွေကတော့ ငှက်ဖျားရောဂါနဲ့ အတူတူပါပဲ။ ရေသေရေငြိမ်တွေမှာ ခြင်ကျားဖြစ်လာမယ့် ပိုးလောက်လန်းတွေ ပေါက်ဖွားနိုင်တာမို့ ရေသေရေငြိမ်တွေ မရှိအောင် ဖုံး၊ သွန်၊ လဲ၊ စစ် ကို အထူးဂရုစိုက် ပြုလုပ်ပေးပါ။

    ()      အပူချိန်ကျဆင်းခြင်း (Hypothermia)

                             ရေကြီးရေလျှံမှုနောက်မှာ Hypothermia ​ကြောင့် သေဆုံးထိခိုက်ရသူ အများစုဟာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ အပူချိန်ကျဆင်းခြင်းဟာ အရေးပေါ်အခြေအနေပါ။ ခန္ဓာကိုယ်ဟာ ထုတ်လုပ်နိုင်တဲ့ အပူချိန်ထက် ပိုလျှံမြန်ဆန်စွာ အပူဆုံးရှုံးတဲ့အခါ Hypothermia ဆိုတဲ့ အခြေအနေ ဖြစ်ပေါ်ပြီး ခန္ဓာကိုယ် အပူချိန်ဟာ ၃၅ ဒီဂရီ ဆယ်စီးယပ်စ်အောက် ကျဆင်းသွား ပါတော့တယ်။

    တုန်ရီခြင်း၊ စိတ်ရှုပ်ထွေးခြင်းကို စတင်ခံစားရပြီး

  • စကားတွေမပီတော့ဘူး၊
  • အရေပြားဟာ အေးစက်လာမယ်၊
  • ကယောင်ခြောက်ချားဖြစ်မယ်၊
  • မျက်လုံးသူငယ်အိမ် ကျယ်လာမယ်၊
  • သွေးပေါင်ကျဆင်းလာမယ်၊
  • ရုတ်တရက်အင်္ကျီတွေ ချွတ်လာမယ်စတဲ့ လက္ခဏာတွေ တွေ့ရပါမယ်။
  • ခြောက်သွေ့ပြီး အေးမြတဲ့  အဝတ်ဝတ်ဆင်ခြင်းဟာ Hypothermia ကို ကာကွယ်ပေးနိုင်ပါတယ်။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement