backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Viral Meningitis (ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်းခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Khine Phoo Ngon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Viral Meningitis (ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်း ခြင်း) ကဘာလဲ။

Viral Meningitis ဆိုတာဟာ ဦးနှောက် နဲ့ ကျောရိုးမ ပတ်ပတ်လည်မှာ ဝန်းရံထားတဲ့ အမြှေးပါးတွေ ဗိုင်းရပ်စ် ရောဂါပိုးဝင်ခြင်းကြောင့် ရောင်ယမ်းတာကို ခေါ်ပါတယ်။ဦးနှောက်နဲ့ ကျောရိုးမကို ကာထားတဲ့ အမြှေးပါး ၃လွှာ ပတ်ပတ်လည်မှာရှိနေတဲ့ အရည်တွေမှာ ရောဂါပိုးဝင်ရင် ဦးနှောက်အမြှေးပါးရောင်ယမ်း ခြင်းဆိုတာ ဖြစ်လာပါတယ်။

Viral Meningitis (ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်း ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်း ခြင်း ဟာ ကမ္ဘာကြီးရဲ့ နေရာတော်တော်များများ( အထူးသဖြင့် ဖွံ့ဖြိုးနေဆဲ နိုင်ငံတွေ) မှာ ဖြစ်နေတဲ့ ထင်ရှားတဲ့ ပြသနာတစ်ခုပဲဖြစ်ပါတယ်။ ဒီရောဂါပိုးဝင်ခြင်းဟာ ကလေးတွေ၊ ဆယ်ကျော်သက်တွေ၊ နဲ့ လူငယ်တွေမှာ အဖြစ်များပါတယ်။

သို့ပေမယ့်လည်း ဒီရောဂါကို ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကို လျှော့ချ ခြင်းအားဖြင့် ရောဂါကို ထိန်းချုပ်လိုက်နိုင်ပါတယ်။ နောက်ထပ် ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Viral Meningitis (ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်း ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဗိုင်းရပ်ကြောင့် ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်းခြင်း နဲ့ ဘက်တီးယီးယားကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်းခြင်း တွေရဲ့ ရောဂါ လက္ခဏာတွေက အစပိုင်းမှာ ဆင်တူပါတယ်။ ဒါပေမယ့် ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်းခြင်းရဲ့ လက္ခဏာတွေက ပိုပြီး ပျော့ပါတယ်။ ဘက်တီးယီးယားကြောင့် ဖြစ်တာလောက် မပြင်းထန်ပါဘူး။ အသက်အရွယ်အပေါ်မူတည်ပြီး ရောဂါ လက္ခဏာတွေက ကွာခြားနိုင်ပါတယ်။

မွေးကင်းစ နို့စို့ကလေးငယ်တွေ မှာဖြစ်နိုင်တဲ့ ရောဂါ လက္ခဏာတွေကတော့

  • အစားမစားသောက်နိုင်ခြင်း။
  • ဂနာ မငြိမ်ခြင်း။
  • အိပ်ငိုက်ခြင်း။
  • အားအင်မရှိဘဲ ထုံမှိုင်းနေခြင်း။
  • ဖျားခြင်း။

အရွယ်ရောက်ပြီးသူတွေမှာ ဆိုရင်တော့

  • ခေါင်းကိုက်ခြင်း။
  • ဖျားခြင်း။
  • လည် ဂုတ် တောင့်တင်းနေခြင်း။
  • တက်ခြင်း။
  • တောက်ပတဲ့ အလင်းရောင်ကို ခံနိုင်ရည်မရှိခြင်း။
  • အိပ်ချင်စိတ်ဖြစ်ခြင်း၊ အိပ်ငိုက်ခြင်း။
  • အားအင်မရှိဘဲ ထုံမှိုင်းနေခြင်း။
  • မူးဝေပြီး အန်ချင်စိတ်ဖြစ်ပေါ်ခြင်း။
  • အစားစားချင်စိတ် လျော့နည်းသွားခြင်း။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အထက်ပါ ရောဂါ လက္ခဏာတွေရှိလာပြီဆိုရင် ချက်ချင်းကုသမှု ခံယူသင့်ပါတယ်။ သင် ဘယ်လိုခံစားနေရတယ်ဆိုတာ တစ်ခုတည်းနဲ့ ဘက်တီးယီးယားကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်းလား၊ ဗိုင်းရပ်စ် ကြောင့်လားဆိုတာကို မခွဲခြားနိုင်ပါဘူး။

တကယ်လို့ သင့်မှာ အထက်ဖော်ပြပါ ရောဂါ လက္ခဏာ ရှိနေရင်(သို့) သိလိုတဲ့ အချက်တွေရှိနေရင် ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Viral Meningitis (ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်း ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဒီရောဂါကို ဖြစ်စေနိုင်တဲ့ အကြာင်းအရင်းတွေ အများကြီးရှိနိုင်ပါတယ်။ ဒါပေမယ့် ဗိုင်းရပ်ကြောင့် ဖြစ်တာကတော့ အဖြစ်များဆုံးဖြစ်ပါတယ်။ ပြီးရင်တော့ ဘက်တီယီးယားကြောင့် နဲ့ ရှားရှားပါးပါး မှိုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်းခြင်း

ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်းခြင်းဟာ ဦးနှောက် အမြှေးပါးရောင်ယမ်းခြင်း အမျိုးအစားတွေထဲမှာ အဖြစ်များဆုံးဖြစ်ပါတယ်။ enterovirus အဖွဲ့အစည်းထဲမှာပါတဲ့ ဗိုင်းရပ်စ် တွေဟာ ၈၅% လောက်ပါဝင်ပါတယ်။ ဒီ အောက်ဖော်ပြပါ ဗိုင်းရပ်စ်တွေက နွေရာသီနဲ့ ဆောင်းဦးရာသီ တွေမှာ အဖြစ်များဆုံးတွေ ဖြစ်ပါတယ်။

  • coxsackievirus A
  • coxsackievirus B
  • echoviruses

များသောအားဖြင့် ပြင်းထန်တဲ့ ရောဂါ လက္ခဏာတွေ ဖြစ်လေ့မရှိပါဘူး။ ပြင်းထန်တဲ့ အခြေအနေတွေမှာတော့ အကြာကြီး ဖျားတာတို့၊ တက်တာတို့ ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်းခြင်းတွေဟာ များသောအားဖြင့် မပြင်းထန်ဘဲ သူ့ဘာသာ သူ ပျောက်သွားနိုင်ပါတယ်။

  • Herpes simplex virus
  • HIV
  • Mumps
  • West Nile virus
  • အခြား ဗိုင်းရပ်စ်များ။

ကလည်း ဦးနှောက် အမြှေးပါးရောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဦးနှောက် အမြှေးပါးရောင်ခြင်းဟာ ဓါတု ဓါတ်ပြုမှုတွေ၊ ဆေးဓါတ်မတည့်မှုတွေ၊ ကင်ဆာ အမျိုးအစား တစ်ချို့၊ နဲ့ sarcoidosis ကဲ့သို့သော ရောင်ယမ်းခြင်း ဖြစ်တဲ့ ရောဂါတွေ စတဲ့ ရောဂါပိုးဝင်ခြင်း မဟုတ်တဲ့ အကြောင်းအရင်းတွေကနေလည်း ဖြစ်စေနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Viral Meningitis (ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်း ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်းခြင်း ကို ဖြစ်ဖို့ အားပေးနေတဲ့ အချက်တွေကတော့

  • ကာကွယ်ဆေးမပြည့်မစုံ ခြင်း။

ကလေးအတွက် (သို့) လူကြီးအတွက် ညွှန်ကြားထားတဲ့ ကာကွယ်ဆေးအကြိမ်အရေ အပြည့်အ၀ မထိုးထားတဲ့ သူတွေ အတွက် ဒီရောဂါ ဖြစ်နိုင်ချေပိုများစေနိုင်ပါတယ်။

  • အသက်အရွယ်။

ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်းဟာ အသက် ၅နှစ်အောက် ကလေးတွေမှာ အဖြစ်များပြီး ဘက်တီးယီးယားကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါး ရောင်ခြင်းကတော့ အသက် ၂၀အောက်တွေမှာ အဖြစ်များပါတယ်။

  • လူအများရှိတဲ့ နေရာတွေမှာ နေထိုင်ရခြင်း။

အဆောင်တွေမှာနေရတဲ့ ကောလိပ်ကျောင်းသားများ၊ စစ်တပ်ထဲမှာ နေရတဲ့ တပ်သားများ၊ နဲ့

မှာ meningococcal ကြောင့် ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်းခြင်းတွေ ဖြစ်နိုင်ချေပိုများပါတယ်။ အဲဒါက ဘာကြောင့်လဲဆိုတော့ ဘက်တီးယီးယားတွေ ဟာ အသက်ရှုလမ်းကြောင်းကနေ ကူးစက်နိုင်ပြီး လူအုပ်စုများမှာ ပိုမြန်မြန် ပျံ့နှံ့မှု ပိုမြန်တာကြောင့်ဖြစ်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင်များ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဆိုရင်တော့ ဦးနှောက်အမြှေးပါးရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ listeria ဘက်တီးယီးယားကြောင့် ဖြစ်တဲ့ listeriosis ဆိုတဲ့ ရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။ listeriosis ရောဂါ ဖြစ်ပြီဆိုရင်တော့ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေး အသေမွေးခြင်း နဲ့ နေ့မစေ့၊ လမစေ့ မွေးခြင်းတွေ ပို ဖြစ်စေနိုင်ပါတယ်။

  • ခုခံအားကျဆုံးနေခြင်း။

AIDS ရောဂါရှိသူများ၊ အရက်သောက်သုံးသူများ၊ ဆီးချိုရှိသူများ၊ ခုခံအားကို ကျစေတဲ့ ဆေးတွေ သောက်နေသူများ၊ နဲ့ ခုခံအား စနစ် အပေါ်သက်ရောက်မှုပေးနိုင်တဲ့ အခြား အချက်အလက်တွေရှိခြင်းက သင့်ကို ဦးနှောက် အမြှေးပါးရောင်ခြင်း ကို ပိုဖြစ်စေနိုင်ပါတယ်။ သရက်ရွက် ဖယ်ထုတ်ထားခြင်းကလည်း ဖြစ်နိုင်ချေကို ပိုများစေနိုင်ပြီး သရက်ရွက်မရှိတဲ့သူတွေဟာ ဒီလို ပိုဖြစ်နိုင်ချေများ တာကို လျော့ချနိုင်အောင်လို့ ကာကွယ်ဆေးထိုးထားသင့်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Viral Meningitis (ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်း ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါ အမည်သတ်မှတ်ဖို့အတွက် ရောဂါ နောက်ကြောင်း နဲ့ ကျန်းမာရေးအခြေအနေတွေကို စတင်မေးမြန်းပြီး ကိုယ်ခန္ဓါကို စစ်ဆေးနိုင်ပါတယ်။ အသက်အရွယ်၊ အဆောင်နေထိုင်ခြင်းရှိ၊ မရှိ နဲ့ ကလေးစောင့်ရှောက်ရေး နေရာ တွေ ပို့၊ မပို့ စတာတွေက အရေးကြီးတဲ့ အချက်တွေ ဖြစ်မှာပါ။ ခန္ဓါကိုယ် စစ်ဆေးနေစဉ်မှာ ဆရာဝန်က အောက်ပါ အချက်တွေ ရှိ၊မရှိကို စစ်ဆေးမှာ ဖြစ်ပါတယ်။

  • ဖျားနာခြင်း။
  • နှလုံးခုန်သံမြန်ခြင်း။
  • လည်ဂုတ်တောင့်တင်းခြင်း။
  • အသိအာရုံ လျော့နည်းသွားခြင်း။

ဆရာဝန်က lumber puncture လို့ခေါ်တဲ့ ခါးရိုးမှ တစ်ဆင့် အပ်ထိုးခြင်းကို လုပ်ဆောင်နိုင်ပါတယ်။ ဒီစစ်ဆေးချက်ကို spinal tap လို့လည်းခေါ်ပါတယ်။ အဲလိုလုပ်ခြင်း ဖြင့် ဦးနှောက် နှင့် အာရုံကြော အဖွဲ့အစည်းထဲမှာ ဖိအားတွေများနေ၊ မနေ သိနိုင်ပါတယ်။ ကျောရိုး အတွင်းရှိ ရိုးတွင်းခြင်ဆီမှာ ရောင်ယမ်းခြင်းတွေ၊ ဘက်တီးယီးယားတွေ ရှိနေတာတွေကိုလည်း စစ်ဆေးတွေ့ရှိနိုင်ပါတယ်။ ဒီစစ်ဆေးချက်ဟာ ကုသမှုအတွက် အကောင်းဆုံး ပိုးသတ်ဆေးကိုလည်း ဆုံးဖြတ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

ဦးနှောက်အမြှေးပါး ရောင်ခြင်းကိုရောဂါအမည်သတ်မှတ်နိုင်ဖို့ အခြားစစ်ဆေးချက်တွေကိုလည်းလုပ်ဆောင်ရနိုင်ပါတယ်။ အဲဒီစစ်ဆေးချက်တွေကတော့

  • သွေးထဲမှာ ရှိတဲ့ရောဂါပိုး ကို စစ်ဆေးခြင်း ။ သွေးထဲမှာ ရှိနေတဲ့ ဘက်တီးယီးယားကို ရှာဖွေနိုင်ပါတယ်။ ဘက်တီယီးယားတွေဟာ သွေးထဲကနေ ဦးနှောက်အထိရောက်သွားနိုင်ပါတယ်။ N. meningitides နဲ့ S. pneumonia တွေက အန္တရာယ်ရှိတဲ့ ပိုးဝင်ခြင်းတွေကိုရော ဦးနှောက် အမြှေးပါးရောင်ခြင်းတွေကိုပါ ဖြစ်စေနိုင်ပါတယ်။
  • သွေးဥဆဲလ် အပြည့်အစုံစစ်ဆေးခြင်း နှင့် သွေးဥဆဲလ်တစ်မျိုးချင်းစစ်ဆေးခြင်းတွေက ကျန်းမာရေးစစ်ဆေးချက် အတွက် ကောင်းမွန်တဲ့ ညွှန်ကိန်းတစ်ခုဖြစ်ပါတယ်။ အဲဒီစစ်ဆေးချက်က သွေးထဲမှာရှိတဲ့ သွေးနီဥတွေ၊ သွေးဖြူဥ တွေရဲ့ အရေအတွက် တွေကို စစ်ဆေးနိုင်ပါတယ်။ သွေးဖြူဥဆဲလ်တွေက ရောဂါပိုးဝင်ခြင်းကို တိုက်ထုတ်ပေးနိုင်ပါတယ်။ဦးနှောက်အမြှေးပါးရောင်ခြင်း ဖြစ်စေပြီဆိုရင် သွေးဖြူဥ အရေအတွက်တွေ များနေ နိုင်ပါတယ်။
  • ရင်ဘတ် ဓါတ်မှန်ရိုက်ခြင်း က အဆုတ်ရောင်ခြင်း၊ TB ရှိခြင်း၊ (သို့) fungal မှိုကြောင့်ဖြစ်တဲ့ ရောဂါပိုးဝင်ခြင်းတွေ ရှိ၊ မရှိကို ပြပေးနိုင်ပါတယ်။ အဆုတ်ရောင် ရောဂါဖြစ်ပြီးနောက်မှာလည်း ဦးနှောက် အမြှေးပါးရောင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
  • CT ရိုက်ခြင်း(ဦးခေါင်း) က ဦးနှောက် အနာများ၊ (သို့) sinus ( နှာခေါင်း အတွင်းဘက်ရှိ အပေါက်များ)ရောင်ခြင်းများ စတဲ့ပြသနာတွေကို ပြသပေးနိုင်ပါတယ်။ ဘက်တီးယီးယားတွေက sinus အပေါက်တွေမှ တစ်ဆင့် ဦးနှောက်ဆီကို ပျံ့နှံ့ သွားနိုင်ပါတယ်။

Viral Meningitis (ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်း ခြင်း) ကို ဘယ်လိုကုသပါသလဲ

ဗိုင်းရပ်စ် ကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်းဟာ ကုသစရာမလိုဘဲ သူ့အလိုလို ပြန်ကောင်းနိုင်ပါတယ်။ ရောဂါ လက္ခဏာတွေက ၂ပတ်အတွင်းမှာ ပျောက်သွားလေ့ရှိပါတယ်။ ဒီဗိုင်းရပ်စ် ကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်း ရောဂါကြောင့် နာတာရှည် ပြင်းထန်တဲ့ပြသနာတွေ မဖြစ်သွားနိုင်ပါဘူး။ ရောဂါ မပြင်းထန်တဲ့ အခြေအနေဆိုရင် အိမ်မှာပဲ ကုသမှုခံယူနိုင်ပါတယ်။ အိမ်မှာ ဖျားတာ၊ နာတာအတွက်ဆေးသောက်ပြီး ရေဓါတ်ပြည့်ဝအောင် အရည်လုံလုံလောက်လောက် သောက်နေဖို့ လောက်ပါပဲ။

နေထိုင်မှုပုံစံပြောင်းလဲခြင်းများနှင့်အိမ်သုံးဆေးနည်းလမ်း။

ဗိုင်းရပ်စ် ကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်း ကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?

အထူးသဖြင့် သင့်မှာ ဒီရောဂါကို ဖြစ်ဖို့အားပေနေတဲ့ အချက်တွေရှိနေပြီဆိုရင် ကျန်းမာကောင်းမွန်တဲ့ နေထိုင်မှုပုံစံဖြစ်အောင် ထိန်းသိမ်းလုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ အဲလို နေထိုင်မှုပုံစံမှာေ အာက်ပါ အချက်အလက်တွေ ပါဝင်ပါတယ်။

  • လုံလုံလောက်လောက် အနားယူခြင်း။
  • ဆေးလိပ် မသောက်ခြင်း။
  • နေမကောင်း ဖြစ်နေတဲ့သူတွေနဲ့ နီးနီးကပ်ကပ် သိပ်မနေခြင်း။
  • ကာကွယ်ဆေးကလည်း အချို့ ဦးနှောက် အမြှေးပါးရောင်ခြင်း အမျိုးအစားတွေကို ကာကွယ်ပေးနိုင်ပါတယ်။ဦးနှောက် အမြှေးပါးရောင်ခြင်းကို ကာကွယ်ပေနိုင်တဲ့ ကာကွယ်ဆေးတွေကတော့
  • Haemophilus influenzae type B (Hib) ကာကွယ်ဆေး
  • Pneumococcal conjugate ကာကွယ်ဆေး
  • Meningococcal vaccine ကာကွယ်ဆေး

သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Khine Phoo Ngon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement