backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

West Nile Virus Infection (ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ပိုးဝင်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 07/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

West Nile Virus Infection (ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ပိုးဝင်ခြင်း) ကဘာလဲ။

ကူးစက်ပြန့်ပွားတတ်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ဗိုင်းရပ်ပိုးကူးစက်ခံနေရတဲ့ခြင်ကနေ ရောဂါကုူးစက်ခံရနိုင်ပါတယ်။ ဦးနှောက်အမြှေးပါးရောင်ခြင်းကဲ့သို့ ပြင်းထန်တဲ့ဦးနှောက်ရောဂါကိုဖြစ်စေနိုင်ပါတယ်။

West Nile Virus Infection (ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက်ကြီးသူတွေ အထူးသဖြင့ အသက်၅၀အထက်နဲ့ခုခံအားနည်းနေသူတွေမှာ ကူးစက်ခံရနိုင်ချေအများဆုံးဖြစ်ပါတယ်။

လက္ခဏာများ

West Nile Virus Infection (ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ပိုးဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကူးစက်ခံရတဲ့လူနာ ၇၀ကနေ ၈၀%လောက်မှာ လက္ခဏာတွေမပြတတ်ပါဘူး။ သိပ်မပြင်းထန်ဘူးဆိုရင် တွေ့ရတတ်တဲ့လက္ခဏာတွေကတော့-

  • ဖျားခြင်း
  • ခေါင်းကိုက်ခြင်း
  • ကိုယ်လက်ကျောနာကျင်ြခ်း
  • မောပန်းနုံးချိခြင်း
  • အရေပြားအဖိမ့်ထခြင်း
  • ပြန်ရည်ကျိတ်များကြီးခြင်း
  • မျက်စိနာခြင်း
  • ပြင်းထန်တဲ့အခြေအနေမှာတော့ အောက်ပါလက္ခဏာတွေတွေ့ရနိုင်ပါတယ်။
  • အဖျားကြီးခြင်း
  • ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း
  • လည်ပင်းဇက်ကြောတောင့်ခြင်း
  • လုပ်ဆောင်ချက်များအားနည်းခြင်း
  • သတိလစ်ခြင်း
  • တုန်ခြင်းကြွက်သားများတွန့်ခြင်း
  • ဆက်စပ်လုပ်ဆောင်နိုငစွမ်းကင်းမဲ့ြခ်င်း
  • တက်ခြင်း
  • နာကျင်ခြင်း
  • ကြွက်သားများသေခြင်းအားနည်းခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သိပ်မပြင်းထန်တဲ့အခြေအနေတွေမှာ သူ့ဘာသာသူပျောက်ကင်းသွားလေ့ရှိပါတယ်။ အဖျားကြီးခြင်း၊ ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း၊ဇက်ကြောတက်ခြင်းစတဲ့ ပြင်းထန်တဲ့လက္ခဏာတွေပေါ်ခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ချက်ချင်းပြသင့်ပါတယ်။

အကြောင်းရင်းများ

West Nile Virus Infection (ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ပိုးဝင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ရောဂါကို ဖြစ်စေတဲ့ဗိုင်းရပ်က ပတ်ဝန်းကျင်နေရာတော်တော်များများမှာ တွေ့နိုင်ပြီး ငှက်နဲ့နို့တိုက်သတ္တဝါတွေကို ကူးစက်နိုင်ပါတယ်။ အများဆုံးဖြစ်တတ်တာကတော့ ကူးစက်ခံ၇တဲ့ငှက်ကိုကိုက်ရာကနေ ခြင်ဆီကိုကူးစက်ပိုးပြန့် ထိုမှတစ်ဆင့် ခြင်ကနေလူကိုကိုက်ရာကနေ ကူးစက်ပိုးပြန့်သွားခြင်းဖြစ်ပါတယ်။

ကူးစက်ခံနေရတဲ့လူကို နမ်းခြင်းထိတွေ့ခြင်းဖြင့် အကူးစက်မခံရနိုင်ပါဘူး။

ဖြစ်နိုင်ခြေများ

West Nile Virus Infection (ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ပိုးဝင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

ဥပမာအားဖြင့်-

ရာသီအလိုက်– နွေရာသီက ခြင်တွေပေါက်ဖွားရှင်သန်ဖို့ ကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်။ နွေပေါက်တဲ့အခါမှာ ကူးစက်ခံရနိုင်ချေများပါတယ်။

ပြင်ပမှာအချိန်ကုန်ဆုံးခြင်း– အဆောက်အအုံပြင်ပမှာ အလုပ်လုပ်ရတဲ့လူတွေ အချိန်ကုန်ဆုံးလေ့ရှိသူတွေမှာ ကူးစက်နိုင်ခေများပါတယ်။

အသက်၅၀အထက်တွေမှာ ကူးစက်ခံရနိုငချေများပါတယ်။

ကျန်းမာရေး- ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးထားတာကြောင့် ခန္ဓါိကိုယ်ကပြန်ငြင်းဆန်ခြင်းကို ကာကွယ်ဖို့အတွက်ဆေးမှီဝဲနေရခြင်း၊ ခုခံအားကျဆင်းသည့်ရောဂါ ဒါမှမဟုတ် ကော်တီကိုစတီးရွိုက်ကဲံသို့သောဆေးများ မှီဝဲနေရခြင်းကြောင့် ခုခံအားကျနေမယ်ဆိုရင် အလွယ်တကူကူးစက်ခံရနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

West Nile Virus Infection (ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ပိုးဝင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အောက်ပါစမ်းသပ်နည်းလမ်းတွေနဲ့ ကူးစက်ပိုးဝင်နေမနေ အတည်ပြုနိုင်ပါတယ်။

ဓါတ်ခွဲစမ်းသပ်ခြင်း- ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကိုဆန့်ကျင်တဲ့ ပဋိပစ္စည်းတွေ မြင့်တက်နေခြင်းရှီမရှီ သွေးစစ်အဖြေရှာခြင်းဖြစ်ပါတယ်။ ဗိုင်းရပ်အတွက် အာအန်အေစ်ဆေးခြင်းကလေည်း ဗိုင်းရပ်ရှိနေခြင်းကိုညွှန်ပြနေပါတယ်။

ကျောရိုးအတွင်းအရည်ဖောက်ခြင်း– ဦးနှောက်နဲ့အာရုံကြောမကြီးပတ်ပတ်လည်မှာရှိတဲ့ အရည်တွေကိုစစ်ဆေးခြင်းဖြင့် ဦးနှောက်အမြှေးရောင်ရောဂါရှိနေမနေ အတည်ပြုနိုင်ပါတယ်။

ဦးနှောက်စစ်ဆေးစမ်းသပ်ခြင်း– အမ်အာအိုင်စကန်သို့ အီးအီဂျီကနေ ဦးနှောက်ရောင်မရောင် သိနိုင်ပါတယ်။

West Nile Virus Infection (ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ပိုးဝင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

လက္ခဏာအများစုက သက်သာသွားတတ်ပါတယ်။ ကုသမှုမလိုပဲပြန်သက်သွားနိုင်ပါတယ်။ အချို့မှာတော့ သိပ်မပြင်းထန်တဲ့ခေါင်းကိုက်ခြင်း၊ ဖျားခြင်းနဲ့ကြွက်သားနာခြင်းတွေကို သက်သာဖို့အတွက် ဆရာဝန်က အလွယ်တကူဝယ်နိုင်တဲ့အကိုက်အခဲပျောက်ဆေးတွေကို ညွှန်းနိုင်ပါတယ်။ ဆရာဝန်နဲ့မတိုင်ပင်ဘဲအကိုက်အခဲပျောက်ဆေးတေါကို ပုံမှန်မမှီဝဲသင့်ပါဘူး။ စိုးရိမ်နေတာတွေရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပါင်ပါ။

ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင် ဆရာဝန်ကအကြောဆေးသွင်းခြင်း၊ အကိုက်အခဲပျောက်ဆေး၊ ပြုစုကုသခြင်းနဲပအခြားကူးစက်ပိုးကနေကာကွယ်နိုင်ဖို့ ဆေးရုံတက်ဖို့လိုပါလိမ့်မယ်။

ဦးနှောက်ကူးစက်ပိုးဝင်နေတဲ့အခါမှာ သက်သာလာဖို့ဆေးရုံမှာ သီတင်းပတ်ပေါင်းများစွာနေဖို့ လိုပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ဆရာဝန်ရဲ့အကြံပေးချက်နဲပဲ ညွှန်ကြားချက်တွေကို အမြဲလိုက်နာပါ။ ကျန်းမာရေးပြဿနာတွေကို ဆရာဝန်နဲ့အမြဲဆွေးနွေးတိုင်ပင်ခြင်းဖြင့် သင့်အတွက်အကောင်းဆုံးကုသမှုကို ရနိုင်ပါတယ်။ အထူးသဖြင့်ကိုယ်ဝန်ဆောင်စဉ်နဲပဲကလေးနို့တိုက်နေချိန်တွေ ဖြစ်ပါတယ်။ လက္ခဏာတွေပိုဆိုးလာမယ်ဆိုရင် ဆရာဝန်နဲ့ပဲ ချက်ချင်းဆက်သွယ်ပါ။ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ တောင့်ခြင်း၊ မျက်စိနာခြင်း အဖျားကြီးခြင်းတွေက ပြင်းထန်တဲ့အခြေအနေရဲ့လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 07/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement