အစာအဆိပ်သင့်တယ်ဆိုတာဟာ မတည့်တဲ့ အစားအစာတွေကို တွဲဖက်စားသုံးမိတာကြောင့် ဖြစ်နိုင်သလို ကျန်းမာရေးအခြေအနေ၊ ဘက်တီးရီယားကူးစက်မှု စတာတွေကြောင့်လည်း ဖြစ်ပွားနိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
အစာအဆိပ်သင့်တယ်ဆိုတာဟာ မတည့်တဲ့ အစားအစာတွေကို တွဲဖက်စားသုံးမိတာကြောင့် ဖြစ်နိုင်သလို ကျန်းမာရေးအခြေအနေ၊ ဘက်တီးရီယားကူးစက်မှု စတာတွေကြောင့်လည်း ဖြစ်ပွားနိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။
တစ်ခါတလေမှာ ကိုယ်တိုင်တောင် ဘာကြောင့်ဖြစ်မှန်း ရေရေရာရာ မသိလိုက်ဘဲဖြစ်နေတာမျိုးလည်း ဖြစ်နေတတ်ပါသေးတယ်။ ဒီဝေဒနာမျိုးဟာ လူတော်တော်များများ ကြုံဆုံရလေ့ရှိပြီး အလွန်အမင်း ပြင်းထန်ရင်တော့ အချိန်မှီကုသနိုင်ဖို့ လိုအပ်ပါတယ်။
အစာအဆိပ်သင့်တာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းက ခန္တာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေပါဝင်နေတဲ့ အစားအစာတွေ၊ အဖျော်ယမကာတွေကို စားမိတာကြောင့်ဖြစ်ပါတယ်။ ဒီအချက်ဟာ အဖြစ်အများဆုံး အကြောင်းအရင်းဖြစ်ပါတယ်။
အစာအဆိပ်သင့်စေတဲ့ ရောဂါပိုးတွေထဲက အများစုဟာ သေချာကျက်အောင် ချက်ပြုတ်လိုက်ချိန်မှာ သေသွားလေ့ရှိပြီး အဲ့ဒီလိုအနေအထားမှာ လူကို အန္တရာယ်မပြုနိုင်ပါဘူး။ အစားအသောက်ကို သေချာကျက်အောင် မချက်ပြုတ်ထားတဲ့ အခါမျိုး၊ တွဲဖက်စားသောက်လို့ မတည်တဲ့ အစားအစာတွေကို ရောစပ်စားသုံးမိတဲ့ အခါမျိုးတွေမှာ အစာအဆိပ်သင့်မှုဖြစ်လာရပါတယ်။
အစာအဆိပ်သင့်မှုဟာ အကြောင်းအရင်းအမျိုးမျိုး၊ ဘက်တီးရီးယားအမျိုးမျိုးကြောင့် ဖြစ်နိုင်သလို ရောဂါလက္ခဏာတွေဟာလည်း တူညီမှုမရှိတတ်ကြပါဘူး။
များသောအားဖြင့် အစာအဆိပ်သင့်ဝေဒနာ ခံလာရပြီဆိုရင် ခန္တာကိုယ်အတွင်း ရေဓါတ်ခမ်းခြောက်မယ်၊ ခံတွင်း အာခေါင် ခြောက်မယ်၊ ဆီးသွားရ ခက်မယ်၊ မျက်လုံးတွေ ရောင်လာမယ်၊ ဝမ်းတွေ တစ်ချိန်လုံးသွားနေမယ်၊ ဘာအရည်မှ သောက်လို့မရတော့ဘူး ဖြစ်နေမယ်၊ အော့အန်နေမယ်။
ဒါ့အပြင် ကိုယ်အပူချိန်မြင့်တက်လာပြီး ၁၀၂ ဒီဂရီ ဖာရင်ဟိုက်ထက် ကျော်လွန်နေမယ်၊ ဝမ်းသွားရင် အမဲရောင်တွေ သွားတာမျိုး၊ သွေးပါတာမျိုးဖြစ်မယ်၊ ကြွက်သားတွေ အားနည်းနေမယ်၊ အမြင်အာရုံတွေ ဝေဝါးပြီး အာရုံ စူးစိုက်လို့ မရဖြစ်နေမယ်၊ အသားတွေ ဝါလာမယ်။ ဒီလို လက္ခဏာမျိုးတွေ ပြသလာပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားပြဖို့ လိုပါတယ်။
အရမ်းမပြင်းထန်တဲ့ အခြေအနေ ဒါမှမဟုတ် ရုတ်တရက် ဆေးခန်းသွားပြဖို့ ခက်ခဲတဲ့ အခြေအနေမျိုးမှာ မိမိရဲ့ မီးဖိုချောင်ထဲက သဘာဝ ပစ္စည်းတွေနဲ့ သက်သာအောင် ကုစားပေးလို့ရနိုင်ပါတယ်။
အထက်ပါ သဘာဝ အစားအစာလေးတွေဟာ အစာအဆိပ်သင့်မှုဝေဒနာကို လျော့ပါးသက်သာအောင် ကူညီပေးပါလိမ့်မယ်။ ဒါပေမယ့် အကောင်းဆုံးနည်းလမ်းကတော့ နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားရောက်ပြသခြင်းဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့နော်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။