backup og meta

သွေးတွင်း အောက်ဆီဂျင် မကျစေဖို့

သွေးတွင်း အောက်ဆီဂျင် မကျစေဖို့

သွေးတွင်း အောက်ဆီဂျင် ပမာဏ ကျဆင်းတာက အခန့်မသင့်ရင် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ နာတာရှည် အဆုတ် ရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ၊ ပန်းနာရင်ကျပ် ရောဂါ၊ သွေးအားနည်းတာလိုမျိုး ရောဂါတွေ ခံစားနေရသူတွေက သွေးတွင်း အောက်ဆီဂျင် နည်းတာကို ခံစားရပြီး အသက်ရှူရခက်နေတတ်ကြပါတယ်။

ဒီပြဿနာကို ဖြေရှင်းနိုင်စေဖို့အတွက် ဘယ်လို နေထိုင်မှုပုံစံလေး မွေးမြူရမလဲဆိုတာကို ပြောပြပေးပါရစေ။

သွေးတွင်းအောက်ဆီဂျင် နည်းသူတွေ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ

သွေးတွင်း အောက်ဆီဂျင် နည်းတတ်လို့ အသက်ရှူရခက်နေမယ်ဆိုရင် တစ်နေ့တာကို အခုလို ပြောင်းလဲ လိုက်ပါ။

လေဝင်လေထွက် ကောင်းပါစေ

လတ်ဆတ်တဲ့လေတွေက အိမ်ထဲမှာ အောက်ဆီဂျင် တိုးစေသလို  အသက်ရှူတဲ့အခါ အောက်ဆီဂျင် များများ ရရှိစေပြီး သွေးတွင်း အောက်ဆီဂျင်ပမာဏကို တိုးစေနိုင်ပါတယ်။

ဒါကြောင့် အိမ်ထဲမှာ လေဝင်လေထွက် ကောင်းစေဖို့ ပြတင်းပေါက်တွေကို ဖွင့်ထားပါ။ လေထုက ညစ်ညမ်းနေမယ်ဆိုရင်တော့ လေသန့်စက်လေး တပ်ဆင်ဖို့ အကြံပြု ပါရစေ။

အပင် စိုက်ပါ

အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ထုတ်လုပ်ပါတယ်။ ဒီတော့ နေအိမ်ပတ်ဝန်းကျင်မှာ အပင်လေးတွေ စိုက်ထားတာက လေထုကို သန့်စင်စေပြီး အောက်ဆီဂျင် ပမာဏလည်း များများ ရစေမှာပါ။

လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်း လုပ်တာ၊ ကိုယ်လက်လှုပ်ရှားတာက အသက်ရှူ လမ်းကြောင်းကို ကျန်းမာစေပြီး အသက်ရှူတဲ့ နှုန်း တိုးစေသလို အသက်ကို ဝဝရှူမိတာကြောင့် အဆုတ်ထဲ အောက်ဆီဂျင် ရောက်ရှိမှု တိုးစေပါတယ်။

ရေများများသောက်ပါ 

ရေကလည်း ကိုယ်တွင်းမှာ အောက်ဆီဂျင် ပမာဏ တိုးစေပါတယ်။ ဒါကြောင့် သွေးတွင်း အောက်ဆီဂျင်ပမာဏ တက်စေဖို့ဆိုရင် ရေများများသောက်ပါ။ ကဲ..အခုပဲ ရေသောက်လိုက်နော်။

အစိမ်းရောင်တွေ စားပါ

လတ်ဆတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားသုံးပေးတာကလည်း သွေးတွင်း အောက်ဆီဂျင် ပမာဏကို တိုးစေနိုင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝသလို ကိုယ်တွင်း အောက်ဆီဂျင်ပမာဏကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

ကိုက်လန်၊ တရုတ်နံနံ၊ ပန်းဂေါ်ဖီစိမ်းတို့လိုမျိုး အစိမ်းရောင်ရင့်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။

တရားထိုင်ပါ

တရားထိုင်တာက ဝင်လေထွက်လေကို သေချာရှူရှိုက်မိစေတဲ့အတွက် အဆုတ်ထဲကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေပါတယ်။  စိတ်ဖိစီးမှုကို ပြေလျော့စေသလို သွေးတွင်း အောက်ဆီဂျင် ပမာဏကိုလည်း တိုးစေနိုင်ပါတယ်။

တစ်နေ့တာကို ပုံမှန် ၁၅ မိနစ်လောက် တရားထိုင်ပါ။

သံဓာတ် ပြည့်ဝအောင် စားပါ

သံဓာတ်ပြည့်ဝတာကလည်း သွေးတွင်း အောက်ဆီဂျင်ပမဏကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် သံဓာတ် ပြည့်ဝစေဖို့အတွက် အသား၊ ငါး၊ ကြက်သား၊ ပဲ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ စားပေးပါ။

ဆားလျှော့စားပါ

ဆား အစားများတာက သွေးတိုးတာ၊ ကျောက်ကပ် ထိခိုက်တာအပြင် သွေးတွင်း အောက်ဆီဂျင်ပမာဏကို ကျစေနိုင်ပါတယ်။ ဒါကြောင့် ဆားကို အလွန်အကျွံ မစားပါနဲ့။

ကဲ…တစ်နေ့တာကို ဒီလို ပြောင်းလဲလိုက်တော့နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hypoxia and Hypoxemia (Low Blood Oxygen) https://www.medicinenet.com/hypoxia_and_hypoxemia/article.htm Accessed Date 19 October 2020

10 ways to increase oxygen levels https://www.oxygenworldwide.com/news/articles-and-information/656-10-ways-to-increase-oxygen-levels.html Accessed Date 19 October 2020

ယခုပုံစံ

19/10/2020

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နာတာရှည်အဆုတ်ရောဂါနဲ့ အောက်ဆီဂျင်ကုထုံးအကြောင်း

သွေးတွင်းသကြားဓါတ်နည်းသူတွေအတွက် စားသောက်နည်းလမ်းညွှန်



Aye Thi Mon မှ ရေးသားသည်။ · 19/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement