Covid 19 ကြောင့် ဖြစ်လာရတဲ့ စိတ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေကို ဘယ်လိုထိန်းချုပ်လျှော့ချသင့်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 22, 2020 . 2 mins read
Share now

Covid 19 ဆိုတဲ့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဟာ လူသားတွေကို တော်တော်လေးခြောက်လှန့်လျက် ရှိပါတယ်။ ကြောက်ရွံ့မှု‌တွေ၊ စိတ်ဖိစီးမှုတွေဟာလည်းလူငယ်တွေ၊ လူကြီးတွေနဲ့ ကလေးတွေဆီမှာ လွှမ်းခြုံနေကြပါပြီ။ စိတ်ဖိစီးမှုကို လျှော့ချနိုင်လေလေ သင်ရော၊သင်ချစ်ရသူတွေနဲ့ သင့်ပတ်ဝန်းကျင်အတွက် ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို မှန်ကန်စွာလိုက်နာနိုင်လေပါ။

တစ်ယောက်နဲ့တစ်ယောက်တော့ ကြောက်ရွံ့မှုအတိုင်းအတာချင်း မတူနိုင်ပါဘူး။

  • သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါခံစားနေရသူတွေ
  • ကလေးတွေ၊ ဆယ်ကျော်သက်တွေ
  • စိတ်ကျန်းမာရေးချို့တဲ့နေသူတွေ
  • မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် စိတ်ကစဉ့်ကလျားဖြစ်နေသူတွေနဲ့
  • ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ ထွက်တိုက်နေသူတွေ (ဥပမာ ဆရာဝန်၊ သူနာပြုတွေ၊ အခြားကျန်းမာရေး ဝန်ထမ်းတွေ) ဟာ Covid 19 ကြောင့် စိတ်ဖိစီးမှုဒဏ်ကို တခြားသူတွေထက်ပိုပြီးခံစား နေရသူတွေပါ။

စိတ်ဖိစီးမှုဟာ ဘာလို့ဖြစ်ရတာလဲ

မိမိကျန်းမာရေးတင်မက မိမိချစ်ခင်ရသူတွေ ကူးစက်မှာစိုးတာကြောင့်

  • အအိပ်အစားမမှန်တော့ဘူး
  • ညအိပ်မပျော်ဘဲ၊ အာရုံစိုက်မှုတွေလျော့နည်းလာမယ်
  • ရှိရင်းစွဲနာတာရှည်ရောဂါတွေပိုဆိုးလာမယ်
  • အရက်၊ ဆေးလိပ်နဲ့ မူးရစ်ဆေးဝါးတွေ သုံးစွဲမှုတွေပိုများလာတာကြောင့်ပါ။

  ဒီလိုစိတ်ဖိစီးမှုတွေကနေ မိမိကိုယ်ကိုဘယ်လိုကျော်ဖြတ်မလဲ

  • တီဗီကြည့်တာမျိုး၊ သတင်းစာဖတ်တာမျိုး၊ ရေဒီယိုနားထောင်တာမျိုး၊ ဖေ့စ်ဘွတ်လိုမျိုး လူမှုကွန်ယက်တွေအသုံးပြုတာမျိုးကို ခဏရပ်လိုက်ပါ။ စက္ကန့်နဲ့အမျှ မြင်တွေ့နေရတဲ့ Covid 19 ရောဂါ အကြောင်းကို ခဏတာမေ့ထားနိုင်ပါလိမ့်မယ်။ ဒါပဲမြင်နေကြားနေရင် ပိုစိတ်ဖိစီးလာမှာပါ၊ ပိုမိုကြောက်ရွံ့ လာမှာပါ။
  • အသက်ရှုလေ့ကျင့်ခန်း၊ တရားထိုင်တာမျိုး၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာစားတာ မျိုး၊ လေ့ကျင့်ခန်းမှန်မှန်လုပ်တာမျိုး၊ အိပ်ရေးဝဝအိပ်တာမျိုးနဲ့ မိမိကိုယ်ကိုဂရုပိုစိုက်လိုက်ပါ။ အရက်၊ ဆေးလိပ်ကြိုက်သူများအနေနဲ့လည်း ခေတ္တရှောင်လိုက်ပါ။
  • တခြား မိမိကြိုက်နှစ်သက်ရာကိုလည်း ပြုလုပ်နိုင်ပါတယ်။ (ဥပမာ – ပန်းချီဆွဲတာမျိုးပါ)
  • မိသားစုထဲက မိမိယုံကြည်စိတ်ချရသူတွေကိုလည်း မိမိဘယ်လိုခံစားနေရလဲဆိုတာ ဖွင့်ချပြောကြားနိုင်ပါတယ်။

အခြားသူတွေရဲ့ စိတ်ဖိစီးမှုကိုလည်းလျှော့ချပေးပါ။

Covid 19 ရဲ့ သတင်းအချက်အလက်/ ကာကွယ်ပုံတွေကို အခြားသူတွေနဲ့ အပြန်အလှန် ဖလှယ်ခြင်းအားဖြင့် ကာကွယ်မှုဟာ ပိုမိုထိရောက်လာနိုင်သလို အလွန်အမင်းကြောက်စရာ မလိုအပ်ဘူး ဆိုတာကိုလည်း သိရှိပြီးဖြစ်သွားနိုင်ပါတယ်။ ဒီလိုနည်းနဲ့ မိမိရော မိမိမိသားစုရောရဲ့ စိတ်ဖိစီးမှုကိုလည်း လျော့ချပြီးသားဖြစ်သွားမှာပါ။

သင်သာ မိဘတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်

ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်တွေဟာ Covid 19 အကြောင်းကို မိဘတွေဆီက နားစွန် နားဖျားကြားကာ ကြောက်မက်ဖွယ်ရာလို့ မြင်သွားနိုင်ပြီး အလွန်အမင်း ကြောက်နေနိုင်ပါတယ်။ သင်ဟာ မိဘတစ်ယောက်ဆိုရင် ဒီလိုအချိန်မှာ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်တာဟာ သင့်ကလေးအတွက် အားရှိစေမှာပါ။ ကာကွယ်မှုနည်းလမ်းတွေကို စနစ်တကျလိုက်နာပြီး သင့်ကလေးကို စိတ်ဖိစီးမှု မရှိစေအောင် ရှေ့က‌နေ မားမားမတ်မတ်ရပ်တည်လိုက်ပါ။

ကလေးတွေ စိတ်ဖိစီးနေပြီဆိုရင်ဘယ်လိုသိနိုင်မလဲ

ကလေးတွေဟာ စိတ်ဖိစီးမှုကို ပါးစပ်ကနေဖွင့်ပြောမှာမဟုတ်ပါဘူး။ သူတို့ရဲ့အမူအရာတွေကနေ တစ်ဆင့်သိနိုင်ပါတယ်။

  • အလွန်အမင်းငိုနေမယ်
  • အသက်အရမ်းမငယ်တော့ဘဲ အိပ်ရာထဲသေးပေါက်ချမယ်
  • အအိပ်အစားမမှန်တော့ဘူး
  • ဆယ်ကျော်သက်တွေဆိုရင် ကျောင်းမသွားချင်တော့ဘူး
  • အာရုံပျံ့လွင့်လာမယ်
  • ဆေးလိပ်အရက်သောက်တာမျိုးတောင်ဖြစ်နိုင်ပါတယ်

မိဘတစ်ယောက်အနေနဲ့ဘာလုပ်ပေးနိုင်မလဲခခလလလျ

  • Covid 19 အကြောင်း အချိန်ပေးပြောပြပေးပါ။ ကာကွယ်နိုင်မယ့်နည်းလမ်းတွေရှိတဲ့အကြောင်း အသေအချာပြောပြပေးပါ။
  • ကိုယ်ကိုယ်တိုင်စိတ်ဖိစီးမှုကို ဘယ်လိုဖြေဖျောက်သလဲဆိုတာ သူတို့တွေကို ပြောပြပေးပါ။ ပြေပျောက်စေမယ့် နည်းလမ်းတွေပေးပါ။
  • သတင်း၊ မီဒီယာတွေနဲ့ထိတွေ့မှုကို ကန့်သတ်လိုက်ပါ။ကလေးတွေဟာ မလိုအပ်ဘဲ ပိုကြောက်တတ် ပါတယ်။ ဖေ့စ်ဘွတ်လိုအရာမျိုးကို အလွန်အမင်းမသုံးခိုင်းပါနဲ့။
  • ကျောင်းတွေပိတ်သွားသည့်တိုင် အိမ်မှာနေရင်း အွန်လိုင်းကနေ အဆက်မပြတ်စာလေ့လာခိုင်းပါ။ ဗဟုသုတဖြစ်ဖွယ် အစီအစဉ်တွေကို ကြည့်ခိုင်းပါ။
  • စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါစေ။ သင်ကိုယ်တိုင် ကြောက်ပြနေလို့မဖြစ်ပါဘူးနော်။ အိပ်ရေးဝဝအိပ်၊ အစားကောင်းကောင်းစားပြပါ။ စားခိုင်းပါ။ လေ့ကျင့်ခန်းလုပ်ခိုင်းတာမျိုးလည်းပြုလုပ်နိုင်ပါတယ်။

Covid19 ကို ရှေ့တန်းက မားမားမတ်မတ်ထွက်တိုက်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ယောက် အနေနဲ့ စိတ်ဖိစီးမှုဘယ်လိုလျှော့ချနိုင်မလဲ

သင်ဟာ Quarantine အလုပ်ခံနေရသူတစ်ယောက်ဖြစ်နိုင်သလို Covid 19 လူနာကို ထိတွေ့ ဆက်ဆံမှုမရှိသေးလို့ သီးခြားထိန်းချုပ်နေထိုင်စရာမလိုတဲ့လူလည်းဖြစ်နိုင်ပါတယ်။

  • ဝမ်းနည်းဖွယ်ရာ Covid 19 လူနာတွေနဲ့ မိသားစုတွေအကြောင်းမတွေးပါနဲ့။
  • စာဖတ်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ ချစ်ခင်ရသူတွေနဲ့ အချိန်ကုန်ဆုံးပါ။
  • သီးခြားထိန်းချုပ်နေထိုင်နေရသူဆို ဖုန်းကတစ်ဆင့်ပြုလုပ်နိုင်ပါတယ်၊ စကားပြောနိုင်ပါတယ်။
  • Covid 19 အကြောင်း ခဏမေ့ထားပါ၊ သတင်းတွေကိုလည်းမဖတ်ပါနဲ့။

Covid 19 ကို ကြောက်ရွံ့ရင် ထပ်ဖြစ်လာမယ့် စိတ်ဖိစီးမှုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ထိန်းချုပ်ရင်း ဒီလိုကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို အနိုင်ယူလိုက်ရအောင်နော်။

ရေးသားသူ-ဒေါက်တာမှူးခင်

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ဘယ်လေ့ကျင့်ခန်း အမျိုးအစားက ဘယ်လောက် ကယ်လိုရီလောင်ကျွမ်း စေသလဲ ဆိုတာကို သိထားဖို့လိုပါတယ်။ ဒါမှ ကိုယ့်လိုအပ်ချက်ပေါ်မူတည်ပြီး ကစားနိုင်မှာဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေက ကြောက်ဖို့ ကောင်းတာ မှန်ပေမယ့် လက်ခံတဲ့သူပေါ် မူတည်ပါတယ်။ လက်ခံတဲ့သူက ပါးနပ်ရင် ပါးနပ်သလောက် Psywarတွေကို ကျော်ဖြတ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကပ်ဘေးကာလမှာ မေ့မထားသင့်တဲ့ နောက်ထပ် ကျန်းမာရေးပြဿနာတစ်ခု

ကပ်ဘေးကာလမှာ မေ့မထားသင့်တဲ့ အရာ ဆိုလို့ ဘာများလဲလို့ တွေးနေပြီလား။ ဒါဆိုရင် ဒီဆောင်းပါးလေးထဲမှာ အဖြေရှာကြည့် လိုက်ရအောင်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
စိတ်ဖိစီးလွန်း ရင် ရာသီထိမ် တတ်သလား။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read