ကိုယ်ဝန်ဆောင်မေမေ အချို လျှော့စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 28, 2020 . 2 mins read
Share now

သကြားလုံး၊ ချောကလက် ကစလို့ အချိုများတဲ့ အစားအစာတွေကို လူတိုင်းလိုလို ကြိုက်ကြမယ် ထင်ပါတယ်။ အချိုမစားဘဲ နေဖို့ ဆိုတာ လူတိုင်းအတွက် ခက်ခဲမယ်ထင်ပါတယ်။ ပုံမှန်ထက် အစားအစားတွေကို စားချင်စိတ်ဖြစ်တတ်တဲ့ ကိုယ်ဝန်ဆောင် ကာလမှာဆို ပိုဆိုးမယ်ထင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ စားချင်တာကို စားလိုက်ရမှာ အာသာပြေပြီး စိတ်ကျေနပ်တာကိုး။

ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလမှာ အစားအစာကို သေချာလေး ရွေးချယ်ဖို့ လိုပါမယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ကာလမှာ စားသုံးလိုက်တဲ့ အစားအစားတွေက မိခင် ကျန်းမာရေးရော ဗိုက်ထဲက ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု နဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်လို့ပါ။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာအချိုမှ အချိုဆိုပြီး စားချင်စိတ်ဖြစ်ရင်တောင် အချိုလျှော့စားသင့်တဲ့ အကြောင်းအရင်းလေး ပြောပြပေးချင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အချို အများကြီး စားတဲ့အခါ

ကိုယ်ဝန်ဆောင်ချိန်မှာ မဟုတ်ပါဘူး ကျန်တဲ့ အချိန်တွေမှာလည်း အချိုကို လိုသလောက်ပဲ စားသင့်ပါတယ်။ အကြောင်းကတော့ အချိုများတာက ကျန်းမာရေးကို ထိခိုက်စေလို့ပါပဲ။ ကိုယ်ဝန်ဆောင် မေမေအနေနဲ့ အချို အများကြီး စားမယ်ဆိုရင် 

ကိုယ်အလေးချိန် တိုးမယ်

အချို အများကြီးစားတာက မလိုအပ်ဘဲ ကိုယ်အလေးချိန်ကို တိုးစေနိုင်ပါတယ်။ အချို နဲ့ ကယ်လ်လိုရီ ပါဝင်မှုများတဲ့ ကွတ်ကီး၊ ချောကလက်၊ ထောပတ်ကိတ် စတာတွေကို စားသုံးတာက ကိုယ်ဝန်ဆောင်မေမေကို အဝလွန်စေနိုင်ပါတယ်။

ဒါတွေအပြင် အချိုရည် သောက်တာ၊ အချိုကဲတဲ့ သစ်သီးဖျော်ရည်တွေ သောက်တာကလည်း ကိုယ်ဝန်ဆောင်မေမေကို မလိုအပ်ဘဲ ကိုယ်အလေးချိန် တိုးစေနိုင် ပါတယ်။ ဒါတွေအပြင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေအနေနဲ့ ခါးနာတာ၊ သွားကိုက်သွားနာ၊ ကိုယ်ဝန်ဆောင် ဆီးချို စတာတွေကို ခံစားရ နိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် မြင့်မယ်

ကိုယ်ဆောင်ချိန်မှာ အချိုစာတွေ အစားများတာက မလိုအပ်ဘဲ သွေးတွင်း သကြားဓာတ် မြင့်တက်မှုကို ဖြစ်စေပါတယ်။ ဒီအခြေအနေက မိခင်ရော ကလေးရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဘေဘီလေးကို ကျန်းမာရေး ထိခိုက်စေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ အချို အစားများတာက ဗိုက်ထဲက ဘေဘီလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေ နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ က အချိုစာတွေ အများကြီး စားမယ်ဆိုရင် ဘေဘီလေးမှာ မွေးရာပါ ဆီးချိုရောဂါ (အမျိုးအစား-၁ ဆီးချို) ဖြစ်နိုင်ခြေ များပါတယ်။ ကိုယ်အလေးချိန်ကလည်း ရှိသင့်တာထက် များနေတာ။ လမစေ့ဘဲ မွေးဖွားတာ။ ပေါင်မပြည့်ဘဲ မွေးဖွားတာ။ ဓာတ်မတည့်မှု ပြဿနာ နဲ့ ဘေဘီလေးမှာ နှလုံးရောဂါ ခံစားရနိုင်ခြေကို မြင့်စေပါတယ်။

ဘေဘီလေးရဲ့ သိမြင်မှု စွမ်းရည်ကို ထိခိုက်စေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အချိုစာတွေ တအားစားမယ်ဆိုရင် ကလးရဲ့ သိမြင်မှု စွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ကာလမှာ အချိုရည်သောက်တာ၊ အချိုကဲတဲ့ စားစရာတွေ စားသုံးတာက ဘေဘီလေးရဲက သင်ယူနိုင်စွမ်းနဲ့ မှတ်မိနိုင်စွမ်း တွေအပေါ် သက်ရောက်မှု ရှိပါတယ်။

ဒါတွေအပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အချိုစားများတာက မေမေ့မှာ ကိုယ်ဝန်ဆောင် သွေးတိုးဖြစ်တာ၊ ဘေဘီလေးမှာ ပန်းနာရင်ကျပ်ဖြစ်တာနဲ့ အဝလွန်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ မေမေတို့မှာလည်း မအီမသာ ဖြစ်တာမျိုး ခံစားရနိုင်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ အချို လျှော့စားပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးတွေ တစ်နေ့ကို ဘယ်နှနာရီပဲ ဖုန်းသုံး သင့်သလဲ။

မွေးစကနေ ကျောင်းနေရွယ်ကလေးတွေကို အသက်အရွယ်အလိုက် ဖုန်းသုံး ချိန် ကန့်သတ်သင့်ပါတယ်။ ကလေးအသက်အရွယ်အလိုက် Screen time သတ်မှတ်ချက်ဆိုတာ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ်ကာကွယ်ဆေး နဲ့ ဆီးချို

ကိုဗစ်ကာကွယ်ဆေး နဲ့ ဆီးချို...... ဆီးချို ခံစားနေရသူတွေအတွက် ကိုဗစ်ကို ကာကွယ်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းက ကာကွယ်ဆေး ထိုးတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

ဘေဘီလေးကို ဘယ်အချိန်မှာ ဖရဲသီး စကျွေးမလဲ ……

ဘေဘီလေးကို ဘယ်အချိန်မှာ ဖရဲသီး စကျွေးမလဲ ...... ဘေဘီလေးက အသက် ၆ လပြည့်ပြီးပြီဆိုရင် ဘေဘီလေးကို ဖရဲသီး စကျွေးလို့ ရပါပြီ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

ဘေဘီလေးတွေအတွက် သွားပွတ်တံ ဒီလိုရွေးပါ

ဘေဘီလေးတွေအတွက် သွားပွတ်တံ ဒီလိုရွေးပါ သွားပွတ်တံလေးက အဆင်ပြေမှလည်း ဘေဘီလေးက ခံတွင်းသန့်ရှင်းရေးအတွက် သွားတိုက်ဖို့ စိတ်အားထက်သန်တော့မပေါ့။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အေးခဲခြင်းဆိုင်ရာ myths များစွာ

အေးခဲခြင်းဆိုင်ရာ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 27, 2021 . 2 mins read

ဘေဘီလေးက သရက်သီး စားလို့ရလား……….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 24, 2021 . 2 mins read
ကလေးမွေးပြီးရော ကိုယ်ဝန်ဆိပ်တက် နိုင်သေးလား

ကလေးမွေးပြီးရော ကိုယ်ဝန်ဆိပ်တက် နိုင်သေးလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2021 . 2 mins read
ကိုဗစ်ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးလို့ ဘယ်သူတွေ မထိုးသင့်ဘူးလဲ.........

ကိုဗစ်ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးလို့ ဘယ်သူတွေ မထိုးသင့်ဘူးလဲ………

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2021 . 3 mins read