home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ဝန်ဆောင်မေမေ ခံတွင်းသန့်စင်ဆေးရည်သုံးလို့ ဘေးကင်းပါ့မလား..........

ကိုယ်ဝန်ဆောင်မေမေ ခံတွင်းသန့်စင်ဆေးရည်သုံးလို့ ဘေးကင်းပါ့မလား..........

ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေး ပြဿနာတစ်ခုခုရှိလာရင် ဆေးသောက်လို့ဖြစ်ပါ့မလား၊ ဆေးသောက်လိုက်ရင် ရောဂါ သက်သာမှာ မှန်ပေမယ့် ကလေးကို ထိခိုက်နိုင်လားဆိုပြီး စိတ်ပူရတာ မေမေတိုင်းလိုလိုမှာ ဖြစ်တတ်တဲ့ ကိစ္စတစ်ခုနော်။

ဒီလိုအချိန်က အမှားမခံနိုင်တာကြောင့် သွားနဲ့ခံတွင်းကစလို့ အစစအရာရာကို သတိထားရပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင် နေချိန်မှာ သွားနဲ့ခံတွင်း ပြဿနာတစ်ခုခုရှိလာတဲ့အခါ ခံတွင်းသန့်ဆေးရည် အသုံးပြုလို့ရလားဆိုတဲ့ အကြောင်းလေး ပြောပြပေးမယ်နော်။

ကိုယ်ဝန်ဆောင်မေမေ ခံတွင်းသန့်ဆေးရည် သုံးတာ စိတ်ချရလား…………..

ကိုယ်ဝန်ဆောင်ချိန်မှာ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ဖို့ကလည်း မဖြစ်မနေလိုအပ်ပါမယ်။ ခံတွင်းသန့်ဆေးရည်တိုင်းကိုတော့ အသုံးပြုလို့မရဘူးပေ့ါ။ အချို့ ခံတွင်းသန့်ဆေးရည်တွေက ကလေးကို ထိခိုက်စေနိုင်ပါတယ်။

ခံတွင်းသန့်ဆေးရည်တွေက သွားနဲ့ခံတွင်းက ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး သွားနဲ့ သွားကြွေလွှာတွေကို သန်မာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာတော့ သွားနဲ့ခံတွင်းကို ကျန်းမာစေဖို့ ခံတွင်းသန့်ဆေးရည်သုံးမယ်ဆိုရင် ဆိုဒီယမ် ဖလိုရွိုက် ၀.၀၂ ပါတဲ့ ခံတွင်းသန့်ဆေးရည်ကို တစ်နေ့ ၂ ကြိမ်၊ ဆိုဒီယမ် ဖလိုရွိုက် ၀.၀၅ ပါတဲ့ ခံတွင်းသန့်ဆေးရည်ကို တစ်နေ့ တစ်ကြိမ်ပဲ အသုံးပြုသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ပျို့အန်မှုကို ခံစားရမယ်ဆိုရင်တော့ အစာခြေအက်ဆစ်တွေက သွားကြွေလွှာကို ထိခိုက်စေနိုင်တာကြောင့် ခံတွင်းသန့်ဆေးရည်ကို အသုံးမပြုတာ အကောင်းဆုံးပါ။ အကောင်းဆုံးကတော့ ရေနွေးနဲ့ဆား အသုံးပြုပြီး အာလုပ်ကျင်း ပေးလို့ ရပါတယ်။ ဒါမှ သွားကြွေလွှာတွေကို မပျက်စီးစေမှာပါ။

ဖြစ်နိုင်ရင် အကောင်းဆုံးကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခံတွင်းသန့်ဆေးရည် အသုံးမပြုတာပါ။ တစ်နေ့ကို နှစ်ကြိမ် ဖလိုရွိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ တိုက်ပြီး သွားပွတ်ကြိုးကို အသုံးပြုတာပါ။ ဒါက သွားချေးတွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်ပြီး သွားနဲ့ ခံတွင်း ကျန်းမာရေးကို အထိရောက်ဆုံး စောင့်ရှောက်မှုပေးနိုင်မှာပါ။

နောက်တစ်ချက်သတိထားရမှာက ခံတွင်းပြဿနာတွေ သက်သာစေဖို့အသုံးပြုတဲ့ antimicrobial chlorhexidine ပါဝင်နေတဲ့ ခံတွင်း သန့်ဆေးရည်တွေကို မသုံးဖို့ပါ။ ဒါတွေက ပုံမှန်လူတွေမှာတောင် ရေရှည် စွဲသုံးလို့ အဆင်မပြေပါဘူး။ အကြောင်းကတော့ ဒီ ခံတွင်းသန့်ဆေးရည်အမျိုးအစားမှာ အယ်လ်ကိုဟောတွေ ပါဝင်နေတာကြောင့်ပါ။ အယ်လ်ကိုဟောပါတဲ့ ခံတွင်းသန့်ဆေးရည်က မေမေရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ရှိနေရင် အယ်လ်ကိုဟောပါတဲ့ ခံတွင်းသန့်ဆေးရည်ကို လုံးဝမသုံးသင့်ပါဘူး။

ခံတွင်းသန့်ဆေးရည် သုံးမယ်ဆိုရင်

ကိုယ်ဝန်ဆောင် မေမေအနေနဲ့ ခံတွင်းသန့်ဆေးရည်သုံးမယ်ဆိုရင်

  • အယ်လ်ကိုဟောမပါတာကို ရွေးချယ်ပါ
  • အယ်လ်ကိုဟောပါနေခဲ့ရင် ချက်ချင်း အသုံးပြုမှုရပ်တန့်ပါ
  • မျိုမချမိစေဖို့ သတိထားပါ
  • ဆရာဝန်နဲ့ တိုင်ပင်ရွေးချယ်ပါ
  • သဘာဝ ပစ္စည်းတွေနဲ့ ထုတ်ထားတာမျိုးရွေးချယ်ပါ
  • ဆားရည်ကိုပဲ သုံးပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Is it safe to use mouthwash during pregnancy? https://www.babycenter.com/404_is-it-safe-to-use-mouthwash-during-pregnancy_10407081.bc Accessed Date 1 April 2020

Using Mouthwash during Pregnancy – Risks and Precautionary Tips https://parenting.firstcry.com/articles/using-mouthwash-during-pregnancy-risks-and-precautionary-tips/ Accessed Date 1 April 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။