backup og meta

အမွှေးတိုင် ကပေးတဲ့ ကျန်းမာရေးဆိုးကျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမွှေးတိုင် ကပေးတဲ့ ကျန်းမာရေးဆိုးကျိုး

    နေအိမ်ထဲမှာ အနံ့ကောင်းအောင်ဆိုပြီးပဲဖြစ်ဖြစ်၊ ယုံကြည်မှုအရ ပူဇော်တဲ့အနေနဲ့ပဲဖြစ်ဖြစ် အမွှေးတိုင် ထွန်းတတ်ကြတယ်နော်။  ဒါက မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာမှ မဟုတ်ပါဘူး။ ဘာသာတရား ယုံကြည်မှုအရ အမွှေးတိုင်ထွန်းတာက အာရှနိုင်ငံတော်တော်များများမှာ လုပ်လေ့လုပ်ထရှိတဲ့ အစဉ်အလာတစ်ခုပါ။ ဒီလိုမျိုး အမွှေးတိုင် ထွန်းတာက ကျန်းမာရေးအပေါ်မှာရော ဘယ်လိုမျိုးသက်ရောက်မှုတွေရှိနေနိုင်လဲ……….. အမွှေးတိုင် ကပေးတဲ့ ကျန်းမာရေးဆိုးကျိုး တွေက ဘာတွေ ဖြစ်မလဲဆိုတာကို လေ့လာလိုက်ပါဦးနော်။

    အမွှေးတိုင် ကပေးတဲ့ ကျန်းမာရေးဆိုးကျိုး

    အမွှေးတိုင် ထွန်းတာက အနံ့လေးမွှေးပေမယ့် လေထုညစ်ညမ်းစေမှုနဲ့အတူ ကျန်းမာရေးကို တော်တော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ အနံ့မွှေးမွှေးလေးဖြစ်တဲ့ အမွှေးတိုင်က ကျန်းမာရေးအပေါ်မှာ အခုလို သက်ရောက်မှုရှိနိုင်ပါတယ်။

    ဆဲလ်တွေကို အဆိပ်အတောက်ဖြစ်စေနိုင်တယ်

    အမွှေးတိုင်ကို ထွန်းလိုက်ချိန်မှာ ထွက်လာတဲ့ မီးခိုးငွေ့က လေထုကို ညစ်ညမ်းစေပြီး အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို ထုတ်လွှတ်ပေးပါတယ်။ ဒီအငွေ့တွေက ဆဲလ်တွေကို ပြင်းပြင်းထန်ထန် အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ ဒီလိုဆဲလ်တွေ အဆိပ်သင့်မှုက မျိုးဗီဇပြောင်းလဲတာမျိုးဖြစ်စေနိုင်ပါတယ်။ ဒီပြောင်းလဲမှုက ကင်ဆာဖြစ်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။

    အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်တယ်

    လူတော်တော်များများ အမွှေးတိုင်နံ့ကို ရှူမိတဲ့အခါ ချောင်းဆိုးတာ။ နှာချေတာမျိုးဖြစ်တာကို တွေ့ဖူးမှာပါ။ ဒီလိုဖြစ်ရတဲ့အကြောင်းကတော့ အမွှေးတိုင်က အငွေ့တွေက အသက်ရှူရတာကို ခက်စေနိုင်တာကြောင့်ပါ။ အမွှေးတိုင်က စီးကရက်အငွေ့တွေလိုပဲ အဆုတ်ကို အဆိပ်အတောက်ဖြစ်စေနိုင်ပြီး အသက်ရှူလမ်းကြောင်းတလျှောက်ကို ထိခိုက်စေနိုင်ပါတယ်။

    အဆုတ်ကင်ဆာဖြစ်စေနိုင်တယ်

    အမွှေးတိုင်က ထွက်တဲ့ မီးခိုးငွေ့က ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေအများအပြားပါဝင်နေပါတယ်။ ဒီ အခိုးအငွေ့တွေက အဆုတ် နဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေပြီး အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို ပုံမှန်ထက် ၂၅ ရာခိုင်နှုန်းလောက် ပိုများသွားစေနိုင်ပါတယ်။

    ပန်းနာရင်ကျပ်ဖြစ်စေနိုင်တယ်

    အမွှေးတိုင်က ထွက်လာတဲ့အငွေ့တွေကအဆုတ်ဆဲလ်တွေကို ရောင်ရမ်းစေနိုင်ပြီး ပန်းနာရင်ကျပ် ဆိုးစေနိုင်ပါတယ်။ အမွှေးတိုင်မီးခိုးငွေ့ကို  ထိတွေ့တာက ဆေးလိပ်ငွေ့လိုပဲ အဆုတ်ကို ထိခိုက်စေပြီး ရေရှည်မှာ ပန်းနာရင်ကျပ်ဖြစ်စေနိုင်မှာပါ။

    အရေပြား ဓာတ်မတည့်မှုဖြစ်စေနိုင်တယ်

    ကလေးတွေကို ထိခိုက်စေနိုင်ပါတယ်

    အမွှေးတိုင်ငွေ့တွေကို နေ့တိုင်းထိတွေ့တာက ကောင်းတာတော့မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်မေမေတို့ဆိုရင် အမွှေးတိုင်ငွေ့နဲ့ ခပ်ဝေးဝေးနေသင့်ပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အမွှေးတိုင်ငွေ့ကို  ရှူရှိုက်မိတာကတောင် ဘေဘီလေးကို ထိခိုက်စေနိုင်တာကြောင့်ပါ။ နောက်တစ်ခုက ကလေးငယ်ငယ်လေးတွေ အမွှေးတိုင်ငွေ့နဲ့ ထိတွေ့မိမယ်ဆိုရင် အသက်ရှူလမ်းကြောင်းပြဿနာဖြစ်စေနိုင်ပါတယ်။

    အာရုံကြောပြဿနာ ဖြစ်စေနိုင်တယ်

    လေ့လာမှုတွေအရ အခန်းထဲမှာ အမွှေးတိုင် ထွန်းမယ်ဆိုရင် အခန်းတွင်းမှာ ကာဗွန်မိုနောက်ဆိုဒ်ပိုများနေနိုင်ပါတယ်။ ဒီလိုမျိုး အချိန်ကြာမြင့်စွာထိတွေ့မိတာက အာရုံကြောပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အမွှေးတိုင်ငွေ့ကို အချိန်ကြာမြင့်စွာ ထိတွေ့တာက မှတ်မိနိုင်စွမ်းကျဆင်းတာ၊ သင်ယူမှုမှာ အခက်အခဲဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။

    ခေါင်းကိုက်စေနိုင်တယ်

    အမွှေးတိုင်မှာပါတဲ့  ကာဗွန်မိုနောက်ဆိုဒ်က ခေါင်းကိုက်စေနိုင်သလို မအီမသာဖြစ်တာ၊ မူးဝေတာ နဲ့ ခြေကုန်လက်ပန်းကျတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    နှလုံးထိခိုက်စေနိုင်တယ်

    နေ့စဉ် အမွှေးတိုင်ငွေ့ကို ရှူမိတာက ပုံမှန်ထက် နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ ၁၂ ရာခိုင်နှုန်းပိုများနေပါတယ်။ ဒါတင်မကသေးပါဘူး။ အမွှေးတိုင်ငွေ့ကို နေ့တိုင်းရှူမိတာက လေဖြတ်နိုင်ခြေ ၁၉ ရာခိုင်နှုန်းပိုများနေသလို နှလု့းသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေ ပုံမှန်ထက် ၁၀ ရာခိုင်နှုန်းပိုများနေပါတယ်။

    အမွှေးတိုင်က အနံ့လေးမွှေးပေမယ့် ကျန်းမာရေးအတွက် မကောင်းတာတော့အမှန်ပါ။ အလုံပိတ်နေရာမှာ ထွန်းရင် ကျန်းမာရေးကို ပိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေကို မထိခိုက်စေဖို့ဆိုရင် အမွှေးတိုင် ထွန်းတာမျိုး မလုပ်ဖို့ ပြောပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement