backup og meta

Omicronကြောင့် လည်ချောင်းနာပြီး အသံဝင်ခဲ့ရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Omicronကြောင့် လည်ချောင်းနာပြီး အသံဝင်ခဲ့ရင်

    ခုတလော လူတိုင်းလိုလို ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်က Omicronကူးစက်ခံရပြီး လည်ချောင်းထဲက ယားတာ၊ လည်ချောင်းနာတာချောင်းဆိုးတာနဲ့ အသံဝင်တာပါ။ ဒီလို ခံစားရတဲ့ လက္ခဏာတွေထဲကမှ စကားပြောလိုက်တိုင်း အက်တက်တက် အသံထွက်ပြီး စကားပြောရတာကို အားမရဖြစ်စေတဲ့ Omicronကြောင့် အသံဝင်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

    အသံဝင်ပြီး လည်ချောင်းနာနိုင်တဲ့ အကြောင်းရင်းခံတွေက ဘာတွေလဲ။

    ဒီအချက်တွေကြောင့် အသံဝင်ပြီး လည်ချောင်းနာတာကို ဖြစ်စေနိုင်ပါတယ်။

    Omicronကြောင့် လည်ချောင်းနာပြီး အသံဝင်ခဲ့ရင် သက်သာစေနိုင်ဖို့

    Omicronကြောင့် လည်ချောင်းနာပြီး  အသံဝင်ခဲ့ရင် တော့ အခုလိုလေးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။

    ရေများများ သောက်ပါ

    ရေဓာတ် ပြည့်ဝတာက လည်ချောင်းခြောက်တာကို သက်သာစေပြီး အသံဝင်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် လည်ချောင်းနာတယ်။ အသံဝင်တယ်ဆိုရင် ရေများများ သောက်ပါ။ ရေနွေးနွေးလေး သောက်ပေးတာကလည်း အဆင်ပြေပါတယ်။

    ရေနွေးကြမ်း ပူပူလေး ဒါမှမဟုတ် စွပ်ပြုတ် နွေးနွေးလေး သောက်ပေးလို့ရပါတယ်။

    ဆားရည် ပလုတ်ကျင်းပေးပါ

    အရိုးစင်းဆုံး အိမ်တွင်းကုထုံးတစ်ရပ်ပါ။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ရောင်ရမ်းတာကို သက်သာစေနိုင်သလို လည်ချောင်းနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဆားလက်ဖက်ရည် ဇွန်းတဝက်စာကို ရေနွေးနွေး တစ်ခွက်နဲ့ရောစပ်လို့ ပလုတ်ကျင်းပေးပါ။ တစ်နေ့ကို ၃ ကြိမ်ကနေ ၅ ကြိမ်လောက်အထိလုပ်ပေးပါ။

    ပန်းသီးရှာလကာရည်နဲ့ ပလုတ်ကျင်းပေးပါ

    ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို မှိုပိုးတွေကိုလည်း အကောင်းဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ရောဂါပိုးတွေကြောင့် အသံဝင်ပြီး လည်ချောင်းနာတာကို အမြန်ဆုံးသက်သာစေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေနွေးနွေးတစ်ခွက်နဲ့ရောပြီး တစ်နေ့ကို နှစ်ကြိမ်  ပလုတ်ကျင်းပေးပါ။

    ချင်း (ဂျင်း) စားပါ

    ချင်း (ဂျင်း) ကနာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်သလို ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကိုကောင်းစေနိုင်ပါတယ်။

    လည်ချောင်းနာတနဲ့ အသံဝင်တာကကို အထိရောက်ဆုံးသက်သာစေနိုင်မယ့် မီးဖိုချောင်ဆေးဝါးတစ်မျိုးပါ။ ချင်း (ဂျင်း) ကို ပါးပါးလေးတွေလှီးပြီး ဝါးစားလို့ရသလို ရေနွေးဆူဆူထဲကို ချင်း (ဂျင်း) ထည့်ပြုတ်ပြီး ချင်း (ဂျင်း) ပြုတ်ရည်သောက်ပေးလို့လည်းရပါတယ်။

    ပျားရည် သောက်ပါ

    ပျားရည်က သက်ရှိတွေအတွက် သဘာဝကပေးတဲ့ ကျန်းမာရေးလက်ဆောင်တစ်ခုပါ။ ရောင်ရမ်းမှုကို သက်သာစေနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်စွမ်းလည်းရှိပါတယ်။ ပျားရည်နှစ်ဆ သံပရာရည်တစ်ဆရောပြီး တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်အထိသောက်ပေးလို့ရပါတယ်။ ရေနွေးထဲမှာထည့်ပြီး သောက်လို့လည်းရပါတယ်။

    ကြက်သွန်ဖြူ စားပါ

    ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပြီး ကိုယ်ခံအားကောင်းစေနိုင်ပါတယ်။ အစိမ်းတို့စားလို့ရသလို ဟင်းခါးထဲထည့်ချက်စားလို့လည်းရပါတယ်။ အရည်ညှစ်ပြီး ရေနွေးနဲ့ရောစပ်သောက်သုံးပေးရင်လည်း အသံဝင်တာကို မြန်မြန်သက်သာစေနိုင်မှာပါ။

    နနွင်း စားပေးပါ

    နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး လည်ချောင်းနာတာကို အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ နနွင်း လက်ဖက်ရည်ဇွန်းတဝက်စာကို နွားနို့တစ်ခွက်နဲ့ရောစပ်ပြီး တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက်အထိသောက်လို့ ရပါတယ်။

    Omicronကြောင့် လည်ချောင်းနာပြီး အသံဝင်ခဲ့ရင် ဒီနည်းလမ်းလေးတွေနဲ့ လုပ်ဆောင်ကြည့်လိုက်ပါနော်။ အပြင်ထွက်တိုင်း မတ်ခ်တပ်ဖို့လည်း မမေ့ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement