backup og meta

မပေါ့ဆသင့်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မပေါ့ဆသင့်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုး

    ကိုယ်ဝန်ဆောင်ချိန်က ခန္ဓါကိုယ်မှာရောဂါတွေအလွယ်တကူဝင်ရောက်လာနိုင်တဲ့ အချိန်တစ်ခုပါပဲ။ ဒီလို ကိုယ်ဝန်ဆောင်ချိန်မှာ အနေအထိုင် အစားအသောက်ကိုသေချာဂရုမစိုက်ဘူးဆိုရင်မေမေရောဘေဘီလေးကိုပါထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေတိုင်း သတိထားသင့်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုးကိစ္စလေးကိုပြောပြပေးပါရစေနော်။

    သွေးတိုးဆိုတာ

    သွေးတိုးဆိုတာကသွေးကြောနံရံတွေအပေါ်မှာ သက်ရောက်နေတဲ့သွေးဖိအားပုံမှန်ထက်များနေတဲ့ အခြေအနေပါ။ နှလုံးကသွေးကြောတွေဆီကိုသွေးကို ညှစ်ထုတ်ပေးပြီးသွေးကြောတွေကသွေးတွေကို ခန္ဓါကိုယ်အနှံ့ကို သယ်ပို့ပေးပါတယ်။သွေးတိုးဖြစ်တဲ့အခါမှာတော့သွေးကြောတွေထဲမှာရှိနေတဲ့ ဖိအားတွေက ပုံမှန်ထက်ပိုများနေတဲ့ အခြေအနေတစ်ရပ်ဖြစ်ပေါ်နေတာပါ။

    မပေါ့ဆသင့်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုး

    ကိုယ်ဝန်ဆောင်သွေးတိုးဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ ရှိသင့်တဲ့သွေးပေါင်ချိန်ထက်တွေထက်များနေတဲ့ အခြေအနေတစ်ရပ်ပါ။ မိခင်က ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးရောဂါ ခံစားရမယ်ဆိုရင်နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေများနိုင်သလိုမေမေရော ကလေးအတွက်ပါ စိုးရိမ်ရပါတယ်။ ကိုယ်ဝန်ဆောင်ကာလ အပတ် ၂၀နောက်ပိုင်းမှာဖြစ်လာတဲ့ လက္ခဏာတစ်ခုပါ။ ဒီကာလကနေ ကိုယ်ဝန်မွေးဖွားတဲ့အချိန်ထိတောက်လျှောက်ခံစားရမယ့် အခြေအနေတစ်ရပ်ပေါ့။ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးရှိနေပြီဆိုရင်သွေးပေါင်ချိန်ကြည့်တဲ့အခါ အပေါ်သွေးက ၁၄၀ mmHg ရှိနေပြီး အောက်သွေးက ၉၀ mmHg ရှိနေနိုင်ပါတယ်။ ဒီအခြေအနေက အမြဲလိုလိုဖြစ်နေမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်သွေးတိုးရှိနေပြီလို့ပြောလို့ရပါတယ်။ ကိုယ်ဝန်ဆောင်သွေးတိုးဆိုတဲ့နေရာမှာလည်း
    သွေးတိုးရောဂါအခံရှိတာ – ကိုယ်ဝန်မဆောင်ခင်ကတည်းကသွေးတိုးရှိနေတဲ့ အခြေအနေ

    Chronic hypertension with superimposed preeclampsia – ကိုယ်ဝန်မဆောင်ခင်ကတည်းကသွေးတိုးရှိပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးရောဂါ ပိုဆိုးလာတဲ့အခြေအနေ

    ကိုယ်ဝန်ဆောင်သွေးတိုး – ကိုယ်ဝန်ဆောင်ကာလ အပတ် ၂၀နောက်ပိုင်းမှာမှသွေးပေါင်ချိန်မြင့်တက်လာတဲ့ အခြေအနေမျိုးဖြစ်ပြီး အရင်ကသွေးတိုးလက္ခဏာတစ်စုံတရာ ခံစားရဖူးခြင်းမရှိတဲ့ အခြေအနေ

    ကိုယ်ဝန်သွေးဆိပ်တက်ခြင်း – ကိုယ်ဝန်ဆောင်နောက်ပိုင်းကာလမှာ ခံစားရတဲ့ အခြေအနေတစ်ခုပါ။သွေးတိုးတာရဲ့နောက်ဆက်တွဲအနေနဲ့ခံစားရတာပါ။သွေးထဲမှာ ပရိုတင်းများနေတာ။ခြေလက်တွေဖောရောင်နေတာမျိုးဖြစ်နိုင်ပါတယ်။ ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကို ထိခိုက်မိစေနိုင်ပြီး မိခင်ရော ကလေးကို ပါထိခိုက်စေနိုင်တဲ့အခြေအနေဆိုပြီး အမျိုးမျိုးကွဲပြားပါသေးတယ်။

    ကိုယ်ဝန်ဆောင်သွေးတိုး ဘယ်သူတွေမှာပိုဖြစ်နိုင်လဲ

    အမျိုးသမီးတိုင်း ကိုယ်ဝန်ဆောင်သွေးတိုးမခံစားရနိုင်ပေမယ့် ကိုယ်ဝန်ဆောင်အများစုက ကိုယ်ဝန်ဆောင်သွေးတိုးခံစားရနိုင်ပါတယ်။ အခုပြောပြမယ့်မေမေတွေကတော့ ကိုယ်ဝန်ဆောင်သွေးတိုး ခံစားရနိုင်ခြေပိုများသူတွေပေါ့။

    • အသက် ၂၀အောက်မေမေတွေ
    • အသက် ၄၀ အထက်မေမေတွေ
    • သွေးတိုးရောဂါအခံရှိတဲ့မေမေတွေ
    • ပထမကိုယ်ဝန်တုန်းက ကိုယ်ဝန်ဆောင်သွေးတိုးခံစားရဖူးတဲ့မေမေတွေ
    • ကိုယ်ဝန်ဆောင် ဆီးချိုရှိတဲ့မေမေတွေ
    • အဝလွန်ေနတဲ့မေမေတွေ
    • ကိုယ်ခံအားြပဿနာရှိတဲ့မေမေတွေ
    • ကျောက်ကပ်ရောဂါရှိတဲ့မေမေတွေ
    • အမြွှာကိုယ်ဝန်ေဆာင်ထားရတဲ့မေမေတွေ
    • ကိုယ်ဝန်ဆောင်သွေးတိုးခံစားရဖူးတဲ့ မျိုးရိုးရှိတဲ့မေမေတွေက ကိုယ်ဝန်ဆောင်သွေးတိုးခံစားရနိုင်ခြေ ပုံမှန်ထက်ပိုများကြပါတယ်။

    ကိုယ်ဝန်ဆောင်သွေးတိုးကြောင့် ဘာတွေဖြစ်နိုင်လဲ

    ကိုယ်ဝန်ဆောင်သွေးတိုး ခံစားရပြီဆိုရင်မေမေရော ကလေးမှာပါ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်သွေးတိုးက အချင်း ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေနိုင်တာကြောင့်ဘေဘီလေးဆီ အာဟာရတွေနဲ့အောက်ဆီဂျင်ရောက်ရှိမှုကို ကန့်သတ်တာမျိုးဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေက
  • လမစေ့ဘဲ ကလေးမွေးဖွားတာ
  • ပေါင်မပြည့်တဲ့ ကလေးမွေးတာ
  • အချိန်မတိုင်ခင် အချင်းကွာတာ
  • မိခင်တက်တာ
  • လေဖြတ်တာ
  • ကျောက်ကပ်ထိခိုက်တာ
  • အသည်းထိခိုက်တာ
  • သွေးခဲတာ
  • ခွဲမွေးရတာမျိုးတွေလိုမျိုးနောက်ဆက်တွဲကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။
  • ဘယ်လိုကာကွယ်မလဲ

    ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့သွေးတိုးရောဂါကြောင့်ဘေဘီလေးရော၊မေမေမှာပါထိခိုက်တာမျိုးမဖြစ်စေဖို့ ဒီနည်းလမ်းလေးတွေက သက်သာစေဖို့ရော ကာကွယ်တဲ့အနေနဲ့ပါ အသုံးဝင်မှာပါ။

    ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ဖို့ မဆိုလိုပါဘူး။ ကိုယ်ဝန်ဆောင်မေမေတို့ သက်တောင့်သက်သာဖြစ်စေပြီး ကိုယ်ခံအားကောင်းစေမယ့်လေ့ကျင့်ခန်းမျိုးကို တစ်နေ့ကို မိနစ် ၃၀လောက်လုပ်ပေးပါ။ လမ်းလျှောက်တာမျိုးဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်ယောဂလိုမျိုး လေ့ကျင့်ခန်းတွေလုပ်ပေးပါ။

    ဆားလျှော့စားပါ

    ကိုယ်ဝန်ဆောင်သွေးတိုးကို ကာကွယ်နိုင်မယ့် သဘာဝ နည်းလမ်းတစ်ခုက ဆားလျှော့စားတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာဟော်မုန်းမမျှတတာကြောင့် ကိုယ်ခံအားထိခိုက်တာမျိုးဖြစ်စေနိုင်သလိုသွေးတိုးတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ဆားလျှော့စားတာကမေမေတို့အတွက် အကောင်းဆုံးဖြစ်မှာပါ။

    ငှက်ပျောသီးစားပေးပါ

    တစ်နေ့ကို ငှက်ပျောသီးတစ်လုံး ပုံမှန်စားပေးပါ။ ဒီလိုစားပေးတာက အမျှင်ဓါတ်ရရှိစေတာကြောင့် ဝမ်းမှန်စေနိုင်သလို ပိုတက်ဆီယမ်ပါဝင်မှုကြောင့်သွေးတိုးကာကွယ်ပေးမှာ အသေအချာပါ။သွေးတိုးတတ်သူတွေအတွက် ဓါတ်စာဆိုလည်း မမှားပါဘူး။

    စိတ်ဖိစီးမှုလျှော့ပါ

    စိတ်ဖိစီးမှုကလည်းသွေးတိုးစေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် တစ်နေ့ကို မိနစ် ၃၀လောက် သီချင်းနားထောင်ပေးတာ၊ တရားထိုင်တာမျိုးတွေလုပ်ပြီးသွေးတိုးတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါ။

    ကဖင်းရှောင်ပါ

    ကဖင်းသောက်သုံးမှုကလည်းသွေးတိုးစေတဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒါကြောင့်မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့သွေးပေါင်ချိန်ရရှိစေဖို့ ကဖင်းကို တတ်နိုင်သမျှလျှော့ပါ။

    သရေစာတွေရှောင်ပါ

    အာလူးကြော်တွေ၊ကွတ်ကီးတွေလိုမျိုး တာရှည်ခံအောင်လုပ်ထားပြီး အငန်ကဲတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှရှောင်ပါ။ ဒါမှ ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးဖြစ်တာကိုလျော့ကျစေနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement