Covid-19 ခေါ် ပြင်းထန်ကူးစက်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ သံသယရှိလူနာများနှင့် ၎င်းတို့အား ပြုစုစောင့်ရှောက်သူများလိုက်နာရန်အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

– လူနာအား လေဝင်လေထွက်ကောင်းသော အခန်းတစ်ခုထဲတွင်ထားပါ (ပြတင်းပေါက်များနှင့် တံခါးပါ ဖွင့်ထားပါ)

– လူနာအားနေအိမ်ထဲတွင်တတ်နိုင်သမျှသွားလာလှုပ်ရှားခြင်းကို ကန့်သတ်ပါ၊ မိသားစုဝင်များပါ အသုံးပြုသော နေရာများဖြစ်သည့် မီးဖိုချောင်၊ သန့်စင်ခန်းတို့ကို လေဝင်လေထွက်ကောင်းအောင်ထားပါ

သံသယလူနာသည် အတူနေမိသားစုဝင်များနှင့်အခန်းသီးသန့်ခွဲနေသင့်ပါသည်၊ အကယ်၍ခွဲနေရန် အဆင်မပြေပါက သံသယလူနာနှင့် အနည်းဆုံး တစ်မီတာအကွာတွင်နေထိုင်သင့်ပါသည်

– သံသယလူနာကိုပြုစုရန် လူတစ်ယောက်ကိုသာ သီးသန့်တာဝန်ပေးထားပါ၊ အထူးသဖြင့် ကျန်းမာရေး ကောင်းမွန်ပြီး ရောဂါအခံမရှိသည့်သူသာ လူနာကိုပြုစုသင့်ပါသည်။ လူနာလုံးဝနေပြန်မကောင်းသရွေ့ တခြားသူများလာရောက်တွေ့ဆုံခြင်းကို လုံးဝလက်မခံပါနှင့်

– သံသယလူနာနှင့်လည်းကောင်း၊ လူနာ၏ပတ်ဝန်းကျင်နှင့်လည်းကောင်း ထိတွေ့ပြီးပါက လက်ကိုစနစ်တကျသေချာဆေးကြောပါ။ အစားအစာများကို ပြင်ဆင်မချက်ပြုတ်မီ၊ ချက်ပြုတ်ပြီး၊ မစားမီ၊ သန့်စင်ခန်းအသုံးမပြုမီနှင့် လက်ညစ်ပတ်နေသည့်အချိန်တိုင်း လက်ကိုသေချာစွာဆေးကြောပေးပါ။ လက်များ သိသာစွာညစ်ပေနေခြင်းမရှိပါက အယ်လ်ကိုဟောပါဝင်သော လက်ဆေးရည်ဖြင့် ဆေးကြောနိုင်သည်။ သိသာစွာညစ်ပေနေပါက ဆပ်ပြာနှင့်ရေသုံး၍ ဆေးကြောပေးပါ

– ဆပ်ပြာနှင့်ရေသုံး၍ လက်ဆေးပြီးသည့်အခါ လက်ခြောက်အောင် တစ်ခါသုံးစက္ကူဖြင့် သုတ်ပေးပါ။ တစ်ခါသုံးစက္ကူမရှိပါက သန့်စင်သောအဝတ်ဖြင့်သုတ်ပါ၊ အဝတ်စိုစွတ်လာပါက အသစ်လဲလှယ်ပါ

– အသက်ရှူလမ်းကြောင်းမှထွက်ရှိလာမည့် အမှုန်အမွှားများကိုတားဆီးနိုင်ရန် လူနာအနေဖြင့် နှာခေါင်းစည်း ဝတ်ဆင်ထားသင့်ပါသည်။ နှာခေါင်းစည်းတပ်ဆင်ရန်အဆင်မပြေပါက နှာစေး၊ ချောင်း ဆိုးသည့်အခါ ပါးစပ်နှင့်နှာခေါင်းကိုတစ်ခါသုံးစက္ကူဖြင့်အုပ်ထားရမည်ဖြစ်ပြီး အသုံးပြုပြီးပြီးခြင်း လွှင့်ပစ်ရပါမည် (သို့မဟုတ်) သန့်ရှင်းရေးလုပ်ရပါမည် (ဥပမာ – အသုံးပြုပြီး လက်ကိုင်ပဝါ ကို ဆပ်ပြာနှင့်ရေသုံး၍လျှော်ဖွတ်ဆေးကြောခြင်းမျိုးဖြစ်သည်)

– သံသယလူနာကို ပြုစုစောင့်ရှောက်ပေးနေသူများသည် လူနာနှင့်တစ်ခန်းတည်းရှိနေချိန်တွင် နှာခေါင်း စည်းကိုသေချာစနစ်တကျဝတ်ဆင်ရပါမည်။ ဝတ်ဆင်ထားချိန်အတွင်း နှာခေါင်းစည်းကိုလုံးဝထိတွေ့ ကိုင်တွယ်ခြင်းမပြုရပါ။ နှာခေါင်းစည်းညစ်ပတ်ပေရေသွားပါက နှာခေါင်းစည်းအသစ်တစ်ခုချက်ခြင်း လဲလှယ်အသုံးပြုပါ။ နှာခေါင်းစည်းကိုဖြုတ်ရာတွင်လည်း နှာခေါင်းစည်းအရှေ့ကိုမထိဘဲ ဘေးမှသာ ဖြုတ်ပါ၊ ဖြုတ်လိုက်သောနှာခေါင်းစည်းကို ချက်ခြင်းစွန့်ပစ်ပြီး လက်ကိုသေချာစွာ ဆေးကြောပါ

– သံသယလူနာ၏ ခန္ဓာကိုယ်မှထွက်သောအရည်များနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ (အထူးသဖြင့် တံတွေး၊ နှပ်၊ ဝမ်း စသည်)။ လူနာအား ကိုင်တွယ်ပြုစုရာတွင် တစ်ခါသုံး လက်အိတ်နှင့် နှာခေါင်းစည်းတို့ကိုသာအသုံးပြုပေးပါ၊ လက်အိတ်နှင့်နှာခေါင်းစည်းတို့ချွတ်ပြီး ပြီးခြင်း လက်ကိုဆပ်ပြာနှင့်သေချာဆေးကြောပါ

– နှာခေါင်းစည်းနှင့် လက်အိတ်များကို လုံးဝပြန်လည်အသုံးမပြုပါနှင့်

– သံသယလူနာအသုံးပြုရန်အဝတ်အစားများ၊ အသုံးအဆောင်များကို သီးသန့်ခွဲထားပါ။ တစ်ခါသုံးအသုံးအဆောင်များမဟုတ်ပါက တစ်ကြိမ်အသုံးပြုပြီးတိုင်း ဆပ်ပြာနှင့်ရေသုံး၍ သေချာဆေးကြောပေးပါ

– သံသယလူနာနေထိုင်သည့်အခန်းအတွင်းရှိ ၎င်းမကြာခဏထိတွေ့မိနိုင်သော နေရာများကို နေ့စဉ် သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ပေးပါ။ သန့်စင်ရန်အတွက် ပုံမှန်အိမ်သုံးဆပ်ပြာ (သို့မဟုတ်) အစွန်းချွတ်ဆေးကို ဦးစွာသုံးစွဲပြီး ပိုးသတ်ဆေးကြောရန်အတွက် 0.5% sodium hypochlorite ပါဝင်သည့် ပိုးသတ်ဆေးဖြင့် တိုက်ချွတ်ဆေးနိုင်ပါသည်

– သန့်စင်ခန်း၊ ရေချိုးခန်းများကို အနည်းဆုံး တစ်နေ့တစ်ကြိမ်သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ပေးပါ။ သန့်စင်ရန်အတွက် ပုံမှန်အိမ်သုံးဆပ်ပြာ (သို့မဟုတ်) အစွန်းချွတ်ဆေးကို ဦးစွာသုံးစွဲပြီး ပိုးသတ်ဆေးကြောရန်အတွက် 0.5% sodium hypochlorite ပါဝင်သည့် ပိုးသတ်ဆေးဖြင့် တိုက်ချွတ်ဆေးနိုင်ပါသည်

– သံသယလူနာ၏ အဝတ်အထည်များ၊ အိပ်ရာခင်းများ၊ သဘက်များ၊ လက်သုတ်ပဝါများကို အဝတ်လျှော်ဆပ်ပြာနှင့် ရေသုံး၍လည်းကောင်း၊ အဝတ်လျှော်စက်ကို 60-90’C ထား၍အစွန်း ချွတ်ဆေးသုံး၍လည်းကောင်း လျှော်ပေးရပါမည်။ လူနာအသုံးပြုပြီးသော အိပ်ယာခင်းများကို အဝတ်အိတ်ထဲသို့ထည့်ပါ။ လူနာအသုံးအဆောင်များထည့်ထားသောအိတ်နှင့် မထိတွေ့မိအောင် သတိပြုပါ

– သံသယလူနာထိတွေ့ခဲ့သည့် နေရာများ၊ အဝတ်အစားများ၊ လူနာ၏ ခန္ဓာကိုယ်မှ ထွက်သည့်အရည်များကို ကိုင်တွယ်ထိတွေ့ရာတွင် လက်အိတ်များ၊ အကာအကွယ်ဝတ်စုံများ (ဥပမာ-ပလပ်စတစ်အဝတ်ကာ) ဝတ်ဆင်သင့်ပါသည်။ သန့်ရှင်းရေးလုပ် ရမည့်အခြေအနေပေါ်မူတည်၍ တစ်ခါသုံးလက်အိတ်သော်လည်းကောင်း လုပ်ငန်းသုံးလက်အိတ်သော်လည်းကောင်းအသုံးပြုနိုင်ပါသည်။ လုပ်ငန်းသုံးလက်အိတ်များကို အသုံးပြုပြီးတိုင်း ဆပ်ပြာ၊ ရေသုံး၍ ဆေးကြောပြီး 0.5% sodium hypochlorite ဖြင့်ပိုးသတ်ပါ။ တစ်ခါသုံးလက်အိတ်များကို အသုံးပြုပြီးသည်နှင့်ချက်ခြင်းလွှင့်ပစ်ပါ။ လက်အိတ်များမဝတ်ခင်နှင့် ချွတ်ပြီးတိုင်းလည်း လက်ဆေးပါ

– သံသယလူနာအားအိမ်တွင် ပြုစုစောင့်ရှောက်ရာမှ ထွက်လာသော လက်အိတ်များ၊ နှာခေါင်းစည်းများ နှင့် တခြားအမှိုက်များကို ကူးစက်တတ်သောစွန့်ပစ်ပစ္စည်းများအဖြစ်မစွန့်ပစ်မီ လူနာ၏အခန်းအတွင်း တွင်အလုံပိတ်အမှိုက်ပုံးဖြင့် ထားရှိပါ

– သံသယလူနာပတ်ဝန်းကျင်မှ လူနာနှင့်ထိတွေ့မှုရှိနိုင်သည့် အရာများကို ရှောင်ကြဉ်ပါ (ဥပမာ – သွားပွတ်တံနှင့်သွားတိုက်ဆေးမျှဝေသုံးစွဲခြင်း၊ ဆေးလိပ်အတူသောက်ခြင်း၊ ထမင်းစားပန်းကန်ခွက် ယောက်များမျှဝေသုံးစွဲခြင်း၊ သဘက်များ၊ အိပ်ရာခင်းများ မျှဝေသုံးစွဲခြင်းတို့ပါဝင်ပါသည်)

– ကျန်းမာရေးဝန်ထမ်းမှ သံသယလူနာအား အိမ်တွင်စောင့်ရှောက်မှုပေးသည့်အခါတွင် အကာအကွယ်ပစ္စည်းများကို နည်းလမ်းတကျဝတ်ဆင်အသုံးပြုရမည်ဖြစ်သလို ရောဂါကူးစက်ခြင်း မရှိစေရန် သတိရှိရှိဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်။

ရေးသားသူ – Dr. Htoo Tint

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

တစ်နေကုန် နေပူထဲမှာ သွားလာရတယ်ဆိုရင် ရေသောက်ဖြစ်ဖို့က အခွင့်အလမ်း နည်းသွားသလို ရေဓာတ်ပြည့်ဝဖို့ကလည်း အတော်လေး ခက်ခဲ သွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား...... အဖြေက ဘာဖြစ်မယ် ထင်လဲ...... ဆေင်းပါးလေးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်မှုက သွားတွေ၊ နှလုံး၊ အသည်းကစလို့ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေမှာရော အသားအရေတွေ အပေါ်မှာပါ  သက်ရောက်မှု ရှိတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ အကြောင်း

ဆယ်ကျော်သက်အရွယ် မှာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု များစွာကို ကြုံရနိုင်တာကြောင့် ကြုံတွေ့ရမယ့် ပြောင်းလဲမှု နဲ့ အခက်အခဲတွေကို ဒီလိုကျော်ဖြတ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ဆယ်ကျော်သက်အရွယ် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read