home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ခေါင်းကိုက်နေတာလား။ မအီမသာဖြစ်နေတာလား

ခေါင်းကိုက်နေတာလား။ မအီမသာဖြစ်နေတာလား

ခေါင်းကိုက်တာနဲ့မအီမသာဖြစ်တာတွေက နေ့စဉ်ဘဝမှာကြုံတွေ့နေကျ ကျန်းမာရေးပြဿနာတွေပါ။ ကြီးကြီးမားမား ကျန်းမာရေးပြဿနာမဟုတ်ပေမယ့် အလုပ်အကိုင်ပျက်ပြီး နေရထိုင်ရခက်စေတာကတော့ အမှန်ပါ။ ဒီတစ်ခေါက်တော့ နေရထိုင်ရခက်စေတဲ့ ဒီကျန်းမာရေးပြဿနာလေးတွေအကြောင်းပြောပြပေးချင်ပါတယ်နော်။

ခေါင်းကိုက်တယ်ဆိုတာ

ခေါင်းကိုက်တယ်ဆိုတာက ဦးရေပြား၊ Sinuses နဲ့ ဇက်တဝိုက်မှာခံစားရတဲ့ သက်တောင့်သက်သာမရှိတဲ့အနေအထား တစ်ရပ်ပါ။ ခေါင်းတဝိုက်ကကြွက်သားတွေနာသလိုမျိုးလည်းခံစားရနိုင်ပါတယ်။ ရာသီဥတုအပြောင်းအလဲ၊ ကဖင်း နဲ့ အယ်လ်ကိုဟောများသွားတာ၊ ရေဓါတ်နည်းတာ၊ အစားအစာတွေ၊ အိပ်ချိန်မပြည့်ဝတာတွေကြောင့် ခေါင်းကိုက်နိုင်ပါတယ်။

မအီမသာဖြစ်တယ်ဆိုတာ

မအီမသာဖြစ်တာက ဦးခေါင်းထဲမှာခံစားရတာမဟုတ်ဘဲ အစာအိမ်ထဲမှာ သက်တောင့်သက်သာမဖြစ်တဲ့ခံစားမှုမျိုးပါ။ ခေါင်းကိုက်တဲ့အခါ အန်ချင်တာမျိုးမဖြစ်နိုင်ပေမယ့် မအီမသာဖြစ်တဲ့အခါ ခေါင်းထဲက ခဲနေတတ်ပြီး အန်လိုက်မှ သက်သာ သွားတတ်ပါတယ်။ အစာမကြေတဲ့အခါမျိုးမှာ ခေါင်းထဲကခဲနေတာက ခေါင်းကိုက်တာကြောင့် မဟုတ်ပါဘူး။ မအီမသာဖြစ်နေတာလို့ပြောရပါမယ်။

ဒီအခြေအနေနှစ်ရပ်က မတူပေမယ့် တစ်ခါတလေမှာ အခြေအနေနှစ်ရပ်ကို အတူတူတွဲလို့ခံစားရနိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာ ဒီအခြေအနေနှစ်ရပ်ကို အတူတူခံစားရနိုင်တာလဲ

အချို့သော ခေါင်းကိုက်ခြင်းတွေက မအီမသြာဖစ်တာနဲ့အတူတူခံစားရလေ့ရှိပြီး အန်လိုက်မှ သက်သာသွားတာမျိုးရှိပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရတဲ့ အခါ ခေါင်းကိုက်တာနဲ့မအီမသာဖြစ်တာကို တွဲပြီးခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်ခြင်း သိပ်မပြင်းထန်တဲ့ခေါင်းကိုက်တာမျိုးကနေစလို့ ပြင်းထန်တဲ့အနေအထားမျိုးအထိခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းထဲမှာ တဒုတ်ဒုတ်နဲ့ခံစားနေရပြီး ခေါင်းတစ်ဖက်ထဲမှာ ကိုက်နေနိုင်ပါတယ်။ ဒီအချက်တွေကြောင့် ခေါင်းကိုက်တာနဲ့ မအီမသာဖြစ်တာတွေကိုခံစားရနိုင်ပါတယ်။

ပြင်းထန်တဲ့ရောဂါအခြေအနေတွေကြောင့်လည်း ဒီအခြေအနေနှစ်ရပ်ကို အတူတူခံစားရနိုင်ပါတယ်။

ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ပြမလဲ

အရမ်းမပြင်းထန်ဘူးဆိုရင်တော့ ခေါင်းကိုက်တာနဲ့မအီမသာဖြစ်တာက သူ့အလိုလိုသက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမှမဟုတ်ဘဲ အချိန်တော်တော်ကြာတဲ့အထိ မသက်သာဘဲဖြစ်နေမယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ဖြစ်နေတာဖြစ်နိုင်တဲ့အတွက် တတ်ကျွမ်းနားလည်သူနဲ့ပြသသင့်ပါတယ်။

ခေါင်းကိုက်တာ၊မအီမသာဖြစ်တာနဲ့အတူ

  • စကားတွေ ပလုံးပထွေးပြောမယ်
  • အာရုံတွေရှုပ်ထွေးလာမယ်
  • ညီးစီစီဖြစ်မယ်
  • အဖျားတက်မယ်
  • ဇက်ကြောကြီးက တင်းနေမယ်
  • ၂၄ နာရီကျော်တဲ့အထိ အန်နေမယ်
  • သတိလစ်မယ်
  • ၈ နာရီတိုင်ဆီးလုံးဝမသွားဘဲဖြစ်နေမယ် ဆိုရင်တော့ စိုးရိမ်ရပါတယ်နော်။

ဘယ်လိုကာကွယ်မလဲ

ခေါင်းကိုက်တာနဲ့ မအီမသာဖြစ်တာကနေ ကာကွယ်ဖို့ ဒီအလေ့အကျင့်လေးတွေကို ပျိုးထောင်သင့်ပါတယ်။

  • အိပ်ရေးဝဝအိပ်ပါ
  • ရေဓါတ်ြပည့်ဝအောင်နေပါ
  • အာဟာရမျှတအောင်စားသုံးပါ
  • ကဖင်းနဲ့အယ်လ်ကိုဟောေတွကို အလွန်အကျွံမစားသုံးပါနဲ့
  • လက်ကိုပုံမှန်ဆေးကြောပြီး ကူးစက်ရောဂါပိုးတွေအန္တရာယ်ကို ကာကွယ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

What’s Causing My Headache and Nausea? https://www.healthline.com/health/headache-and-nausea Accessed Date 2 March 2019

What causes a headache with nausea? https://www.medicalnewstoday.com/articles/322317.php Accesssed Date 2 March 2019

Causes of Headache With Nausea https://www.webmd.com/migraines-headaches/headaches-migraines-and-nausea#1 Accessed Date 2 March 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 4 နာရီ အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။