ရေကို သဲအိုးထဲမှာ ညသိပ်ပေးတာကလည်း ရေသန့်စင်နည်းတစ်မျိုးပါနော်။ ရေက ဆိုးဆိုးရွားရွား ညစ်ပတ်နေတာမျိုးမဟုတ်ဘူးဆိုရင် သဲအိုးထဲမှာ တစ်ညသိပ်ပေးတာမျိုးလုပ်ပေးနိုင်ပါတယ်။
ဒါကလည်း ရေသန့်စင်နည်းတစ်ခုပါ။ သောက်ရေသန့်တစ်ခုဖြစ်လာစေဖို့ အသုံးပြုသင့်တဲ့ နည်းလမ်းတစ်ခုပေါ့။ အိုင်အိုဒင်းက ရေထဲမှာပါတဲ့ ရောဂါပိုးတွေကိုသေစေနိုင်ပါတယ်နော်။ ရေကို အိုင်အိုဒင်းမခတ်ခင်မှာ နေပူအရင်ပြရပါမယ်။ ရေကနွေးလာပြီဆိုရင် အိုင်အိုဒင်းထည့်ပေးရပါမယ်။ အညွှန်းပါတဲ့အတိုင်း အတိအကျလိုက်ဖို့တော့လိုပါမယ်။ အိုင်အိုဒင်းခတ်ထားတဲ့ရေကို မိနစ် ၃၀ ကြာထားပြီးမှ သောက်ရပါမယ်။
အရေးပေါ်ရေသန့်စင်နည်းတစ်ခုပါ။ ကလိုရင်းဆေးပြားကိုသုံးပြီး ရေသန့်စင်ပေးတာပါ။ ကလိုရင်းဆေးဘူးမှာပါတဲ့ အညွှန်းအတိုင်း အတိအကျလိုက်ဖို့လိုပါမယ်။ရေထဲက မျက်စိနဲ့မမြင်ရတဲ့ ပိုးမွှားတွေကို သန့်စင်ပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့်ကတော့ရေ ၄ လီတာကို ကလိုရင်းဆေးရည် ၁၆ စက်၊ ၂ လီတာကို ကလိုရင်းဆေးရည် ၈ စက် ဆိုပြီး ချပေးရတာပါ။ မသောက်သုံးခင်မှာ ခဏတော့စောင့်ပေးဖို့လိုပါမယ်နော်။
ကဲ Hello ဆရာဝန်ပရိသတ်ကြီးတို့ နွေပူပူမှာ သောက်စရာရေချိုရေသန့်ရှားပါးတာကြောင့် မသန့်တဲ့ရေတွေကို သောက်မိပြီးရောဂါဖြစ်တဲ့ ဘေးက ကင်းကြပါစေကြောင်း ……….
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။