backup og meta

ဘေဘီလေး အသားမည်းမှာစိုးတဲ့ မေမေတို့အတွက်


Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေး အသားမည်းမှာစိုးတဲ့ မေမေတို့အတွက်

    အသားအရေထိန်းသိမ်းဖို့ လူကြီးတွေပဲ လိုအပ်တာလား။ မဟုတ်ဘူးနော်။ အရွယ် သုံးပါးစလုံးလိုအပ်တာပါ။ ဒါဆိုဘေဘီလေးတွေလည်း လိုအပ်တာပေါ့ဆိုရင် ဟုတ်တာပေါ့လို့ပြန်ဖြေပါရစေနော်။ဘေဘီလေးတွေရေနွေးနဲ့ ရေချိုးမိလို့၊ ရေကျောက်ပေါက်လို့စတဲ့ အရေပြားပြဿနာတစ်စုံတစ်ခု ခံစာရတာကြောင့် အသားတွေမည်းသွားတဲ့အခါ အသားပြန်ဖြူမလာမှာကို စိုးရိမ်မိတယ်ဟုတ်။ ဒီပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းလေးတွေရှိပါတယ်။

    အသားဖြူဖို့ပေါင်းတင်ရအောင်ဘေဘီလေးတို့ရေ

    နဂိုညိုမဟုတ်တဲ့ဘေဘီလေးတွေအတွက် အသားဖြူစေမှာ အသေအချာပါ။

    နနွင်းနဲ့နို့

    နို့က အသားဖြူဝင်းစေတဲ့ သဘာဝပစ္စည်းတစ်ခုပါ။ အရေပြားအတွက် လိုအပ်တဲ့ အာဟာရတွေကိုလည်းဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင်အေပါဝင်တာကြောင့် အရေပြားဆဲလ်တွေကို ကျန်းမာစေနိုင်ပါတယ်။ နနွင်းနဲ့နို့ကို ခပ်ပျစ်ပျစ်လေးဖျော်ပြီး ကလေးကိုယ်အနှံ့မှာ လူးပေးပါ။ပြီးရင်ခြောက်တဲ့ အထိထားလိုက်ပါ။နောက်ဆုံးအဆင့်ကတော့ရေစွတ်ထားတဲ့ တဘက်လေးနဲ့ ခပ်ဖွဖွလေးသုတ်ပေးလိုက်ပါ။ပြီးရင် ဆပ်ပြာမသုံးဘဲ ကလေးကိုရေချိုးပေးလိုက်ပါ။ တစ်ပတ်တစ်ကြိမ်လေက်လုပ်ပေးမယ်ဆိုရင် ကလေးက သိသိသာသာအသားဖြူလာမှာပါ။

    ဒိန်ချဉ်နဲ့ ခရမ်းချဉ်သီး

    ခရမ်းချဉ်သီးက အသားအရေကို လင်းလက်စေတဲ့ အာနိသင်အပြည့်ရှိတာ သိပြီးဖြစ်မှာပါ။ ခရမ်းချဉ်သီးကို အရည်ကြိတ်လိုက်ပါ။ပြီးရင် ဒိန်ချဉ်နဲ့ရောလိုက်ပါ။ အုတ်ဂျုံနည်းနည်းထည့်ပေးရင်ပိုအဆင်ပြေပါတယ်။ပြီးရင်တော့ ကလေးရဲ့ အသားအရေပေါ်မှာ လူးပေးပြီးခြောက်တဲ့ အထိထားလိုက်ပါ။ခြောက်သွားရင်ရေစိုတဘက်လေးနဲ့ ခပ်ဖွဖွသုတ်လို့ ဆပ်ပြာမသုံးဘဲရေချိုးပေးပါ။ အဆီထုတ်ဒိန်ချဉ်က ပိုအဆင်ပြေမှာပါ။

    အုန်းဆီ

    ကလေးအသားအရေကို သဘာဝ အုန်းဆီစစ်စစ် သုံးပြီးနှိပ်နယ်ပေးတာက အသားအရေကိုဖြူစင်ဝင်းပလာစေမယ့် သဘာဝနည်းလမ်းတစ်ခုပါ။ ကလေးကို အုန်းဆီခပ်နွေးနွေးလေးသုံးလို့ နေ့စဉ် နှိပ်နယ်ပေးပါ။

    မန်ကျည်းသီး

    မန်ကျည်းသီးမှည့်ကို အနှစ်တိုက်လို့ အသားပေါ်မှာလူးပေးပြီးခြောက်တဲ့အထိထားလိုက်ပါ။ပြီးရင် ဆပ်ပြာမသုံးဘဲရေချိုးပေးလိုက်ပါ။ တစ်ပတ်တစ်ကြိမ်လုပ်ရုံနဲ့ သိသာလာမှာပါ။

    ရှားစောင်းလက်ပပ်

    ရှားစောင်းလက်ပပ်အနှစ်ကို အသားပေးမှာ လူးပေးပြီးခြောက်တဲ့အထိထားပါ။ပြီးရင် တဘက်ရေစိုလေးနဲ့ ခပ်ဖွဖွသုတ်ပေးပါ။

    ကလေးကိုပေါင်းတင်ပေးတဲ့အခါ နုနယ်သေးတဲ့ အသားအရေလေးထိခိုက်မှုနည်းစေဖို့ သဘာဝပစ္စည်းလေးတွေကိုပဲ သုံးဖို့ မမေ့ပါနဲ့။ ဒီနည်းလေးတွေ သုံးပြီး ကလေးကို အသားဖြူလာအောင်ပေါင်းတင်ပေးပါနော်။ပေါင်းတင်ပြီးတိုင်း baby lotionလေးလူးပေးဖို့မေမေ့ပါနဲ့။

    ဘေဘီလေးအသားဖြူစေဖို့ သိထားသင့်တာအချို့

    ရေများများတိုက်ပါ

    ရေဓာတ်ကလည်း အသားအရေအတွက် အတော်လေးအထောက်အကူပြုပါတယ်။ ဒါကြောင့်ဘေဘီလေးက ၆လကျော်သွားပြီဆိုရင်တော့ ရေတိုက်လို့ရပါပြီ။ ကလေးကို အစားစားပြီးချိန်၊ အိပ်ရာကနိုးလာချိန်တွေမှာရေပုံမှန်တိုက်ပေးပါ။

    နို့တိုက်ပါ

    ကလေးက နွားနို့သောက်လို့ရတဲ့ အရွယ်ရောက်ပြီ။ နွားနို့နဲ့ ဓာတ်မတည့်တာမျိုးလည်း မရှိဘူးဆိုရင် ကလေးကိုနေ့စဉ်နွားနို့တစ်ခွက်ပုံမှန်တိုက်ပေးပါ။ နွားနို့သောက်တာကလည်း အသားဖြူစေနိုင်ပါတယ်။

    အသီးအနှံတွေကျွေးပါ

    ကလေးကို အသားအရေအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ မုန်လာဥနီ၊လိမ္မော်သီး၊ ကိုက်လန်၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး စတဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကိုကျွေးပေးပါ။

    ဒိန်ချဉ်

    ဘေဘီလေးက ဒိန်ချဉ်သောက်လို့ရတဲ့ အရွယ်ရောက်ပြီဆိုရင်လည်းဘေဘီလေးကို ဒိန်ချဉ်တိုက်ပေးလို့ရပါတယ်။ ဒီနည်းကလည်း ကလေးကို အသားဖြူစေဖို့ အထောက်အကူပြုနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement