backup og meta

မိသားစုဝင်တွေကို ခြင်အန္တရာယ်ကနေ ကာကွယ်ပေးမယ့် နည်းလမ်း (၁၀) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 08/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိသားစုဝင်တွေကို ခြင်အန္တရာယ်ကနေ ကာကွယ်ပေးမယ့် နည်းလမ်း (၁၀) ချက်

    နေရာတိုင်းမှာ ရှောင်လို့မရတာ ခြင်ဆိုရင် လက်ခံကြလား စာဖတ်ပရိသတ်တို့။ တီဗွီကြည့်ရင်းဖြစ်ဖြစ်၊ ဂိမ်းဆော့ရင်းဖြစ်ဖြစ်၊ စာရေးစာဖတ်လုပ်နေရင်းဖြစ်ဖြစ် တစ်ခုခုကို စိတ်ဝင်စားသွားတဲ့အချိန်မျိုးမှာ သတိလွတ်သွားတာနဲ့ ခြင်တွေကတော့ သူတို့တာဝန်ကျေအောင် ကိုက်ပြီးသားပဲနော်။ တစ်ခါတလေများခြင်ကိုက်မခံရဘဲနေရရင် ကောင်းမယ်လို့ စဉ်းစားမိဖူးလား။ ဒီဆောင်းပါးလေးထဲကအတိုင်း ခြင်တွေကို ကာကွယ်လိုက်ပါ။ ကဲ ….. မိသားစုဝင်တွေကို ခြင်အန္တရာယ်ကနေ ကာကွယ်ပေးမယ့် နည်းလမ်း (၁၀) ချက် ကို ကြည့်လိုက်ရအောင်နော်။

    မိသားစုဝင်တွေကို ခြင်အန္တရာယ်ကနေ ကာကွယ်ပေးမယ့် နည်းလမ်း (၁၀) ချက်

    ခြင်အန္တရာယ်ကင်းကင်းနဲ့ နေထိုင်ချင်သူတွေအနေနဲ့ ဒီအချက်လေးတွေကိုဖတ်ကြည့်ပါ။ မိသားစုဝင်တွေကို ခြင်အန္တရာယ်ကနေ ကာကွယ်ပေးမယ့် နည်းလမ်း (၁၀) ချက် ကတော့

    () ခြင်ကိုက်မခံရစေဖို့ ဂရုစိုက်ပါ -ခြင်ကိုက်မခံရဖို့ဆိုတဲ့နေရာမှာလည်း ကိုယ့်ဘက်က ဂရုစိုက်ကာကွယ်တတ်ဖို့လိုပါတယ်။ ဒါကြောင့် ခြင်ပေါတဲ့အချိန်တွေဖြစ်တဲ့ ညနေခင်းနဲ့ ညဘက်အချိန်တွေမှာ အိမ်အပြင်ဘက်မှာနေတာမျိုးမလုပ်ပါနဲ့။ လေအေးပေးစက်ရှိရင် နေအိမ်တံခါးတွေကို လုံအောင်ပိတ်ထားပြီးလေအေးပေးစက်ဖွင့်ထားပေးပါ။

    () ရေဝပ်နိုင်တဲ့နေရာတွေကို ဖယ်ရှားရှင်းလင်းပါ -နေအိမ်အနီးဝန်းကျင်မှာရှိနေတဲ့ ရေဝပ်နိုင်တဲ့နေရာတွေကို မြေဖို့တာ၊ တာယာဟောင်းတွေ၊ အိုးခြမ်းပဲ့တွေနဲ့ အသုံးမပြုဘဲ စွန့်ပစ်ထားတဲ့ အိုးတွေထဲမှာ  ရေတွေရှိနေရင် သွန်ပစ်ပြီး မှောက်ထားလိုက်ပါ။ ဒီလိုလုပ်ပေးတာက ခြင်တွေ မပေါက်ဖွားနိုင်အောင် ကာကွယ်ရာရောက်ပါတယ်။

    () တံခါးတွေ၊ ပြတင်းပေါက်တွေမှာ ခြင်လုံဇကာတပ်ဆင်ပါ

    နောက်ထပ်ခြင်တွေကို ကာကွယ်နိုင်မယ့် နည်းလမ်းတစ်ခုပါ။ နေအိမ်မှာရှိတဲ့ တံခါးတွေနဲ့ ပြတင်းပေါက်တွေမှာ ခြင်လုံဇကာတပ်ဆင်ထားတာကလည်းနေအိမ်တွင်းကို ခြင်တွေ အလွယ်တကူမဝင်ရောက်နိုင်အောင် တားဆီးပေးရာ ရောက်ပါတယ်။ လေဝင်လေထွက်ကို ထိခိုက်စေတာမျိုးမရှိဘဲ ခြင်အန္တရာယ်ကို ကာကွယ်ပေးနိုင်မှာပါ။ ခြင်ထောင်ထောင်ပြီး ခြင်ထောင်ထဲမှာနေပေးလို့လည်း ရပါတယ်။

    () ခြင်ဆေးအသုံးပြုပါ

    ခြင်အန္တရာယ်ကာကွယ်ဖို့အတွက် အရင်ကတည်းက အသုံးပြုခဲ့တဲ့နည်းလမ်းတစ်ရပ်ပါ။ ငယ်ငယ်တုန်းက ခြင်မကိုက်အောင် ခြင်ဆေးထွန်းပြီး နေခဲ့ကြဖူးမှာပါ။ ခြင်ဆေးကလည်း မိသားစုနဲ့ ကိုယ်တိုင်အတွက် ခြင်အန္တရာယ်ကနေ ကာကွယ်ဖို့မေ့ထားလို့မရတဲ့နည်းလမ်းပါ။ ခြင်နိုင်ဆေးအသုံးပြုပြီး ပတ်ဝန်းကျင်မှာရှိနေတဲ့ ခြင်တွေနဲ့ အင်းဆက် တွေကို နှိမ်နှင်းလိုက်ပါ။ ခြင်နိုင်ဆေးအသုံးပြုမယ်ဆိုရင် လေဝင်လေထွက်ကောင်းတဲ့နေရာမှာ သုံးပါ။

    () လျှပ်စစ်ပန်ကာအသုံးပြုပေးပါ

    ခြင်တွေ အဝေးပြေးအောင် လုပ်ဆောင်နိုင်မယ့် နောက်ထပ်နည်းလမ်းတစ်ခုက ပန်ကာဖွင့်တာပါ။ မိသားစုဝင်တွေရှိနေတဲ့နေရာနဲ့ တီဗွီကြည့်တဲ့နေရာတွေမှာ ပန်ကာဖွင့်ထားပေးပါ။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်မှာ အမြဲလိုလို ပန်ကာဖွင့်ထားပေးပြီး ခြင်အန္တရာယ်ကနေ ကာကွယ်ပေးပါ။

    () လုံခြုံစွာ ဝတ်ဆင်ပေးပါ

    အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီရှည်တွေ ဝတ်ဆင်တာကလည်း ခြင်မကိုက်အောင် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါကြောင့် ညနေဘက်နဲ့ ညအချိန်တွေမှာ ခြင်ကိုက်ခံရတဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်စေဖို့အတွက် အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီရှည်တွေ ဝတ်ဆင်ပေးပါ။ အရေပြားမှာ ခြင်ကိုက်မခံရအောင်လူးတဲ့ဆေးမျိုး လူးထားပေးလို့လည်း ရပါတယ်။

    () နေရောင်ခြည်ရရှိအောင် လုပ်ဆောင်ပါ

    အလင်းရောင်ရှိတဲ့အခါ ခြင်ကိုက်ခံရတာ သက်သာပါတယ်။ ဒါကြောင့် နေအိမ်အတွင်းပိုင်းကို သဘာဝအလင်းရောင်ရရှိအောင် လုပ်ဆောင်ပေးပြီး ခြင်အန္တရာယ်ကနေ ကာကွယ်ပေးပါ။

    () ချိုအီတဲ့ရနံ့တွေကို ရှောင်ပါ

    ချိုအီတဲ့ရနံ့ရှိတဲ့ အရာတွေက ခြင်တွေကို စွဲဆောင်နိုင်တာကြောင့် အချိုနံ့ပြင်းတဲ့ အချိုရည်တွေ အနီးအပါးမှာထားရှိတာမျိုးမလုပ်ပါနဲ့။ ရေမွှေး၊ ဆပ်ပြာနဲ့ ဘော်ဒီလိုးရှင်းတွေ အသုံးပြုတဲ့အခါမျိုးမှာ ချိုချိုအီအီ ရနံ့တွေကိုရှောင်ပါ။

    () အရောင်လင်းလင်းလေးတွေ ဝတ်ဆင်ပေးပါ

    ခြင်တွေက ဝတ်ဆင်ထားတဲ့ အရောင်အသွေးကိုလည်း ခံစားနိုင်ကြပါတယ်။ ဒါကြောင့် အဝတ်အစားဝတ်ဆင်တဲ့အခါ အစိမ်းရောင်ဖျော့ဖျော့လေး၊ အဝါရောင်၊ အဖြူရောင်တို့မျိုး လင်းလင်းထင်းထင်းရှိတဲ့အရောင်တွေကို ရွေးချယ်ဝတ်ဆင်ပေးပါ။

    (၁၀) နေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ

    ခြင်တွေက ရေဝပ်နေတဲ့နေရာတွေမှာ ပေါက်ဖွားကြပြီး၊ ချုံတွေ၊ ဖုန်တွေနဲ့ အမှိုက်တွေပေါများတဲ့နေရာမှာ ရှင်သန်နေထိုင်တတ်ကြပါတယ်။ ဒါကြောင့် နေအိမ်ပတ်ဝန်းကျင်မှာ မြက်ပင်တွေရှိနေရင် ရိတ်တာ၊ ချုံတွေရှိနေရင် ရှင်းတာ၊ အမှိုက်တွေလှဲတာမျိုး လုပ်ပေးပြီး နေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားခြင်းဖြင့် ခြင်အန္တရာယ်ကို ကာကွယ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 08/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement