backup og meta

ခြင်နိုင်ဆေး က ဘာအတွက်စွမ်းသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြင်နိုင်ဆေး က ဘာအတွက်စွမ်းသလဲ

    ခြင်ဆေး ဘာလို့ သုံးကြတာလဲမေးရင်ခြင်မကိုက်အောင်လို့ လို့ပဲဖြေကြမှာပေါ့နော်။ ဒါဆို ဘာလို့ခြင်ကိုက်မှာကြောက်ရတာလဲ။ခြင်ကိုက်ရင် အရေပြားမှာ ယားစပ်စပ်နဲ့ခံရခက်တဲ့ဝေဒနာ အပြင်ခြင်တွေ သယ်ဆောင်လာတဲ့ ရောဂါပိုးတွေက ကြောက်ဖို့ကောင်းလို့ပါပဲ။

    ခြင်ကိုက်ခံရရင်ဆင်တုပ်ကွေး၊ ေသွးလွန်တုပ်ကွေး ငှက်ဖျားဂျပန်ဦးနှောက်ရောင်ရောဂါ၊ဆင်ခြေထောက်ရောဂါ နဲ့ ဇီကာဗိုင်းရပ်စ်ေတွကိုခြင်ကတဆင့် ကူးစက်နိုင်ပါတယ်။ရောဂါအဆင့်ပြင်းထန်ရင်ပြင်းထန်သလောက် အသက်ပါဆုံးရှုံးနိုင်တဲ့ရောဂါတွေမို့ အန္တရာယ်ကြီးလွန်းလှပါတယ်။

    လူတွေဆီက သွေးစုပ်ပြီး အသက်ရှင်တာ ခြင်အမဖြစ်ပြီး ခြင်ထီးကတော့ အသီးနဲ့အပင်ဝတ်ရည်ကိုသာ သောက်သုံးတာဆိုတဲ့အကြောင်း သိထားပြီးကြပြီ ဖြစ်မှာပါ။ လန့်စရာကောင်းတဲ့အချက်ကတော့ ခြင်အမတွေက တစ်ကြိမ်တည်းမှာ ဥ ၃၀၀အထိ ဥနိုင်ပါတယ်တဲ့။ ခြင်အမတွေရဲ့ သက်တမ်းက (၆) ပတ်ကနေ (၈) ပတ်အထိ အသက်ရှင်နိုင်တာကြောင့် အဲဒီအချိန်အတွင်းမှာ အကောင်ရေများစွာ ထပ်ပွားနိုင်ပါတယ်။

    ခြင်မတွေက ရေသေမှာ ဥဥကြတာကြောင့် ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ ရေဝပ်တဲ့ နေရာ မရှိဖို့ သတိထားသင့်ပါတယ်။ နောက်တစ်ချက်က ခြင်ဥတွေက တစ်လက်မလောက်ပဲ ရှိတဲ့ ရေထဲမှာတောင် ပိုးလောက်လန်းတွေ ပေါက်ဖွားနိုင်လို့ တကယ်ကြောက်စရာကောင်းပါတယ်။

    ခြင်တစ်ကောင်မှာသာ ဗိုင်းရပ်စ် တစ်မျိုးပါလာခဲ့ရင် သူ့ရဲ့ တံတွေးကတဆင့် လူတွေဆီကို ကူးစက်နိုင်တယ်လေ။ခြင်ကတဆင့်ကူးစက်တတ်တဲ့ အဖြစ်များဆုံးရောဂါတွေက ဆင်တုပ်ကွေးလို့ခေါ်တဲ့chikungunyaရောဂါ၊ေသွးလွန်တုပ်ကွေး၊ ဆင်ခြေထောက်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါငှက်ဖျားရောဂါေတွအပြင် ဇီကာရောဂါလည်း ပါဝင်ပါတယ်။ ဒီထဲမှာ အသက်အန္တရာယ်ပေးနိုင်တဲ့ရောဂါတွေပါသလို မကြာခဏ ရောဂါ ပြန်ပြန်ပေါ်တတ်တဲ့ ငှက်ဖျားလို ရောဂါရယ်၊ အသက်အန္တရာယ်က လွတ်မြောက်နိုင်ခဲ့ရင်တောင် ဦးနှောက်နဲ့အာရုံကြော ထိခိုက်ချို့ယွင်းမှုတွေ ဖြစ်ကျန်ခဲ့စေတဲ့ ဦးနှောက်ရောင် ရောဂါလိုမျိုးတွေ ရှိနေပါတယ်။

    ဒီလို ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်စေဖို့ အကောင်းဆုံး နည်းလမ်းက ခြင်ကိုက်မခံရအောင် နေဖို့နဲ့ ခြင်နိုင်ဆေး နဲ့ ကာကွယ်ဖို့ပဲဖြစ်ပါတယ်။

    ခြင်နိုင်ဆေး က ဘာအတွက်စွမ်းသလဲ

    ဆေးနဲ့ထိတွေ့တဲ့ လူတွေရဲ့ ခန္ဓါကိုယ် အစိတ်အပိုင်းကို ခြင်တွေ အနား မကပ်အောင်၊ မကိုက်အောင် ခြင်ဆေးတွေက လုပ်ဆောင်ပေးပါတယ်။ ခြင်ဆေး ဆိုတာဈေးကွက်မှာ ပုံစံအမျိုးမျိုးနဲ့ ရှိပါတယ်။ခြင်ဆေးခွေ၊ ဖျန်းဆေး စပရေးဘူး၊ လိမ်းဆေး၊ဆေးရည် နဲ့ ခြင်ပြေးစက်စတာတွေ အစုံပါပဲ။ ဒါပေမယ့် အသုံးပြုလို့သင့်လျော်မယ့်နေရာ၊ အနေအထားနဲ့ အာနိသင်ချင်း မတူကြပါဘူး။ ဥပမာ ခြင်ပြေးစက်ဆိုရင် အလုံပိတ်အိမ်ခန်းထဲမှာ မဟုတ်ဘဲ ထိရောက်မှု မရှိနိုင်ဘူးဆိုတာမျိုးပေါ့။

    အစွမ်းအာနိသင် အကောင်းဆုံး ခြင်ဆေး ဆိုတာ ဆေးပြင်းတာ မပြင်းတာထက် ခြင်အန္တရာယ်က အချိန်ကြာကြာကာကွယ်မှုပေးနိုင်တဲ့ခြင်ဆေးဖြစ်ပါတယ်။ အခန်းပြင်၊အိမ်ပြင်၊ သို့မဟုတ် လေဝင်လေထွက်များတဲ့ အိမ်ပုံစံတွေ၊ ခရီးထွက်တဲ့နေရာ၊ အိမ်ရှေ့ခြံဝင်း စတဲ့နေရာတွေမှာ သုံးချင်ရင်တော့ စပရေးဖျန်းဆေးတွေက အသုံးတည့်ပါလိမ့်မယ်။ ခြင်ဆေး အနံ့ကို ရှူမိမှာကြောက်လို့ဆိုရင် ခြင်ပြေးစေတဲ့ လိမ်းဆေးတွေ ဈေးကွက်မှာ ဝယ်လို့ရပါတယ်။

    ခြင်ဆေးတွေသုံးရင် သတိထားဖို့အချက်တချို့ 

  • ခြင်ဆေး လိမ်းမယ်ဆိုရင် အညွှန်းအတိုင်းပဲ ထိုက်သင့်တဲ့ပမာဏကို အသုံးပြုသင့်ပါတယ်။ အဝတ်အစားနဲ့ မဖုံးအုပ်ထားတဲ့ အရေပြားကိုပဲ လိမ်းပါ။ အဝတ်အစားအောက်က အရေပြားကို မလိမ်းပါနဲ့။ဆေးများများ ပိုလိမ်းလို့လည်း ပိုမကာကွယ်နိုင်ပါဘူး။
  • ထိခိုက်ပေါက်ပြဲ၊ အရေပြားဒဏ်ရာတွေပေါ် ခြင်ဆေး မလိမ်းပါနဲ့။
  • အရမ်းကိုအလုံပိတ်နေတဲ့ အခန်းထဲမှာခြင်ဆေးအများကြီးမဖျန်းပါနဲ့။
  • ခြင်ဆေး ဖျန်းလိုက်တဲ့အမှုန် သို့မဟုတ်ခြင်ဆေးငွေ့ကို တိုက်ရိုက်မရှူရှိုက်မိအောင်ရှောင်ပါ။
  • ခြင်ဆေး မှာပါတဲ့ အကြံပြုချက် ၊ သတိပေးချက်တွေအတိုင်း လိုက်နာပါ။
  • ကလေးတွေကို ကိုယ်တိုင် ခြင်ဆေး ပေးမကိုင်၊ပေးမသုံးပါနဲ့။ သူတို့မမီတဲ့ နေရာမှာ သိမ်းဆည်းပါ။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement