backup og meta

အွန်လိုင်းကနေ ဆေးခန်း ပြသခြင်း(Telemedicine)အတွက်ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အွန်လိုင်းကနေ ဆေးခန်း ပြသခြင်း(Telemedicine)အတွက်ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ

    ယနေ့အချိန်ကာလမှာ ဆေးရုံ ဆေးခန်းတိုင်းလိုလိုဟာ အွန်လိုင်းကနေ ဆေးကုသခြင်းစနစ်ဖြစ်တဲ့ Telemedicine နည်းစနစ်ကို စတင်ပြောင်းလဲလာကြပါတယ်။ဒီလို Covid-19 ကာလမှာ လူတိုင်း အိမ်မှာနေ သင့်ပြီး social distancing နည်းစဉ်တွေကို လိုက်နာဖို့ ညွန်ကြားထားတာမို့ ဒီ Telemedicine နည်းပညာက ဆရာဝန်တွေအတွက်ကော နေမကောင်းတဲ့လူနာတွေအတွက်ပါ အဆင်ပြေလှပါတယ်။ လူတွေအများကြီးကြား တန်းစီမစောင့်ရခြင်း၊တက္ကစီဖိုးချွေတာနိုင်ခြင်း၊ဆေးခန်းပြဖို့အတွက် အလုပ်ကနေခွင့်ယူရန်မလိုအပ်ခြင်း စတဲ့အကျိုးကျေးဇူးတွေအများကြီးကိုလည်း ရရှိနိုင်ပါသေးတယ်။

    အွန်လိုင်းကနေ ဆေးခန်း ပြသခြင်း(Telemedicine)အတွက်ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ

    ဒီတော့ Telemedicine နည်းဖြင့် ဆေးကုသမှုခံယူဖို့ ဆုံးဖြတ်ထားကြသူတွေအနေနှင့် အောက်ပါ နည်းလမ်းလေးတွေကို ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ပိုမိုချောမွေ့စွာ ကုသမှုခံယူနိုင်မှာပဲ ဖြစ်ပါတယ်။

    (၁) နည်းပညာကြောင့် သင့်ဆေးကုသချိန်ကို မပျက်စီးပါစေနှင့်

    ဆေးမကုသခင်မှာ သင့်အနေနှင့် လိုအပ်တဲ့software သို့မဟုတ် applicationကို ဒေါင်းလုပ်ဆွဲထားပါ။ သင့်အသုံးပြုမယ့် ဖုန်း၊တက်ဘလက်၊ကွန်ပျူတာနှင့်ပတ်သက်ပြီး errorတစ်ခုခုရှိနေပါက တတ်ကျွမ်းသောသူနှင့် မေးမြန်းပြီး ပြင်ထားပါ။ ဆေးကုသနေစဉ် အနှောင့်အယှက်ပေးနိုင်တဲ့ Facebook နှင့် Messenger Notificationများကို off ထားသင့်ပါတယ်။ ဖုန်းကို ဘက်ထရီအပြည့်ဖြစ်အောင် အားသွင်းထားတာ အကောင်းဆုံးပါပဲ။ ဖုန်းအသံကို ကောင်းစွာ ကြားနိုင်မယ့် Volumeမှာ ထားထားပြီး သင့်အသံကို တစ်ဖက်က ကြားနိုင်ဖို့လည်း ကြိုတင်စမ်းသပ် ပြင်ဆင်သင့်ပါတယ်။

    အရေးကြီးတဲ့အချက်ကတော့ သင့်အနေနှင့် လူကိုယ်တိုင်ဆေးခန်းသွားပြသကဲ့သို့ ပြင်ဆင်ထားဖို့ပါပဲ။ ခံစားရသောလက္ခဏာများ၊ မေးလိုသောမေးခွန်းများ၊ သင့်ရောဂါရာဇဝင်စတာတွေကို ချရေးထားပါ။

    (၂) ကောင်းမွန်သော နေရာကို ရွေးချယ်ပါ

    သင့်အနေနှင့် အင်တာနက် လိုင်းဆွဲအား ကောင်းပြီး Privacyလည်းရှိတဲ့ ငြိမ်သက်တိတ်ဆိတ်တဲ့ နေရာကို ကြိုတင် ရှာဖွေထားသင့်ပါတယ်။ ဖုန်း သို့မဟုတ် တက်ဘလက်ကို မျက်စိနှင့် တစ်တန်းတည်းဖြစ်အောင် စားပွဲတစ်ခုပေါ်တွင် တင်ထားပါက ပိုကောင်းပါတယ်။ ဒီလိုတွေ ပြင်ဆင်ထားခြင်းဖြင့် ဆရာဝန်နှင့်သင့်အကြား အနှောင့်အယှက် တစ်စုံတရာမရှိဘဲ ကောင်းမွန်စွာ ဆွေးနွေးနိုင်မှာပါ။

    (၃) စာအုပ်ထဲတွင် ချရေးပါ

    ဆေးခန်းပြသလို ဆရာဝန် အခန်းကနေ ထွက်လာတာ နှင့်တပြိုင်နက် ဆေးစာအုပ်က သင့်လက်ထဲ ရောက်လာမှာ မဟုတ်တာမို့ ဆရာဝန် ပြောကြားတဲ့ ညွန်ကြားချက်များနှင့် ကုသမှုပုံစံတွေကို တတ်နိုင်သမျှ ချရေးထားသင့် ပါတယ်။

    (၄) ဆေးကုသမှုခံယူပြီးချိန်တွင် Feedbackပေးပါ

    သင့်အနေနှင့် ထင်မြင်ယူဆချက်နှင့်အတူ ဘယ်အချက်တွေကို ပြင်ရမလဲ နောက်တစ်ကြိမ်မှာဆို ဘယ်လို ဖြစ်စေချင်တယ် စတဲ့ ဝေဖန်မှုများကို ရေးပေးသင့်ပါတယ်။ဒါမှသာ teamအနေနှင့် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုကို ပေးနိုင်မှာဖြစ်ပါတယ်။

    (၅) စိတ်ရှည်ပါ

    သင့်အနေနှင့် ပထမဆုံးအကြိမ် Telemedicine ပြသတာဖြစ်လို့ အဆင်မပြေတာတွေ ကြုံနိုင်ပါတယ်။အရေးကြီးဆုံးကတော့ စိတ်ကို ရှည်ရှည်ထားပါ။ နည်းပညာကို မကျွမ်းကျင်တာမျိုးအတွက် ဘေးကနေ လူတစ်ယောက်ထားပြီး ကူညီခိုင်းလို့ ရပါတယ်။

    အွန်လိုင်းကနေ ဆေးခန်းပြခြင်း Telemedicine နည်းကိုသုံးပြီး ဆေးကုသမှုခံယူမယ်ဆိုပါက အဆင်ပြေလွယ်ကူတာတွေတွေ့ရသလို အဆင်မပြေတာတွေလည်းရှိနိုင်ပါတယ်။ Covid-19ကာလမှာ နေထိုင်မကောင်းဖြစ်ရင်တော့ အိမ်ပြင်မထွက်ပဲ အိမ်မှာသာနေပြီး အင်တာနက်က တဆင့် Telemedicine နည်းကို အသုံးပြုပြီး ကုသမှုခံယူမယ် ဆိုရင်တော့ အထက်ပါ အချက်တွေကို ကြိုတင်ပြင်ဆင်ကြနော်။

    ရေးသားသူ- Dr Rose

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement