backup og meta

ဘာကြောင့် ခုချိန်မှာ Gym သွားဖို့ အန္တရာယ်များနေသေးတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာကြောင့် ခုချိန်မှာ Gym သွားဖို့ အန္တရာယ်များနေသေးတာလဲ

    အခုချိန် စားသောက်ဆိုင်၊ အလုပ်၊ ရုံး အပြင် ဆိုင်နေရာ တော်တော်များများ ပြန်ဖွင့်နေကြပါပြီ။ ဒီထဲမှာ လေ့ကျင့်ခန်း လုပ်ဖို့ Gym တွေလည်း အပါအဝင်ပါပဲ။ ၂လလောက်ကို အိမ်ပြင်မထွက်၊ ကိုယ့်အိမ်မှာလည်း အလေးအပင်မရှိလို့ လေ့ကျင့်ခန်း မလုပ်လိုက်ရတဲ့ ကျား၊ မ မရွေး ဒီချိန်ဆိုရင် Gym သွားဖို့ကို စိတ်အားထက်သန်နေကြမှာပါ။

    ဒါဆို ခုချိန်က Gym သွားဖို့အတွက် အဆင်ပြေပြီလား။

    ကျန်းမာရေးအမြင်ကနေ ကြည့်မယ်ဆိုရင် ဒီကပ်ဘေး ကာလမတိုင်ခင်ကတည်းက Gym ဆိုတာ ရောဂါပိုးပေါင်းစုံ တစ်ယောက်စီကနေ နောက်တစ်ယောက်ကို ကူးသွားဖို့ အရမ်းလွယ်တဲ့ နေရာတစ်ခုပါ။ ခုလို ကပ်ဘေးမှာ လူတွေကလည်း အပြင်မှာသာ Mask တပ်ပြီး ကာကွယ်ချင် ကာကွယ်ကြလိမ့်မယ်။ Gym မှာတော့ ဘယ်သူမှ Mask တပ်ပြီး လေ့ကျင့်ခန်း လုပ်မှာမဟုတ်ပါဘူး။ အဲဒီအတွက် ရုံးသွားလို့၊ အပြင်သွားလို့ အဆင်ပြေတဲ့တိုင်အောင် Gym ကတော့ နည်းနည်း အန္တရာယ်များနိုင်တယ်လို့ ယူဆရပါတယ်။

    နောက်ထပ် ဘယ်အချက်တွေဟာ ရောဂါပိုးကူးစက်နိုင်ခြေကို မြင့်တက်စေလဲ။

    ၁။ Gym ကစားသူတိုင်း သိထားသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ကျင့်ဝတ်တွေထဲမှာ ကိုယ်ကစားပြီးတဲ့ အလေးတုံး၊ စက်ကို မျက်နှာသုတ်ပဝါနဲ့ သေချာပြန်သုတ်ပေးခဲ့ရမယ် ဆိုတာလည်း ပါပါတယ်။ ဒါပေမယ့် Gym ကစားသူ အများစုက ဒီအချက်ကို သိလည်း မသိကြသလို လက်တွေ့လည်း မလိုက်နာပါပါဘူး။ အဲ့တော့ တစ်ယောက်ချင်းစီက ရောဂါပိုးတွေဟာ ဒီအလေးတုံးမှာ ကပ်ငြိနေနိုင်ပြီး ကျန်တဲ့သူတွေ အားလုံးကို ကူးစက်သွားစေနိုင်ပါတယ်။

    ၂။ Gym မှာ ဘယ်သူမှ Mask မတပ်ကြပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ နေဖို့ဆိုတာလည်း လေ့ကျင့်ခန်းလုပ်တဲ့ နေရာမှာရော၊ အဝတ်လဲခန်းမှာရော ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။ အဲ့တော့ မတော်တဆ တစ်ယောက်ယောက်က ချောင်းဆိုးလိုက်လို့ သူ့မှာရောဂါပိုးရှိနေတယ်ဆိုရင် ဘေးမှာ ကစားနေတဲ့ သူတွေကိုလည်း ပြန့်သွားနိုင်သလို အလေးတုံး၊ စက်တွေပေါ်မှာလည်း ကပ်ငြိနေနိုင်ပါတယ်။

    ၃။ လေ့ကျင့်ခန်းလုပ်နေရတဲ့သူက နှလုံးခုန်နှုန်း၊ သွေးခုန်နှုန်း မြန်လာမယ်၊ ချွေးတွေ အရမ်းထွက်ပြီး မောပန်းပါတယ်။ ဒီအခါမှာ လူက အသက်ကို ပုံမှန်ထက် ပိုပြီးခပ်ပြင်းပြင်း ရှူရှိုက်ရတဲ့အတွက် လေထဲမှာ ရှိတဲ့ ရောဂါပိုးက ကိုယ့်အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်သွားဖို့ ပိုပြီးတောင် မြန်ဆန်နိုင်ပါတယ်။

    ၄။ လက်ရှိလေ့လာချက်တွေအရ Covid-19 ရောဂါပိုးဟာ ပါးစပ်ထဲမှာရှိတဲ့ တံတွေးအမှုန်အမွှားကနေ အဓိက ကူးစက်တာ ဖြစ်တယ်။  ဒီအတွက် လူပေါင်းများစွာ ဆော့ကစားနေတဲ့ Gym ခန်းမတွေဟာ Covid-19 ကူးစက်ခံရဖို့ ရာခိုင်နှုန်း ပိုများပါတယ်။

    ၅။ လူတစ်ယောက်ကို အဖျားတိုင်းကြည့်တဲ့အခါ ကိုယ်ပူနေတာ၊ အဖျားတက်နေတာမျိုးအပြင် တခြား Covid-19 လက္ခဏာတွေ မတွေ့ရဘူးဆိုရင်တောင် ဒီလူရဲ့ ကိုယ်ခန္ဓာထဲမှာ ရာနှုန်းပြည့် Covid-19 ပိုး မရှိနေဘူးဆိုတာ ဘယ်သူမှ အာမခံပေးလို့ မရပါဘူး။

    ၆။ Gym တွေဟာ အလုံပိတ်အခန်းထဲမှာ ကစားရတာ ဖြစ်တဲ့အတွက် ရောဂါပိုးတွေဟာ အထဲမှာပဲ ပိတ်နေပြီး ဒီထဲမှာ ကစားနေတဲ့သူတိုင်းကို ပြန့်နှံ့သွားနိုင်ပါတယ်။

    ဒါဆို ဘယ်လိုလုပ်သင့်လဲ။

    Gym အများစုအနေနဲ့ အခုချိန်မှာ ဖွင့်ဖို့ ကြိုးစားတယ်ဆိုတာ ဖြစ်သင့်ပါတယ်။ ဒါပေမယ့်လည်း ကျန်းမာရေးနဲ့ ကာကွယ်ရေးကို မေ့ထားလို့ မဖြစ်တဲ့အပြင် ပိုပြီးတောင် စည်းစနစ်တကျ ကြပ်မတ်ဖို့လည်း အရေးကြီးပါတယ်။

    Gym ဘက်ကို ကြိုတင်ပြင်ဆင်ပေးဖို့ လိုအပ်တာတွေက

    • Gym ကို အချိန်ပိုင်းဖြင့်သာ ဖွင့်ပေးပြီး တစ်ချိန်ကို လူဦးရေ အကန့်အသတ်ဖြင့်သာ ဝင်ခွင့်ပေးခြင်း
    • Gym ကစားရန် ကြိုတင် စာရင်းပေးသွင်းခြင်း
    • Gym ထဲ မဝင်ခင် အဖျားတိုင်းခြင်း
    • Gym မှာ လုပ်နေတဲ့ ဝန်ထမ်းအားလုံးကို Mask တပ်ဆင်ပေးခြင်း
    • တစ်ဦး လေ့ကျင့်ခန်း လုပ်ပြီးတာနဲ့ အလေးတုံး၊ စက်များကို အရက်ပြန်ဖြင့် သန့်ရှင်းပေးခြင်း
    • လေ့ကျင့်ပေးသူ နည်းပြတွေအနေနဲ့ သင်တန်းသားနဲ့ အနီးကပ် သင်ပေးတာမျိုးထက် အနည်းဆုံး ၃ပေ အကွာကနေပဲ နည်းပေးလမ်းပြလုပ်ပေးခြင်း စတဲ့ စည်းကမ်းတွေကို ထုတ်ထားသင့်ပါတယ်။

    လာကစားမယ့်သူတွေ အနေနဲ့လည်း

    • တစ်ယောက်နဲ့ တစ်ယောက် တတ်နိုင်သလောက် ခပ်ခွာခွာ ဆော့ကစားခြင်း
    • အသားချင်းထိတွေ့တာ၊ တခြားသူရဲ့ အသုံးအဆောင်ပစ္စည်းတွေ ယူသုံးတာမျိုး ရှောင်ခြင်း
    • ကိုယ် လေ့ကျင့်ခန်း လုပ်ပြီးတာနဲ့ အသုံးပြုခဲ့တဲ့ စက်၊ အလေးတုံးများကို မျက်နှာသုတ်ပဝါဖြင့် ပြန်သုတ်ခြင်း
    • Gym ကစားပြီးတာနဲ့ အိမ်အမြန်ပြန်ပြီးမှ ရေချိုးခြင်းတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

    အကောင်းဆုံးကတော့ Gym မှာ သွားပြီး လေ့ကျင့်ခန်းလုပ်တာထက် ကိုယ့်အိမ်မှာဖြစ်ဖြစ်၊ ကိုယ့်အိမ် အနီးအနားပတ်ဝန်းကျင်မှာ လေ့ကျင့်ခန်းလုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါကလည်း ကိုယ့်ရဲ့ ကျန်းမာရေးအတွက် ကာကွယ်ခြင်းနည်းလမ်းတစ်ခုပါပဲ။ အမြဲတမ်း အပြင်သွားရင် Mask တပ်သွားဖို့၊ လူတွေနဲ့ ခပ်ခွာခွာ လမ်းလျှောက်ဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့နဲ့ ဘာပဲကိုင်ပြီးပြီး အမြဲလက်ဆေးဖို့ကိုလည်း မမေ့ပါနဲ့လို့ ထပ်ပြီး တိုက်တွန်းချင်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement