backup og meta

ဖျားတိုင်းသောက်တတ်တဲ့ ပါရာစီတမော


Aye Thi Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖျားတိုင်းသောက်တတ်တဲ့ ပါရာစီတမော

    ဖျားချင်သလိုလိုဖြစ်နေတယ်၊ ပါရာစီတမောသောက်လိုက်လေ။ခြေလက်တွေထဲကကိုက်တယ်။ အအေးမိေနသလိုပဲ။ နှာတွေစေးလိုက်တာ။ ပါရာစီတမောသာက်လေ၊လို့ ပြောသံလေးကို ငယ်စဉ်ကတည်းက ရင်းနှီးပြီးသားဟုတ်။ ပါရစီတမောက ဘာဖြစ်ဖြစ်သောက်လို့ရတဲ့ဆေးလား။ ဘယ်လိုဆေးမျိုးလဲ။ ဘာတွေနဲ့တွဲမသောက်ရဘူးလဲလို့ မသိချင်ဘူးလား။ ဘာဖြစ်ဖြစ်သောက်နေတဲ့ ပါရာစီတမောလေးအကြောင်းဆွေးနွေးကြရအောင်လား။

    ပါရာစီတမောကို ဘာအတွက်သုံးကြမလဲ

  • ခေါင်းကိုက်တာခေါင်းတစ်ခြမ်းကိုက်တာသွားကိုက်တာ၊ သွားနာတာ၊ လည်ချောင်းနာတာ၊နားကိုက်တာ၊ ရာသီလာစဉ်နာကျင်ကိုက်ခဲတာလိုမျိုး အသေးစား နာကျင်ကိုက်ခဲမှုတွေအတွက်သောက်သုံးလို့ရပါတယ်။ ကြွက်သားနာကျင်မှုတွေအတွက်လည်းသောက်ကြပါတယ်။
  • အဖျားကြီးတဲ့အခါ ကိုယ်ပူကျစေဖို့အတွက် အသုံးပြုလို့ရပါတယ်။
  • အအေးမိ၊တုပ်ကွေးလက္ခဏာတွေသက်သာစေဖို့နဲ့ ကလေးလေးတွေ ကာကွယ်ဆေးထိုးပြီးချိန်မှာ အနာရှိန်ကြောင့် မဖျားစေဖို့သောက်ကြပါတယ်။
  • ကြီးမားတဲ့ထိခိုက်ရှနာဖြစ်တဲ့အခါ အနာရှိန်ကြောင့်မဖျားစေဖို့သောက်ကြပါတယ်။
  • ဘယ်လိုအလုပ်လုပ်တာလဲ

    ဦးနှောက်နဲ့ကျောရိုးအာရုံကြောမကြီးကနေprostaglandinsဟော်မုန်းထုတ်လုပ်မှုကိုလျှော့ချပေးပြီး နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။

    ဦးနှောက်ရဲက ခန္ဓါကိုယ်အပူချိန်ကိုထိန်းညှိပေးတဲ့ အစိတ်အပိုင်းကို အကောင်းဆုံးထိန်းချုပ်ပြီး အဖျားကျအောင်လုပ်ဆောင်ပေးပါတယ်။ ခန္ဓါကိုယ်မှာ ခံစားရတဲ့အသေးစားနာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ သိထားသင့်တဲ့တစ်ချက်က ပါရာစီတမောက အရောင်ကျစေနိုင်တဲ့အာနိသင်တော့ မရှိပါဘူး။ဆေးသောက်ပြီး နာရီဝက်အတွင်း နာကျင်မှုကိုသက်သာစေပြီး အဖျားကျအောင်လုပ်ဆောင်ပေးပါတယ်။ဆေးရဲ့အာနိသင်က ခန္ဓါကိုယ်ထဲမှာ ၄ နာရီကနေ ၆နာရီအထိရှိနေနိုင်ပါတယ်။

    ကလေးတွေ ပါရာစီတမောသောက်လို့ရလား

    ကလေးက ကာကွယ်ဆေးထိုးပြီးချိန်မှာဆေးထိုးထားတဲ့ အရှိန်ကြောင့် မအီမသာမဖြစ်စေဖို့ ပါရာစီတမောတိုက်ပေးလို့ရပါတယ်။ ကလေးတွေအတွက်ထုတ်ထားတဲ့ဆေးရည်ဖြစ်ဖို့လိုသလို ဆရာဝန်ညွှန်ကြားတဲ့ဆေးညွှန်းအတိုင်းသောက်ပေးပါ။

    ကလေးကဖျားနာနေမယ်ဆိုရင်လည်း တိုက်ပေးလို့ရပါတယ်။ ဒါပေမယ့် ကလေးကိုစိတ်ထင်တိုင်းမတိုက်ဖို့နဲ့ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှတိုက်ဖို့တော့ အမြဲသတိရပေးပါ။မွေးကင်းစကလေးတွေကိုတော့ မတိုက်ပါနဲ့။

    ကိုယ်ဝန်ဆောင်မေမေတွေ ပါရာစီတမောသောက်လို့ရလား

    ဖျားနာပြီဆိုရင်ဖြစ်ဖြစ် အဆစ်တွေထဲကနာကျင်ရင်ဖြစ်ဖြစ်ဆေးသောက်မယ်၊လို့တွေးလိုက်ရင် အရင်ဆုံးပြေးမြင်တာက ပါရာစီတမောပါ။ ကိုယ်ဝန်ဆောင်နေလို့ ပါရာစီတမော မသောက်ရဘူးဆိုတာတော့မရှိပါဘူး။ နည်းနည်းတော့သောက်လို့ရပါတယ်။ရေရှည်စွဲမသောက်ဖို့ သတိပေးပါရစေ။

    နို့တိုက်မေမေတွေရောပါရာစီတမောသောက်လို့ရလား

    နို့တိုက်နေရချိန်မှာ ဖျားနာကိုက်ခဲတဲ့အခါ ဘာဆေးများသောက်ရမလဲလို့တွေးလိုက်ရင် ပါရာစီတမောကို အရင်ပြေးမြင်မယ်ထင်ပါတယ်။ပြီးရင် ထပ်တွေးမိတာကသောက်လို့မှရပါ့မလားပေါ့။သောက်လိုက်ရင် နို့ကနေတဆင့်ကလေးဆီရောက်ပြီး ကလေးကိုထခိုက်မှာစိုးတာလေ။ဆေးပမာဏခပ်နည်းနည်းလောက်က ကလေးကို မထိခိုက်စေနိုင်ပါဘူး။ရေရှည်စွဲသောက်တာ ပမာဏအများကြီးသောက်တာမျိုးမဟုတ်ရင် အဆင်ပြေပါတယ်နော်။ ပိုသေချာချင်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပါနော်။

    ပါရာစီတမောကို အခြားဆေးတွေနဲ့တွဲသောက်လို့ရလား

    ပါရာစီတမောကို ပါရာစီတမောထည့်သွင်းထုတ်လုပ်ထားတဲ့ အခြားသောဆေးဝါးတွေနဲ့တော့ တွဲမသောက်သင့်ပါဘူး။ခေါင်းကိုက်သက်သာစေတဲ့ဆိုတဲ့ဆေးတွေ၊ အဖျားပျောက်စေတဲ့ဆိုတဲ့ဆေးတွေ၊ချောင်းဆိုးပျောက်ဆေးတွေနဲ့ ပါရာစီတမောကိုတွဲမသောက်သင့်ပါဘူး။ ဒီလိုတွဲသောက်တာက အသည်းပျက်စီးစေနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ပါရာစီတမောကို Antibioticsတွေနဲ့တွဲသောက်လို့ရပါတယ်။

    ဘယ်လိုအနေအထားမှာ မသောက်သင့်ဘူးလဲ

    • တကယ်လို့ ပါရာစီတမောဓါတ်မတည့်မှုရှိနေမယ်ဆိုရင်
    • အခြားသောပါရာစီတမောပါတဲ့ဆေးတွေသောက်ထားတဲ့အချိန်
    • အသည်းရောဂါခံစားနေရတယ်ဆိုရင်
    • ကျောက်ကပ်ရောဂါခံစားနေရတယ်ဆိုရင်
    • အရက်သောက်တာကြောင့်ရောဂါတစ်ခုခုခံစားနေရတယ်ဆိုရင်
    • အရမ်းပိန်လွန်းနေတယ်ဆိုရင်

    ဖြစ်နိုင်တဲ့ဘေးထွက်ဆိုကျိုးတွေကရော

    လူတစ်ယောက်နဲ့တစ်ယောက်မှာဆေးရဲ့ဓါတ်ပြုပုံချင်းကကွာနိုင်ပါတယ်။ အခုပြောတဲ့အရာတွေကိုလူတိုင်းကြုံမယ်လို့မဆိုလိုပါဘူး။

    • ဓါတ်မည့်တာကြောင့် အရေပြားမှာ အနီအပိန့်တွေထွက်တာ၊ရောင်ရမ်းတာတွေဖြစ်လာနိုင်ပါတယ်။
    • အင်ပြင်တွေထွက်နိုင်ပါတယ်။
    • သွေးနဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုခံစားရနိုင်တယ်။
    • အသည်းပျက်စီးနိုင်မယ် (ပါရာစီတမောအလွန်အကျွံသောက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်)
    • ကျောက်ကပ်ပျက်စီးနိုင်တယ်(ပါရာစီတမောအလွန်အကျွံသောက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်)

    ပါရာစီတမောသောက်ပြီး ကားမောင်းလို့အဆင်ပြေပါ့မလား

    ပါရာစီတမောက အိပ်ဆေးမဟုတ်တာကြောင့်ဆေးသောက်ပြီး ကားပုံမှန်မောင်းလို့ရပါတယ်။ ကားမောင်းတာကို မထိခိုက်စေနိုင်ပါဘူး။

    အရက်သောက်ထားရင်ရော ပါရာစီတမောသောက်လို့ရလား

    အရက်နဲ့တော့ တွဲသောက်လို့မရပါဘူး။ အရက် ဒါမှမဟုတ် အယ်လ်ကိုဟောပါတဲ့သောက်စရာတစ်ခုခုကို ခပ်နည်းနည်းပဲသောက်ထားတာဆိုရင်တော့ ပါရာစီတမောသောက်လို့ရပါတယ်။ ထိခိုက်တာမျိုးမဖြစ်ပါဘူး။

    ဘယ်အစားအသောက်တွေနဲ့မတည့်ဘူးလဲ

    မတည့်တဲ့အစားအသောက်မရှိပါဘူး။ ပါရာစီတမောမသောက်ခင် ဘာကိုစားစား စားလို့ရပါတယ်။

    ကဲ ဖျားတိုင်းသောက်တဲ့ ပါရာစီတမောလေးနဲ့ပတ်သက်ပြီး ဒါလေးတွေကတော့ သိထားလို့မမှားပါဘူးနော်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement