backup og meta

နှာခေါင်းစည်း တပ်တာ ဘာကြောင့် နှာခေါင်းဖော်ထားတာလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှာခေါင်းစည်း တပ်တာ ဘာကြောင့် နှာခေါင်းဖော်ထားတာလဲ

    ဒါဟာ ရောဂါပိုး ကူးစက်မှုကာကွယ်ရေးအတွက် အန္တရာယ်ဖိတ်ခေါ်မှု တစ်ခုပါနော်။ နှာခေါင်းစည်း (Mask) တွေက နှာခေါင်းနဲ့ ပါးစပ် တို့ကနေ ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတာပါ။

    ခုတော့ အသက်ရှူမဝတာ၊ ချွေးထွက်တာ၊ ပူအိုက်တာ၊ စိတ်ကျဉ်းကျပ်တာတွေကြောင့် နှာခေါင်းစည်းကို အောက်ဆွဲချထားကြတာ အတော်များများပါပဲ။ တချို့ဆို နှာခေါင်းလေးပဲ ထုတ်ထားတာက ရှိပါသေးတယ်။ ဒီလို ဆွဲချရင် ဘာဆိုးကျိုးတွေ ရှိလာမလဲ ဆိုတာလေး တစ်ချက် ဖတ်ကြည့်လိုက်ပါ။

    ဆိုးကျိုးအန္တရာယ်

    နှာခေါင်းစည်း ဆိုတဲ့အတိုင်းပဲ နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ဖုံးအုပ် ကာကွယ်ပေးတဲ့ပစ္စည်းပါ။ သူ့ရဲ့ကာကွယ်နိုင်စွမ်းက တကယ်ကို ထိရောက်၊ အသုံးဝင်လှတာမို့ အပြင်ထွက်တိုင်း တပ်ဖို့ သတိပေးလာကြတာပါ။

    နှာခေါင်း နဲ့ ပါးစပ် ကို ဖုံးအုပ်ကာကွယ်ဖို့ သုံးတဲ့ ပစ္စည်းကို နှာခေါင်း ဖော်ထားတာ၊ မေးစေ့အောက်မှာ ဆွဲချထားတာက ဆိုးကျိုးပိုများစေနိုင်တာကြောင့် ဒီလိုပဲလုပ်မယ်ဆို မတပ်တာမှ ပိုကောင်းပါလိမ့်ဦးမယ်နော်။

    တကယ်လို့ mask ကို မေးစေ့အောက်မှာ ဆွဲချထားတဲ့အခါ –

  • Mask မတပ်ထားတဲ့အတိုင်းပဲ ကာကွယ်နိုင်စွမ်း 0% ပါ။ အဲဒီအပြင်ကို ဆိုးကျိုးတွေပဲ ပိုလာစေပါလိမ့်မယ်။
  • mask ကို မေးစေ့အောက်ထိ ဆွဲချွတ်၊ ဆွဲချတဲ့အချိန် လက် ကနေလည်း mask ကို ပိုးကပ်တွယ်သွားစေနိုင်တဲ့ အခွင့်အလမ်းများတယ်၊
  • ရောဂါပိုးပါတဲ့ အမှုန်အမွှားတွေက ချွေးစိုနေတဲ့ ကိုယ့်မျက်နှာဆီ လာကပ်နိုင်တယ်၊
  • ပြီးရင် အပေါ်ပြန်ဆွဲတင်၊ ပြန်တပ်တဲ့အခါ mask ကို လက်ကနေ ပြန်ပေမယ်၊ ချွေးတွေနဲ့ မျက်နှာမှာ ပွတ်ထိမိပြီး ချွတ်လိုက်၊ တပ်လိုက်ဖြစ်နေတဲ့ အဲဒီ mask ကနေပဲ ရောဂါပိုး ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။
  • ဆွဲချ ဝတ်တာ ကြာလာတဲ့အခါ နားကွင်းကြိုးက ချောင်သွားပြီး ပြန်တပ်တဲ့ အခါ mask က မလုံတော့ဘဲ ဘေးဘက်မှာ ဟ နေပါလိမ့်မယ်။
  • mask တွေ တပ်တဲ့အခါ –

    • တပ်ဆင်နည်းမှန်အောင် ဂရုစိုက်ပါ။
    • ကြိုးကွင်း ကနေပဲ ကိုင်တွယ် ၊ တပ်၊ ချွတ်ပါ။
    • Mask ကို လက်နဲ့ မကြာခဏ ထိတွေ့၊ ကိုင်တွယ်ခြင်း မပြုရပါ။
    • သုံးပြီးတဲ့အခါ အမှိုက်ပုံး ထဲကို စနစ်တကျ စွန့်ပစ်ပါ။

    သတိထားဖို့ ကျန်သေးတဲ့ အချက်က –

    Mask တွေကို တွေ့ရာ ပစ်ချမထားဖို့ပါပဲ။ အမှိုက်အိတ်ထဲ၊ အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ပါ။ ဒီတိုင်း လမ်းမှာ လွှင့်ပစ်လိုက်တာ၊ ခဏလောက်ဖြစ်ဖြစ် တစ်နေရာ ချထားလိုက်တာက ရောဂါပိုး ကူးစက်ဖို့ အခွင့်အလမ်းများပါတယ်။

    ရောဂါပိုးက mask တွေမှာ ရက်ပိုင်းလောက် အထိ ရှိနေနိုင်တာကြောင့် ပြန်သုံးဖို့ ရည်ရွယ်တယ် ဆိုရင် လူတွေနဲ့ ဝေးလွတ်ရာ တစ်နေရာမှာ နေပူပြပြီး ထားထားပါ။ဒါမှမဟုတ် ဘူးထဲ ထည့်သိမ်းထားပါ။ အဝတ် mask ဆိုလည်း ဝတ်ဆင်ပြီးတဲ့ အချိန် ချက်ချင်း ဆပ်ပြာနဲ့ သေချာလျှော်ဖွပ်ပစ်ပါ။ သန့်ရှင်းစွာ သုံးပါ လို့ အကြံပြုလိုက်ချင်ပါတယ်။

    Covid-19 ကပ်ဘေးရောဂါ ကနေ ဘေးကင်းလုံခြုံစွာနဲ့ ကျော်လွှားနိုင်ကြပါစေ၊ အကောင်းဆုံး ကာကွယ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement