backup og meta

Covid ကာလမှာ ကလေးနေမကောင်း ရင် ဘယ်လိုပြုစုပေးရမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Covid ကာလမှာ ကလေးနေမကောင်း ရင် ဘယ်လိုပြုစုပေးရမလဲ

    အပြင်လည်း မထွက်ရဲ၊ ဆေးခန်းလည်း ပြလို့အဆင်မပြေတဲ့ ဒီလို ကာလမျိုးမှာ ကလေး နေမကောင်းဖြစ်ရင် အတော်ဒုက္ခရောက်ရပါတယ်။ Covid-19 အတွက် အစိုးရိမ်ပိုနေရချိန်မှာ ကိုယ့်ရဲ့ ကလေးနေမကောင်း ဖြစ်ခဲ့ရင် မေမေတို့ လုပ်ပေးနိုင်တဲ့ နည်းလမ်းလေးတွေ အကြံပေးလိုက်ပါရစေနော်။

    နေမကောင်းတဲ့ ကလေးကို ဘယ်လိုပြုစုရမလဲ

    • ကလေးနေမကောင်း တဲ့အခါ အရည်ဓာတ် များများဝင်အောင် ရေ၊ ဓာတ်ဆားရည်၊ ဒါမှမဟုတ် စွပ်ပြုတ်နွေးနွေး တိုက်ကျွေးပေးပါ။
    • အစာဝင်အောင် ကျွေးပါ။ နေမကောင်းရင် ထမင်းမကျွေးရဘူးဆိုတာ မဟုတ်ပါဘူး။ အားမရှိတဲ့အတွက် အရင်ကထက်တောင် ပိုကျွေးရမှာပါ။
    • နှာစေးနှာပိတ် သက်သာစေဖို့ အလွယ်တကူ ဝယ်ယူ ရရှိနိုင်ပြီး ကလေးတွေအတွက် စိတ်ချရတဲ့ nasal sprays တွေ ရှိပါတယ်။
    • ကလေးကို ဆေးလိပ်ငွေ့ မရှူမိအောင် ထားပါ။ အိမ်ထဲက မိသားစုဝင်တွေရဲ့ ဆေးလိပ်ငွေ့က အသက်ရှူလမ်းကြောင်းကို အခြေအနေ ပိုဆိုးစေနိုင်ပါတယ်။
    • ကလေးငယ် တွေကို ကိုယ့်သဘောနဲ့ ကိုယ် အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေးတွေ မတိုက်သင့်ပါဘူး။ ဒါပေမယ့် ဆေးခန်းပြလို့ အဆင်မပြေတဲ့ အခါ ကလေးအတွက် ထုတ်လုပ်ထားတဲ့ အဖျားကျဆေးရည်တွေ ဘူးခွံပါ ဆေးညွှန်းအတိုင်း တိုက်လို့ရပါတယ်။
    • ကလေးက အဖျားမရှိဘူး ဆိုရင် အိမ်မှာပဲ ထားတာ ကောင်းပါတယ်။
    • ကိုယ်ပူကျစေဖို့ ရေအေးဝတ်လေး တင်ပေးပါ။
    • ကလေးနေမကောင်း တဲ့အခါ အသက်ရှူရ ပိုကောင်းစေဖို့ အိပ်ခန်းမှာ ညဘက် humidifier လေး ထားပေးပါ။

    တော်ရုံ နေမကောင်း မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

    • ကလေးကို နေမကောင်းတဲ့သူတွေ အနီးမှာ မနေပါစေနဲ့။
    • လက် မကြာခဏ ဆေးတတ်အောင် သင်ပေးထားပါ။ အစာမစားခင်၊ အိမ်သာသွားပြီး နောက်ပိုင်း အိမ်မွေးတိရစ္ဆာန်တွေကို ကိုင်တွယ်ပြီး နောက်ပိုင်း ချောင်းဆိုး နှာချေပြီး နောက်ပိုင်းတို့မှာ လက်ဆေးခိုင်းပါ။
    • ပါးစပ်ထဲ လက်မထည့်ဖို့၊ မျက်လုံး ပွတ်မနေဖို့ သတိပေးပါ။
    • ကလေး ကစားစရာတွေ နဲ့ ကစားတဲ့ နေရာတွေ တဝိုက်ကို သန့်ရှင်းအောင် လုပ်ထားပါ။

    ကလေးမှာ ဒီလက္ခဏာတွေ ဖြစ်လာရင်တော့ ဆရာဝန်အမြန်ဆုံးပြပါ –

    • အဖျား 100.4°F (38°C) နဲ့အထက်ရှိလာရင်
    • လက္ခဏာတွေက ၃-၄ရက်နဲ့ မသက်သာရင်
    • မျက်စိ နီရဲလာရင်၊ မျက်ဝတ် ဝါဝါတွေထွက်လာရင်
    • ဆေးတွေ သောက်နေပေမယ့် ဝေဒနာ မသက်သာရင်
    • ကလေးက အရမ်းစိတ်ဆတ်တာ ဒါမှမဟုတ် တုံ့ပြန်မှု သိပ်မရှိတော့တာ လိုမျိုး အပြုအမူပိုင်း ပြောင်းလဲလာရင်
    • အသက်ရှူရခက်လာရင်၊ အသက်ရှူ တအားမြန်လာရင် ဆေးကုသမှု အမြန်ဆုံး ခံယူပါ။
    • ဒီလို ဆေးခန်း၊ ဆေးရုံ သွားရပြီ ဆိုရင်တော့ အကောင်းဆုံးက ကလေးရော မိဘပါ လိုအပ်တဲ့ အကာအကွယ်၊ စောင့်ရှောက်ဆင်ခြင်မှုအပြည့်နဲ့ ပြင်ဆင်သွားပါ။

      ဒါမှ မလိုလားအပ်တဲ့ Covid-19 အန္တရာယ်ကို ရှောင်ရှားနိုင်မှာ ဖြစ်လို့ပါပဲ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement