ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာ ဘာလဲ
ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese encephalitis) ဆိုတာ Culex ဆိုတဲ့ ခြင်မှတဆင့် ကူးစက်ပြန့်ပွားနိုင်ပြီး ဦးနှောက်တွင်းရောဂါပိုးပျံ့နှံ့စေတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ အရှေ့တောင်အာရှ၊ ပစိဖိတ်ကျွန်းတွေနဲ့ ကမ္ဘာ့ အရှေ့ဖျားနိုင်ငံတွေရဲ့ကျေးလက်ဒေသတွေအတွင်း ကလေးတွေမှာ အဖြစ်များဆုံးရောဂါလည်းဖြစ်ပါတယ်။