သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

မအူပင် ဆေးဖက်ဝင် သလား!

မအူပင်ကို မအူပင်လို့ သိကြသူ နည်းပေမယ့် ဘောလုံးပန်းလို့ ပြောလိုက်ရင်တော့ လူတိုင်းလိုလို သိမယ် ထင်ပါတယ်နော်။ အရွက်စိမ်းစိမ်း ခပ်ဖားဖား ပွင့်တတ်ပြီး အပွင့်လေးတွေကတော့ အဝါရောင် လုံးလုံးလေး ပေါ်မှာ အဖြူရောင် သေးသေးလေးတွေ အများကြီးပါပါတယ်။ ရိုးတံကတော့ စိမ်းစိမ်းလေးပေါ့။ ဒီတစ်ခေါက်တော့ ပြောပြချင်တာက မအူပင် ဆေးဖက်ဝင် သလား! ဆိုတာပါ။ မအူပင် ဆိုတာက မအူပင်ဆိုတာက အပင်ကြီး တစ်မျိုးပါ။ မအူပင်ရဲ့ သိပ္ပံနာမည်ကတော့ Neolamarckia cadamba ပါ။ အမြဲစိမ်း အပင်တစ်မျိုးပါ။ ဆေးဖက်ဝင်သလို တောင်အာရှ နဲ့ အရှေ့တောင် အာရှဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အထူးသဖြင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မြန်မာနိုင်ငံ၊ သီရိလင်္ကာနဲ့ ကမ္ဘောဒီယားနိုင်ငံတွေမှာ ပေါက်ရောက် ကြပါတယ်။ လာအို၊ ဖိလစ်ပိုင်၊ မလေးရှား၊ […]


သဘာဝဆေးဖက်ဝင်

ဆားခါး ဆေးဖက်ဝင်သလား!

ဆားခါးဆိုတာက သိသူတွေလည်း ရှိသလို မသိသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ကျန်းမာရေးအတွက် ဆားခါး ခေါင်းအုံး အုံးတာမျိုးတွေ ရှိလာသို အသားအရေ လှပစေဖို့ ဆားခါးနဲ့ ရေချိုးတာမျိုးလည်း ရှိလာပါပြီ။ ဒီလို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့ ဆားခါး ဆေးဖက်ဝင်သလား! ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဆားခါး ဆိုတာ ဆားခါးကို Epsom salt လို့ သိထားနိုင်ပါတယ်။ ဆားခါး ဆိုတာက magnesium sulfate ပါ။ ဆားခါးကို ဓာတု ဒြပ်ပေါင်း အနေနဲ့ မဂ္ဂနီဆီယမ်၊ ဆာလဖာ၊ အောက်ဆီဂျင်တို့နဲ့ ဖွဲ့စည်းထားပါတယ်။ အမည်နာမအရ ဆားခါးလို့ ခေါ်ကြပေမယ့် ဆားခါးရဲ့ ဒြပ်ပေါင်းက စားပွဲတင်ဆားရဲ့ ဒြပ်ပေါင်းနဲ့ နည်းနည်းလေးမှ မတူပါဘူး။ အသွင်အပြင်ကတော့ ဆားနဲ့ တူပါတယ်။ အများစုက ရေချိုးသုံးဆားလို့ […]


သဘာဝဆေးဖက်ဝင်

ဗောဓိညောင် ဆေးဖက်ဝင်ပါတယ်

ဗောဓိညောင်ဆိုတာက ဗုဒ္ဓဘာသာဝင်တိုင်း အထွဋ်အမြတ်ထားကြတဲ့ အပင် တစ်မျိုးပါ။ ဗုဒ္ဓဂါယာမှာဆိုရင် ဘုရားရှင်ပွင့်တော်မူရာ ဗောဓိညောင်ပင်ကြီး ရှိပါတယ်။ ဒီအပင်ကြီးက ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ဖွားဖက်တော်ဆိုလည်း ဟုတ်ပါတယ်။ ဒီဗောဓိညောင်ပင်က အထွဋ်အမြတ် ကိုးကွယ်ရာတင် မဟုတ်ပါဘူး။ ဆေးဖက်လည်း ဝင်ပါသတဲ့။ ဘာကြောင့် ဗောဓိညောင် ဆေးဖက်ဝင်ပါတယ် လို့ ပြောရသလဲ ဆိုတာကို ကိုယ်တိုင် ဖတ်ကြည့်လိုက်တော့နော်။ ဗောဓိညောင် ဆိုတာ ဗောဓိညောင်ဆိုတာက ညောင်ပင်နဲ့ ခပ်ဆင်ဆင် အပင် တစ်မျိုးပါ။ ဒီအပင်က သဖန်းပင်နဲ့ မျိုးရင်းတူပြီး mulberry မျိုးရင်းပင်ဆိုလည်း ဟုတ်ပါတယ်။ အရွက်က ဝိုင်းဝိုင်း ကြီးကြီးနဲ့ ထိပ်ဖျားမှာ ရှည်မြောမြောလေး ရှိပါတယ်။ အရွက်မှာ ရွက်ကြောတွေ ဖြာနေပြီး နုစဉ်မှာ ညီုတိုတို ရှိပြီး ရင့်လာချိန်မှာ အစိမ်းရောင်လေးပါ။ ဗောဓိညောင်က အရွက်တင် ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။ […]


သဘာဝဆေးဖက်ဝင်

ရေဝါးရွက် ဆေးဖက်ဝင်သလား

ရေဝါးရွက် ဆိုတာကို သိသူတွေလည်း ရှိသလို အပင်ကို မြင်ဖူးပြီး အမည်နဲ့ မတွဲမိတာ၊ လုံးဝ မသိတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အပင်လေးလည်း လှသလို အရွက်လေးရဲ့ အရောင်လေးပါ ချစ်စရာကောင်းတဲ့ ရေဝါးရွက်လေးက ဘယ်လို ဆေးဖက်ဝင်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ရေဝါးရွက် ဆေးဖက်ဝင်သလား ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ရေဝါးရွက် ဆိုတာ ရေဝါးရွက် ဆိုတာက ရေဝါးပင်ရဲ့ အရွက်ပါ။ ရေဝါးပင်ဆိုတာက နွယ်ပင်တစ်မျိုးပါ။ အပင်က အပေါ်ကို နွယ်တက်တာမျိုး မဟုတ်ဘဲ လိုက်ကာလေးလိုမျိုး အောက်ဘက်ကို နွယ်ဆင်းတာပါ။ အရွက်က ခရမ်းရောင်ကနေ အနီရောင်ရှိပါတယ်။ အရွက်လေးတွေက ထိပ်ပိုင်းမှာ ချွန်ချွန်လေးပါ။ ရိုးတံနဲ့ အရွက်လေးတွေမှာ အမွေးပါးလေးတွေ ဖုံးနေပါတယ်။ ရေဝါးရွက် ဆေးဖက်ဝင်သလား ရေဝါးရွက် ဆေးဖက်ဝင်သလား ဆိုတော့ လွန်ခဲ့သော နှစ်ပေါင်းများစွာ […]


သဘာဝဆေးဖက်ဝင်

သော်ကပင် ဆေးဖက်ဝင်သလား

သော်ကပင်ကို သိသူတွေလည်း ရှိသလို မသိသူတွေလည်း ရှိနိုင်ပါတယ်။ သော်ကပင်တွေက အတွေ့ရများပေမယ့် နာမည်နဲ့ အပင်ကို တွဲမသိကြတာက ပိုများပါတယ်။ မျက်လုံးထဲ မြင်သာအောင် ပြောပြရရင် သော်ကပင်က အလှစိုက် အပင်တစ်မျိုးနဲ့ တူပါတယ်။ အပင်ကြီးမျိုးဖြစ်ပြီး အရွက်ရှည်ရှည်လေးတွေ ပိုင်ဆိုင်ထားတဲ့ အပင် တစ်မျိုးပါ။ ဒီတစ်ခေါက်တော့ သော်ကပင် ဆေးဖက်ဝင်သလား ။ ဘယ်လိုတွေ ဆေးဖက်ဝင်သလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ သော်ကပင် ဆိုတာ သော်ကပင် ဆိုတာက မိုးသစ်တောအပင် တစ်မျိုးပါ။ အိန္ဒိယတိုက်ထဲမှာ တွေ့ရနိုင်ပါတယ်။ အပင်ကြီးမျိုးဖြစ်ပြီး အစိမ်းရင့်ရောင် အရွက်ရှည်ရှည်လေးတွေပိုင်ဆိုင်ထားပါတယ်။ အပင်ရဲ့ ပုံပန်းသဏ္ဍာန်က ကတော့ မှောက်ရက်အနေအထားနဲ့ တူပါတယ်။ လိမ္မော်ရောင် နဲ့ အဝါရောင် ပန်းလေးတွေ အခိုင်လိုက် ပွင့်တတ်ပြီး မကြွေခင်မှာ အနီရောင် ပြောင်းသွားတတ်ပါတယ်။ အိန္ဒိယလူမျိုးတွေ […]


သဘာဝဆေးဖက်ဝင်

မြက်ချို ဆေးဖက်ဝင်သလား

မြက်ချို ဆေးဖက်ဝင်သလား ဆိုတာ မပြောခင် မြက်ချိုကို သိတဲ့သူတွေ ရှိသလို မသိသူတွေလည်း ရှိနိုင်ပါတယ်။ မြက်ချိုဆိုတာက မြက်တစ်မျိုး ဖြစ်ပြီး အရွက်ရှည်ရှည် အစိမ်းဖန့်ဖန့်လေးပါ။ စားလို့ရသလို ဆေးဖက်လည်း ဝင်ပါတယ်။ ဒီတစ်ခေါက်တော့ ချောင်းဆိုးပျောက်အောင် သောက်လေ့ရှိကြတဲ့ မြက်ချိုက ဘယ်လို ဆေးဖက်ဝင်သလဲ .... ဆိုတာကို ပြောပြပေးချင်ပါတယ်။ မြက်ချို ဆိုတာ မြက်ချိုဆိုတာက မြက်မျိုးရင်းဝင် တစ်မျိုးပါ။ မြက်ဆိုတဲ့အတိုင်း အရွက်စိမ်းစိမ်း ရှည်ရှည်လေးပါ။ အရွက်က အခြားမြက်တွေလို မမာဘဲ ပျော့ပျော့ဖားဖားလေးပါ။ အရိုးတံမာမာလေးနဲ့ အဖူးလေးတွေ ဖူးတတ်ပြီး အသီးလေးတွေလည်း သီးတတ်ပါတယ်။ အမြင့်က ၁ ပေ ကနေ ၃ ​ပေအထိ ရှည်လျားပါတယ်။ ဆေးဖက်ဝင်တဲ့ အပင်အနေနဲ့ အသုံးပြုကြသလို ဘာသာရေးအခမ်းအနားတွေမှာ အထွဋ်အမြတ် ပူဇော်စရာအဖြစ်လည်း အသုံးပြုကြပါတယ်။ နွေလတွေမှာ […]


သဘာဝဆေးဖက်ဝင်

Royal Jelly (ရွိုင်ရယ် ဂျယ်လီ) ဆေးဖက်ဝင်သလား

ပျားနို့ ဆိုတာထက် Royal Jelly (ရွိုင်ရယ် ဂျယ်လီ) လို့ပြောလိုက်ရင် ပိုပြီး သိကြတဲ့ သဘာဝ ဆေးဖက်ဝင် ပစ္စည်းလေး တစ်မျိုးရှိပါတယ်။ ဒီဆေးဖက်ဝင်ပစ္စည်းလေးက ခန္ဓာကိုယ် ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ Royal Jellyကို ပျားနို့၊ ပျားနို့ရည် ဆိုပြီး အမျိုးမျိုး ခေါ်ကြပါတယ်။ Royal Jelly (ရွိုင်ရယ် ဂျယ်လီ) ဆိုတာ Royal Jelly (ရွိုင်ရယ် ဂျယ်လီ) ဆိုတာက နို့လိုမျိုး ဖြူနှစ်နှစ်လေးပါ။ လုပ်သားပျားတွေက ပျားဘုရင်မ သားလောင်းလေး စားသုံးအာဟာရဖြည့်တင်းနိုင်ဖို့ လုပ်ဆောင်ပေးထားတဲ့ အာဟာရတစ်မျိုးပါ။ ဒါကြောင့်လည်း Royal Jelly လို့ ခေါ်ကြတာပါ။ နေရာဒေသ နဲ့ ရာသီဥတု အခြေအနေကို လိုက်ပြီး ပါဝင်ဖွဲ့စည်းထားတဲ့ အာဟာရတွေကတော့ […]


သဘာဝဆေးဖက်ဝင်

ကြိတ်မှန်ရွက်

အမာရွတ် သက်သာစေဖို့၊ ဆံပင်သန်စေဖို့၊ မျက်ခုံးမွေးနက်အောင်ဆိုပြီး အသုံးပြုကြတဲ့ ကြိတ်မှန်ရွက်က ထွေထွေထူးထူး ပြောစရာမလိုအောင် သိထားပြီး ဖြစ်ပေမယ့် ဒီနည်းလမ်းတွေအပြင် အခြား ဘယ်လို အသုံးဝင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကြိတ်မှန်ရွက် ဘယ်လိုများ ဆေးဖက်ဝင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ကြိတ်မှန်ရွက် ဆိုတာ ကြိတ်မှန်ရွက်လို့ ဆိုပေမယ့် တကယ်ကတော့ ကြိတ်မှန်ပင် တစ်ပင်လုံး ပဉ္စ ငါးပါးစလုံးက ဆေးဖက်ဝင်တာပါ။ ကြိတ်မှန်ပင်ကို ဆေးဖက်ဝင် တိုင်းရင်းဆေးဝါးအနေနဲ့ အာရှဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ အထူးသဖြင့် ဆံသားနဲ့ အရေပြားအတွက် အသုံးပြုကြတာပါ။  အသည်းကျန်းမာစေဖို့ အသုံးပြုကြတာတွေလည်း ရှိပါတယ်။ နေကြာမျိုးရင်းပင် တစ်မျိုးဖြစ်ပြီး False Daisy လို့လည်း သိကြပါတယ်။ သိပ္ပံ နာမည်က Eclipta prostrata ပါ။ တော်တော်များများကတော့ ကြိတ်မှန်ရွက်ဟာ အိန္ဒိယတိုက် […]


သဘာဝဆေးဖက်ဝင်

ငရုတ်ခါးရွက်

ဆီးချိုသမားတွေက အခါးနဲ့ တည့်တယ်ဆိုပြီး ငရုတ်ခါးရွက် စားရမယ်လို့ ပြောတာကို ကြားဖူးမယ် ထင်ပါတယ်။ ဒီငရုတ်ခါးရွက်ကို ဆီးချိုအတွက် ဆေးတွေလုပ်ပြီး ထုတ်လုပ်ကြတာ ရှိသလို ဆေးခါးကြီး လုပ်ရာမှာလည်း ငရုတ်ခါးရွက်ကို အသုံးပြုကြပါတယ်။ ဒီတစ်ခေါက်တော့ ငရုတ်ခါးရွက်က ကျန်းမာရေးအတွက် ဘယ်လိုတွေ ထောက်ကူပေးသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ငရုတ်ခါးရွက် ဆိုတာ ငရုတ်ခါးရွက် လို့ ဆိုပေမယ့် တကယ်ကတော့ ငရုတ်ခါးပင်ကလည်း အခြား ဆေးဖက်ဝင်အပင်တွေလိုပဲ တစ်ပင်လုံး ဆေးဖက်ဝင်ပါတယ်။ ဆေးဖက်ဝင် အပင်တွေရဲ့ သဘာဝအတိုင်း ပဉ္စငါးပါးစလုံး ဆေးဖက်ဝင်တာပါ။ တောင်အာရှနိုင်ငံတွေ ဖြစ်ကြတဲ့ အိန္ဒိယနိုင်ငံ သီရိလင်္ကာနိုင်ငံတွေမှာ ပေါက်ရောက်ကြသလို မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးဖြစ်ထွန်းပါတယ်။ အရွက်က အစိမ်းရောင် ရှည်မြောမြောလေးတွေပါ ပင်စိမ်းရွက်နဲ့ ခပ်ဆင်ဆင် ပုံစံမျိုးလည်း ရှိပါတယ်။ ပန်းလေးတွေ ပွင့်တတ်ပြီး ငရုတ်သီးတောင့်လိုမျိုး အသီးလေးတွေ သီးပါတယ်။ […]


သဘာဝဆေးဖက်ဝင်

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်