backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Yarrow (၁၂ရာသီပန်းပင်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

၁၂ရာသီပန်းပင် ကို ဘာအတွက်အသုံးပြုကြသလဲ

yarrow ကို ဆေးဖက်ဝင်အပင်အဖြစ် ဆေးသိပ္ပံပညာက မယူဆပါဘူး။ ဒါပေမယ့် ရိုးရာအားဖြင့်တော့ yarrow ကို

  • ဒါဏ်ရာအနာတရတွေနဲ့ သွေးအနည်းငယ်ထွက်ခြင်း (အရေပြားကို ကပ်ပေး၊လိမ်းပေးနိုင်ပါတယ်)။
  • အစားအသောက်ပျက်ခြင်း။
  • အစာမကြေခြင်း ဒါမှမဟုတ် ရင်ပူခြင်း။
  • ဆီးသွားနည်းခြင်း၊ဓမ္မတာ ထိန်ခြင်း။
  • ဓမ္မတာလာစဉ် ကိုက်ခဲခြင်း၊ကြွက်သားများ နာကျင်ခြင်း။
  • ရောင်ရမ်းခြင်း။
  • ကူးစက်ပိုးဝင်ခြင်း။
  • သွေးထွက်ခြင်း၊ထိခိုက်ဒါဏ်ရာဖြစ်ခြင်း။

စိုးရိမ်ပူပန်ခြင်း၊အိပ်ပျော်ခြင်း စတာတွေကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ဖို့အတွက် အသုံးပြုကြလေ့ရှိပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

ယခု ဆေးဖက်ဝင်အပင် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိရှိနိုင်ဖို့အတွက် လုံလောက်တဲ့ လေ့လာမှုတွေ မပြုလုပ်ရသေးပါ။ အသေးစိတ် ထပ်မံသိရှိဖို့အတွက် ဆရာဝန် ဒါမှမဟုတ် သဘာဝဆေးဖက်ဝင်ပစ္စည်းများဆိုင်ရာ ကျွမ်းကျင်သူကို မေးမြန်းပါ။

ဒါပေမယ့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ဓါတ်ပစ္စည်းများစွာ yarrow မှာ ပါဝင်ကြောင်း လေ့လာချက်အချို့အရ သိရှိရပါတယ်။ ဒါ့အပြင် yarrow ဟာ တံတွေးထုတ်လုပ်မှုနဲ့ အစာအိမ်အချဉ်ရည်ထုတ်လုပ်မှုကို များပြားစေတာကြောင့် အစာကြေစေပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

၁၂ရာသီပန်းပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိပါက ဆရာဝန်ကို အသိပေးပါ။

သင့်တွင် ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ရှိနေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန်တွင် ဆရာဝန်ညွှန်ကြားထားသော ဆေးများကိုသာ သုံးစွဲသင့်သောကြောင့် ဖြစ်ပါသည်။

အခြားသော ဆေးများကို သုံးစွဲနေလျှင်(ဆရာဝန်ဆေးစာမပါဘဲ သုံးစွဲနိုင်သောဆေးများ ဖြစ်ကြသည့် သဘာဝသစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသော ဆေးများ သို့မဟုတ် တိုင်းရင်းဆေးများလည်း ပါဝင်ပါသည်)။

yarrow သို့မဟုတ် အခြားဆေးများ သို့မဟုတ် သဘာဝဆေးဖက်ဝင်အပင်များနှင့် ဓါတ်မတည့်ခြင်းများရှိလျှင် (ဥပမာ ragweed သို့မဟုတ် ၎င်းမျိုးနွယ်ဝင် အပင်များ)။ragweed, chrysanthemums, marigolds, daisies နဲ့ အခြားသော အပင်အများအပြားဟာ အဆိုပါ မျိုးနွယ်မှာ ပါဝင်ပါတယ်။

အခြားသော ဖျားနာမှု၊ရောဂါဝေဒနာ သို့မဟုတ် ကျန်းမာရေးပြဿနာများရှိလျှင်။

အခြားသော အစားအစာများ၊အစားအစာသုံး ဆိုးဆေးများ၊အစားအစာများကို တာရှည်ခံအောင် အသုံးပြုသော ဓါတုပစ္စည်းများ သို့မဟုတ် တိရ စ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများ ရှိလျှင်။

ဖြည့်စွက်အားဆေးများအတွက် ချမှတ်ထားသော စည်းမျဉ်းဥပဒေများမှာ ဆေးဝါးများလောက် တင်းကျပ်မှုမရှိပါ။ ယခုဆေး၏ လုံခြုံစိတ်ချရမှုကို သိရှိနိုင်ရန်အတွက် လေ့လာမှုများ ထပ်မံပြုလုပ်ရန် လိုအပ်ပါသေးတယ်။ ဆေးကို အသုံးမပြုခင်မှာ ကောင်းကျိုးဆိုးပြစ်တွေကို သေချာစွာ ချိန်ဆရပါမယ်။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်ထံ မေးမြန်းနိုင်ပါတယ်။

၁၂ရာသီပန်းပင် က ဘယ်လောက်စိတ်ချရလဲ

ကလေးများတွင် :

yarrow ဟာ ကလေးတွေမှာ စိတ်ချရမှုရှိမရှိ လေ့လာစမ်းသပ်ထားမှုတွေ မရှိသေးတဲ့အတွက် အသုံးမပြုတာ အကောင်းဆုံးဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန် :

yarrow ဟာ သားအိမ်ကြွက်သားတွေကို ပြေလျော့စေတဲ့အတွက် ကလေးပျက်ကျစေနိုင်တာမို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အနေနဲ့ yarrow ကို မသုံးစွဲသင့်ပါဘူး။ ကလေးနို့တိုက်နေတဲ့ မိခင်တွေမှာ yarrow ကို သုံးစွဲခြင်းဟာ စိတ်ချရမှုရှိမရှိ လေ့လာစမ်းသပ်မှုတွေ မပြုလုပ်ရသေးတဲ့အတွက် ဒီဆေးကို မသုံးစွဲမီ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

ခွဲစိတ်မှုမခံယူမီ :

yarrow ဟာ သွေးခဲဖြစ်ပေါ်ခြင်းကို နှောင့်နှေးစေတဲ့အတွက် ခွဲစိတ်မှုပြုလုပ်နေရင်း ဒါမှမဟုတ် ခွဲစိတ်မှုပြုလုပ်ပြီးတဲ့အခါ သွေးထွက်လွန်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကြိုတင်စီမံထားတဲ့ ခွဲစိတ်မှုမခံယူမီ နှစ်ပတ်လောက်အလိုကစပြီး yarrow သုံးစွဲခြင်းကို ရပ်ထားရပါမယ်။

ဘေးထွက်ဆိုးကျိုးများ

၁၂ရာသီပန်းပင် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Yarrow က သောက်သုံးတဲ့အခါ သင့်အနေနဲ့ အိပ်ချင်ငိုက်မျဉ်းတာ ဒါမှမဟုတ် ဆီးသွားများတာမျိုးတွေ ကြုံတွေ့ခံစားရနိုင်ပါတယ်။ သင့်အရေပြားနဲ့ ထိတွေ့မိရင် အနည်းငယ် ပူစပ်ပူလောင်ဖြစ်တာမျိုး၊နီရဲတာမျိုး ဖြစ်ပေါ်လာနိုင်ပါတယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့်ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

၁၂ရာသီပန်းပင် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

yarrow ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေ ဒါမှမဟုတ် လက်ရှိခံစားနေရတဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်တဲ့အတွက် မသုံးစွဲခင်မှာ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ရပါမယ်။

yarrow နဲ့ ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

သွေးကျဲဆေးများ :

yarrow ကို ပမာဏများပြားစွာ အသုံးပြုမယ်ဆိုရင် သွေးခဲဖြစ်ပေါ်ခြင်း (သွေးတိတ်ခြင်း)ကို နှောင့်နှေးစေနိုင်ပါတယ်။ ဒါကြောင့် yarrow ကို အခြားသွေးကျဲဆေးတွေဖြစ်တဲ့ aspirin, clopidogrel (Plavix),warfarin (Coumadin) တို့နဲ့ တွဲဖက်သုံးစွဲရင် သွေးထွက်လွန်တာတွေ ဖြစ်လာနိုင်ပါတယ်။

Lithium :

Yarrow ဟာ Lithium ရဲ့ ပမာဏကို ခန္ဓါကိုယ်ထဲမှာ (အန္တရာယ်ရှိတဲ့ ပမာဏအထိ) များပြားလာစေနိုင်ပါတယ်။

အစာအိမ်အက်ဆစ်ထွက်ရှိမှုကို လျော့နည်းစေသော ဆေးများ :

yarrow ဟာ အစာအိမ်အက်ဆစ်ထွက်ရှိမှုကို များပြားစေတာမို့ အောက်ပါဆေးတွေရဲ့ အာနိသင်ကို ထိခိုက်စေနိုင်ပါတယ် (ဆရာဝန်ဆေးစာပါမှ ဝယ်လို့ရတဲ့ ဆေးတွေရော၊ဆေးစာမလိုဘဲ အလွယ်တကူ ဝယ်သောက်လို့ရတဲ့ ဆေးတွေရော ပါဝင်ပါတယ်)။

 Cimetidine (Tagamet)

 Famotidine (Pepcid)

 Ranitidine (Zantac)

 Esomeprazole (Nexium)

 Omeprazole (Prilosec)

 Lansoprazole (Prevacid)

သွေးကျဆေးများ :

Yarrow ဟာ သွေးပေါင်ချိန်ကိုလည်း အနည်းငယ်ကျစေနိုင်တာမို့ သွေးကျဆေးတွေရဲ့ အာနိသင်ကို ပိုကောင်းလာစေပါတယ်။

အိပ်ဆေးများ :

yarrow ဟာ အနည်းငယ် အိပ်ချင်ငိုက်မျဉ်းစေတာကြောင့် အိပ်ဆေး ဒါမှမဟုတ် စိုးရိမ်ပူပန်စိတ်ကို လျော့ကျစေတဲ့ ဆေးတွေရဲ့ အာနိသင်ကို ပိုမိုထက်မြက်စေပါတယ်။ အဆိုပါဆေးတွေကတော့

အတက်ကျဆေးတွေ (ဥပမာ phenytoin (Dilantin))။

Barbiturates။

Benzodiazepines (ဥပမာ alprazolam (Xanax) and diazepam (Valium))။

အိပ်မပျော်သောရောဂါအတွက် သုံးစွဲသော ဆေးများ (ဥပမာ zolpidem (Ambien), zaleplon (Sonata), eszopiclone (Lunesta), ramelteon (Rozerem))။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

၁၂ရာသီပန်းပင် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

Yarrow အပွင့် : သတ်မှတ်ထားတဲ့ ပမာဏမှာ တနေ့ကို ၃ ဂရမ်ဖြစ်ပြီး လက်ဖက်ရည်ကြမ်းအဖြစ် သောက်သုံးနိုင်ပါတယ်။

Yarrow မှထုတ်ယူထားသော အဆီအနှစ် (1:1, 25 ethanol): သတ်မှတ်ထားတဲ့ ပမာဏမှာ ၁ – ၄ စီစီ နှုန်းနဲ့ တနေ့ကို သုံးကြိမ် သုံးစွဲနိုင်ပါတယ်။

အပင်ခြောက် : သတ်မှတ်ထားတဲ့ ပမာဏက yarrow

အရည် ၂ – ၄ ဂရမ် လောက် ဒါမှမဟုတ် yarrow ဆေးတောင့်တို့ကို တနေ့သုံးကြိမ် သုံးစွဲနိုင်ပါတယ်။

တင်ချာ (1:5; 40 ethanol):သတ်မှတ်ထားတဲ့ ပမာဏမှာ တနေ့ကို ၂ ကြိမ်မှ ၄ကြိမ်အထိ သုံးစွဲရမှာ ဖြစ်ပါတယ်။

လူတယောက်နဲ့ တယောက် သုံးစွဲရမယ့် ဆေးပမာဏက တူချင်မှ တူမှာ ဖြစ်ပါတယ်။ သင့်အသက်အရွယ်၊ကျန်းမာရေးအခြေအနေနဲ့ အခြားရောဂါတွေ ရှိမရှိပေါ်ကို မူတည်ပြီး ဆေးပမာဏ ကွာခြားပါလိမ့်မယ်။ ဒီဖြည့်စွက်အားဆေးတွေဟာ အမြဲတမ်းလုံခြုံစိတ်ချရတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် သင့်လျော်တဲ့ ဆေးပမာဏကို သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ဆွေးနွေးရပါမယ်။

၁၂ရာသီပန်းပင် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

အောက်ပါပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။

  • အပင်ခြောက် ဒါမှမဟုတ် လတ်ဆတ်သော အပင် ပုံစံ။
  • သောက်ဆေးတောင့် ဒါမှမဟုတ် ဆေးပြားပုံစံ။
  • တင်ချာ။

အရည်ပုံစံ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement