ထိုင်းဟင်းလျာတိုင်းလိုလိုမှာ ပါတတ်တဲ့ ဖက်ဖယ်ရွက်လေး က ဟင်းခတ်အမွှေးအကြိုင်အနေနဲ့တင်မဟုတ်ဘဲဆေးဖက်လည်းဝင်ပါသေးတယ်။ အာရှနိုင်ငံတော်တော်များများမှာ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုလေ့ရှိတဲ့ ဖက်ဖယ်ရွက်လေး က ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေကိုများပေးစွမ်းနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။
ဖက်ဖယ်ရွက် ဆိုတာက
ဗီယက်နမ်မျိုးရင်းဝင်အပင်တစ်မျိုးဖြစ်ပြီး ဟင်းချိုတွေ၊ စတူး နဲ့ အသုပ်တွေထဲမှာ ဟင်းခတ်အမွှေးအကြိုင် အနေနဲ့အသုံးပြုကြပါတယ်။ ဟင်းလျာတွေထဲမှာ ဟင်းခတ်အမွှေးအကြိုင် အဖြစ်အဓိကအသုံးပြုကြတဲ့အရွက်တစ်မျိုးပေါ့။ အစိမ်းရင့်ရောင်ရှိတဲ့ အရွက်ခပ်ချွန်ချွန်လေးတွေပါ။ ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ်အတွက်တော်တော်လေးအထောက်အပံ့ဖြစ်စေနိုင်ပါတယ်။
ဖက်ဖယ်ရွက် ရဲ့ ကျန်းမာရေးအာနိသင်
ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ဟင်းလျာတွေရဲ့ အနံ့အရသာကိုတိုးစေနိုင်တဲ့ ဖက်ဖယ်ရွက်လေးက
- နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်
- အစာကြေစေနိုင်တယ်
- သွေးတွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်
- အအေးမိတုပ်ကွေးြဖစ်တာကို သက်သာစေနိုင်တယ်
- နှာစေးနှာပိတ်တာကို သက်သာစေနိုင်တယ်
- အဆိပ်ရှိတဲ့အကောင်တွေ ကိုက်ခံရတဲ့အခါ အဆိပ်ပြေစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်
- ဗိုက်အောင့်ဗိုက်နာတာကို သက်သာစေနိုင်ပါတယ်
- ဝမ်းပျက်ဝမ်းလျှောသက်သာစေနိုင်ပါတယ်
- သွေးသန့်စေတယ်
- ဝက်ခြံသက်သာစေတယ်
- အရေပြားကျန်းမာစေနိုင်တယ်
- ဆီးချိုသက်သာစေနိုင်တယ်
- အစာအိမ်ဝေဒနာသက်သာစေနိုင်တယ်
- ဗောက်သက်သာစေနိုင်တယ် စတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုရရှိစေနိုင်ပါတယ်။
ဘယ်သူတွေနဲ့ မသင့်တော်ဘူးလဲ……
ဖက်ဖယ်ရွက်လေးကဆေးဖက်ဝင်တယ်ဆိုပေမယ့် ဒီလိုအခြေအနေတွေဆိုရင်တော့ မစားသုံးသင့်ပါဘူး။ တကယ်လို့ စားမယ်ဆိုရင်တောင် ကျွမ်းကျင်သူတွေနဲ့သေချာတိုင်ပင်ပြီးမှ စားသင့်ပါတယ်။
- ကိုယ်ဝန်ဆောင်မေမေတွေ
- နို့တိုက်နေရတဲ့မေမေတွေ
- ရောဂါအခံတစ်ခုခုရှိတာကြောင့် ပုံမှန်ဆေးဝါးမှီဝဲနေရသူတွေအနေနဲ့ ဖက်ဖယ်ရွက်ကို မစားသုံးသင့်ပါဘူး။
ဖက်ဖယ်ရွက်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ စားသုံးလို့ရသလို၊ ချင်း (ဂျင်း)၊ ပျားရည်၊ ငရုတ်ကောင်းတို့နဲ့ရောစပ်ပြီးဆေးအဖြစ်လည်း မှီဝဲပေးလို့ရပါတယ်။ အရွက်ကြိတ်ရည်ကိုလည်း အသုံးပြုပေးလို့ရပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။