backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Spirulina (စိမ်းပြာရေညှိ)


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

စိမ်းပြာရေညှိ ကို ဘာအတွက်အသုံးပြုကြသလဲ

စိမ်းပြာရေညှိ ကို အောက်ပါရောဂါဝေဒနာတွေအတွက် သုံးတတ်ကြပါတယ်။

  • သွေးကင်ဆာ
  • မူမမှန် မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်ခြင်း(Blepharospasm)
  • အာရုံမစူးစိုက်နိုင်တဲ့တက်ကြွလွန်ရောဂါ(ADHD)
  • ဆီးချိုရောဂါ
  • သွေးဆုံးအကြိုလက္ခဏာများ(PMS)
  • ဓာတ်မတည့်မှုများ
  • စိတ်ဖိစီးမှု
  • ပင်ပန်းနွမ်းလျမှု
  • အစာချေဖျက်ခြင်းကိုအထောက်အကူပြု
  • အနာကျက်ခြင်း
  • ကိုယ်ခံအားစနစ်ပိုကောင်းစေခြင်း

ဘယ်လိုအလုပ်လုပ်သလဲ။

စိမ်းပြာရေညှိ မှာ စားသုံးလိုက်တဲ့အခါ စုပ်ယူရလွယ်တဲ့ ပရိုတင်းဓာတ်၊သံဓာတ်၊နဲ့ တခြားသတ္ထုဓာတ်တွေ မြင့်မားစွာပါဝင်ပါတယ်။

စိမ်းပြာရေညှိ ကိုကိုယ်ခံအားစနစ်မှာ ကောင်းကျိုးသက်ရောက်မှု၊ ဖောရောင်ခြင်းနဲ့ ရောဂါပိုး ကူးစက်ခြင်းတို့အတွက် သုတေသနပြုလျက်ရှိကြပါတယ်။

ထပ်မံသိရှိလိုပါက ဆရာဝန်တွေ၊ ကျွမ်းကျင်သူတွေကို မေးမြန်းနိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

စိမ်းပြာရေညှိ အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်တွေ သင့်မှာရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

  • ကိုယ်ဝန်ဆောင်ဖြစ်နေရင် ဒါမှမဟုတ် နို့တိုက်မိခင်ဖြစ်နေရင်
  • သင်ဟာကိုယ်ဝန်ဆောင်မိခင် ဒါမှမဟုတ် ကလေးနို့တိုက်ကျွေးနေသူဆိုရင် ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေကိုပဲ သုံးစွဲသင့်ပါတယ်။
  • တခြားဆေးဝါးတွေသောက်သုံးနေရသူဆိုရင်။ ဒီအချက်မှာ ဆရာဝန်ဆေးညွှန်းမလိုဘဲ အလွယ်တကူဝယ်လို့ရတဲ့ ဆေးဝါးများနှင့် ဆေးဖက်ဝင် ဘယဆေးများလည်း အကျုံးဝင်ပါတယ်။
  • စိမ်းပြာရေညှိ ပါဝင်ဓာတ်ပစ္စည်းတစ်ခုခု ဒါမှမဟုတ် တခြားဆေးဝါး/ ဆေးဖက်ဝင်အပင် တွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါတစ်ခုခုရှိနေရင်၊ ဆေးဝါးကုထုံးခံယူနေရသူဖြစ်ရင်
  • အစားအစာ၊ဆိုးဆေး၊တာရှည်ခံဆေး၊တိရစ္ဆာန်၊ နွားနို့ တို့နှင့် ဓာတ်မတည့်တာတွေလို အခြားဓာတ်မတည့် မှုတွေရှိနေရင်

ဆေးဖက်ဝင်ဓာတ်စာအားဆေးအတွက်စည်းကမ်း သတ်မှတ်ချက်က ဆေးဝါးတွေ တင်းကြပ်မှု မရှိပါဘူး။ သို့သော် ၎င်းရဲ့ဘေးဥပါဒ်ကင်းရှင်းမှုအတွက် လေ့လာမှု တွေထပ်လုပ်ဖို့ိလိုအပ်ပါတယ်။ ဒီဆေးဖက်ဝင်ပစ္စည်းရဲ့ အကျိုးကျေးဇူးတွေ ကတော့ ဆိုးကျိုးထက်ပိုများပါတယ်။ အကောင်းဆုံးက ဆရာဝန်နဲ့တိုင်ပင်ပါ။

စိမ်းပြာရေညှိ က ဘယ်လောက်စိတ်ချရလဲ

ကလေးတွေမှာ

မသန့်စင်တဲ့ စိမ်းပြာရေညှိ ထုတ်ကုန်တွေက ကလေးတွေ အတွက်ဘေးမကင်းနိုင်ပါဘူး။ ကလေးတွေက မသန့်တဲ့ စိမ်းပြာရေညှိ ကို လူကြီးတွေထက် ပိုပြီးထိခိုက်လွယ်ကြ ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန်

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် မှာ စိမ်းပြာရေညှိ သုံးစွဲခြင်းရဲ့ ဘေးကင်းလုံခြုံမှုနဲ့ပတ်သက်တဲ့ စိတ်ချယုံကြည်ရတဲ့ အချက်အလက် အလုံအလောက်မရှိသေးပါဘူ။ စိတ်ချရအောင် အသုံးမပြုတာတော့ အကောင်းဆုံးပါ။

ဘေးထွက်ဆိုးကျိုးများ

စိမ်းပြာရေညှိ ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

စိမ်းပြာရေညှိ ရဲ့အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတချို့က

  • အသည်းထိခိုက်ပျက်စီးခြင်း
  • အစာအိမ်နာ/ဗိုက်အောင့်ခြင်း
  • မအီမသာဖြစ်ခြင်း
  • သွေးလန့်ခြင်း
  • နှလုံးခုန်မြန်ခြင်း
  • သေဆုံးနိုင်ခြင်း

ဒီဘေးထွက်ဆိုးကျိုးတွေကို လူတိုင်းခံစားရတာတော့ မဟုတ်ပါဘူး။ အထက်မှာမပါရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေ လည်းရှိလာနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုရှိလာခဲ့ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံဉာဏ်တောင်းခံပါ။

ဆေးဓါတ်ပြုမှုများ

စိမ်းပြာရေညှိ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

စိမ်းပြာရေညှိ က သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ၊ ကုထုံးတွေနဲ့ဓာတ်ပြုတုံ့ပြန်နိုင်ပါတယ်။ သူ့ကိုအသုံးမပြုခင်မှာ သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။

စိမ်းပြာရေညှိ ကို ကိုယ်ခံအားကိုကျဆင်းစေတဲ့ ဆေးဝါးကုထုံးတွေနဲ့အတူ ရောပြီးသုံးစွဲမိရင် ဓါတ်ပြုမှုတွေဖြစ်နိုင်ပါတယ်။

  • ကိုယ်ခံအားလျော့နည်းစေတဲ့ဆေးတချို့ကတော့ azathioprine (Imuran)၊ basiliximab (Simulect)၊ cyclosporine (Neoral၊ Sandimmune)၊ daclizumab (Zenapax)၊ muromonab-CD3 (OKT3၊ Orthoclone OKT3)၊ mycophenolate (CellCept)၊ tacrolimus (FK506, Prograf)၊ sirolimus (Rapamune)၊ prednisone (Deltasone၊ Orasone)၊ corticosteroids (glucocorticoids) နဲ့ တခြားဆေးတွေပါဝင်ပါ တယ်။

အောက်ပါရောဂါအခြေအနေတွေက စပီရူလိုင်းနားနဲ့ ဓာတ်ပြုတုံ့ပြန်မှုှရှိလာနိုင်ပါတယ်။

  • multiple sclerosis (အာရုံကြောကို ဖုံးအုပ်ထားသော အလွှာများပျက်စီးစေသော နာတာရှည်ရောဂါ)၊ သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာ၊ pemphigus vulgaris (အရေပြားရောဂါ) နဲ့ တခြားရောဂါတွေဟာ ကိုယ်ခံအားကျဆင်းစေတဲ့ရောဂါတွေဖြစ်ပါတယ်။ စိမ်းပြာရေညှိ က ကိုယ်ခံအားကို ပိုတက်ကြွစေနိုင်တာကြောင့် မိမိခန္ဓာကိုယ်မှဆဲလ်များကို ပြန်လည် မှားယွင်းတိုက်ခိုက်သောရောဂါ(auto-immune disease) ရောဂါလက္ခဏာတွေကို ပိုများစေနိုင်ပါတယ်။ ဒီရောဂါတွေထဲက တစ်ခုခုရှိခဲ့ရင် စပီရူလိုင်းနား ကိုရှောင်ပါ။
  • Phenylketonuria- စိမ်းပြာရေညှိ အမျိုးအစားတွေမှာ phenylalanine ဓာတ်ပါဝင် ပါတယ်။ ဒါ့ကြောင့် phenylketonuria ကိုပိုဆိုးစေနိုင်ပါတယ်။ သင့်မှာ phenylketonuria ရှိနေပါက စိမ်းပြာရေညှိ ထုတ်ကုန်တွေကို ရှောင်ပါ။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

စိမ်းပြာရေညှိ အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

သုံးစွဲရတဲ့ပမာဏ

အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေဟာ ဆေးပညာအကြံဉာဏ်တွေအဖြစ် သုံးလို့မရနိုင်ပါဘူး။ ဒီဆေးဖက်ဝင်ပစ္စည်းကိုမသုံးခင် ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနဲ့ အမြဲတိုင်ပင်ပါ။

စိမ်းပြာရေညှိ အတွက် ပုံမှန်ပမာဏက ဘယ်လောက်လဲ

လူကြီးအတွက်

  • Leukoplakia (ပါးစောင်အတွင်းက သွားဖုံးမှာ အဖြူကွက်တွေနဲ့အနာဖြစ်ခြင်း)- တစ်နေ့ကို ၁ ဂရမ် ၁၂ရက် ကြာအောင် သောက်ပါ။
  • Blepharospasms (မူမမှန် မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်နေခြင်း) – အထူး စိမ်းပြာရေညှိ SBGA (Super Blue-Green Algae) ၁၅၀၀ မီလီဂရမ် ဆေးတောင့်ကို နေ့စဉ်သောက်ပါ
  • ကိုယ်ခံအားစနစ်မြှင့်တင်ပေးခြင်း – စိမ်းပြာရေညှိအဆီအနှစ်ကို တစ်နေ့ ၄၀၀ မီလီဂရမ်ကို သောက်ပါ။

ဒီဆေးဖက်ဝင်ပစ္စည်းကိုအသုံးပြုတဲ့ပမာဏက လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ လူနာရဲ့ အသက်အရွယ်၊ ကျန်းမာရေးနဲ့ တခြားအခြေအနေ အများကြီးကို မူတည်ပါတယ်။ ဆေးဖက်ဝင်တဲ့နွယ်မြက် သစ်ပင်တွေကထုတ်တဲ့ ဆေးတွေဟာ အမြဲတော့ ဘေးမကင်းပါဘူး။ ဒါ့ကြောင့် တန်ဆေးလွန်ဘေး မဖြစ်အောင်  ဆရာဝန်နဲ့တိုင်ပင်ပြီး ပမာဏကို ချင့်ချိန်ပါ။

စိမ်းပြာရေညှိ က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

စိမ်းပြာရေညှိ ကို အောက်ပါပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။

  • ဂျယ်ဆေးတောင့်
  • ဆေးပြား
  • အမှုန့် ဒါမှမဟုတ် အခြောက်ခံ၊ အေးခဲအခြောက်ခံထားတဲ့ အဖတ်တွေ

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement