backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

နှင်းဆီပန်း (Rose)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နှင်းဆီပန်း (Rose)

နှင်းဆီပန်း (Rose) ရဲ့ကျန်းမာရေးအရ အသုံးဝင်ပုံများ

နှင်းဆီပန်းက ကျန်းမာရေးကိုအထောက်အကူဖြစ်စေလိမ့်မယ်၊လို့ တစ်ခါလေးတောင်မစဉ်းမိခဲ့ပါဘူး။ ဒါပေမယ့် နှင်းဆီပန်း အဆီအနှစ်တွေကရှေးယခင်ခေတ်ကာလတွေကတည်းက ကိုယ်ခန္ဓါ၊ စိတ်နဲ့အရေပြားတို့အတွက်ကောင်းကျိုးပြုတာတွေအများအပြားရှိခဲ့တာဖြစ်ပါတယ်။ နှင်းဆီပန်းကို အလှအပအတွက်အသုံးပြုနိုင်တယ်လို့တော်တော်များများသိပြီးဖြစ်ပေမယ့် နှင်းဆီပန်းရဲ့ ပွင့်ချပ်လေးတွေက လိင်မှုဘဝကို အားဖြည့်ပေးသလို စိတ်ဖိစီးမှုတွေကို တိုက်ဖျက်ပေးနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေနိုင်တယ်ဆိုတာကိုတော့သိပ်မသိကြသေးပါဘူး။

နှင်းဆီက မျိုးစိတ်ပေါင်း ၁၀၀ကျော်ရှိပြီး အရောင်အသွေးအမျိုးမျိုးရှိပါတယ်။ နှင်းဆီပင်ဟာ အာရှမျိုးရင်းပင်ဖြစ်ပြီးနောက်ပိုင်းမှာမှ မြောက်အမေရိက၊ ဥရောပ နဲ့မြောက်အာဖရိကတို့လိုမျိုး ကမ္ဘာ့နိုင်ငံတော်တော်များများမှာရှင်သန်ပေါက်ရာက်လာတာဖြစ်ပါတယ်။

နှင်းဆီပန်းကနေ ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်မလဲ

ကိုယ်အလေးချိန်ကျစေနိုင်ခြင်း –နှင်းဆီပန်းရဲ့ ပွင့်ချပ်ထဲမှာပါတဲ့ဒြပ်ပေါင်းတွေက ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုကိုလည်း တိုးတက်စေနိုင်စွမ်းရှိပါတယ်။ နှင်းဆီပွင့်ချပ်လက်တစ်ဆုပ်စာလောက်ကိုစားသုံးပေးမယ် ဆိုရင် စိတ်ကျေနပ်မှုရရှိစေပြီး အဆာခံနိုင်စေမှာဖြစ်တာကြောင့် သဘာဝအတိုင်းကိုယ်အလေးချိန်လျှော့ချစေနိုင်မယ့်နည်းတစ်ရပ်ပါ။

သဘာဝ ကာမအားတိုးဆေးတစ်ရပ် – နှင်းဆီပန်းဟာ အချစ်သင်္ကေတ တစ်ရပ် ဖြစ်ရုံသာမက သဘာဝ ကာမအားတိုးဆေး တစ်ရပ်လည်း ဖြစ်ပါတယ်။ နှင်းဆီရဲ့ ပွင့်ချပ်တွေက လိင်စိတ်တက်ကြွလာအောင် လှုံ့ဆော်ရာမှာ တော်တော်လေး ထိရောက်ပါတယ်။ နှင်းဆီပွင့်ချပ်တွေက နှလုံးခုန်သံကို စည်းချက်မှန်အောင်ထိန်းညှိပေးနိုင်သလို စိတ်ခံစားမှုနဲ့ အာရုံကြောစနစ်တွေကို ကောင်းမွန်စေပါတယ်။

စိတ်ဖိစီးမှုနဲ့စိတ်ဓါတ်ကျမှုတွေကိုပြေလျော့စေခြင်း –ပင်ပန်းနွမ်းလျတာနဲ့ စိတ်ဖိစီးမှု များတာကြောင့် အိပ်မပျော်တာနဲ့ စိတ်ဂနာမငြိမ်တာတွေ ဖြစ်စေပြီး အဆိုပါ အကျိုးဆက်တွေကြောင့် စိတ်ဆိုးလွယ်တာနဲ့ အမျိုးသမီးတွေမှာ လိင်စိတ် ကုန်ခမ်းတာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နှင်းဆီပွင့်ချပ်တွေနဲ့ ပွင့်ချပ်တွေရဲ့ အဆီက အဆိုပါ လက္ခဏာတွေကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိပါတယ်။Paraíba-Caixa တက္ကသိုလ်Physiology and Pathology/LTF ဌာနက လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတစ်ရပ်မှာ နှင်းဆီပန်းရဲ့ အဆီက စိတ်ငြိမ်စေနိုင်စွမ်း ရှိတယ်။ လို့တွေ့ရှိခဲ့ပါတယ်။

လိပ်ခေါင်း လက္ခဏာတွေကို သက်သာအောင်အထောက်အပံ့ပေးနိုင်ခြင်း – နှင်းဆီပွင့်ချပ်တွေက လိပ်ခေါင်းကိုကုသနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။ နှင်းဆီပန်းမှာ အမျှင်ဓါတ်နဲ့ရေဓါတ်ကြွယ်ဝစွာပါဝင်သလို ခန္ဓါကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်းအားဖြင့် အစာကြေညက်အောင်ထောက်ပံ့ပေးပါတယ်။ နှင်းဆီရဲ့ အဆိုပါအစွမ်းတွေက လိပ်ခေါင်းကြောင့်သွေးကျတာကို သက်သာစေသလို နာကျင်မှုကိုလည်းလျော့ပါးစေပါတယ်။

ဝက်ခြံပျောက်စေနိုင်ခြင်းဝက်ခြံတွေ အများကြီးထွက်နေရင် နှင်းဆီပန်းကို သဘာဝ ဝက်ခြံပျောက်ဆေး တစ်ရပ်အနေနဲ့ အသုံးပြုနိုင်ပါတယ်။ rosewater ကိုလည်း ဝက်ခြံပျောက်အောင် အသုံးပြုနိုင်ပါတယ်။ အစိုဓါတ်ကို ထိန်းပေးပြီး နှင်းဆီပွင့်ချပ်မှာ ပါတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းက ဝက်ခြံတွေကို ညှိုးခြောက်သွားအောင် လုပ်ဆောင်ပေးပါတယ်။ ပိုးမွှားတွေကို သေစေနိုင်တဲ့phenyl ethanol ပါရှိမှုကြောင့်rosewater ကဝက်ခြံတွေကိုထိထိရောက်ရောက် နှိမ်နှင်းပေးနိုင်ပါတယ်။

နှုတ်ခမ်းကိုအရောင်တက်စေနိုင်ခြင်း –နှုတ်ခမ်းကိုအရောင်တက်စေဖို့အတွက် နှင်းဆီပန်းကိုအသုံးပြုပေးနိုင်ပါတယ်။ နှင်းဆီပန်းက နှုတ်ခမ်းကိုပန်းရောင်သွေးသန်းစေရုံသာမက နူးညံ့စေပါတယ်။ အရေပြားကိုလည်း အစိုဓါတ်ထိန်းပေးပြီး ဝင်းလက်တောက်ပစေပါတယ်။ နှင်းဆီပန်းက နှုတ်းခမ်းပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပေးပြီး နှုတ်ခမ်းသားကိုပြည့်စေနိုင်ပါတယ်။

နှလုံးရောဂါနဲ့ အိတ်ခ်ျအိုင်ဗွီရောဂါတွေအပေါ်မှာ ထိရောက်တဲ့အကျိုးသက်ရောက်မှုရှိခြင်း –နှင်းဆီပန်းမှာပါတဲ့ cyanidin-3-O-β-glucoside လို့ခေါ်တဲ့ဒြပ်ပေါင်းအသစ်တစ်မျိုးက နှလုံးစွမ်းဆောင်ရည်တွေတိုးတက်အောင်ထိထိရောက်ရောက်လုပ်ဆောင်ပေးနိုင်စွမ်း ရှိပါတယ်။ နှင်းဆီပန်းမှာပါဝင်တဲ့ အခြားဒြပ်ပေါင်းဖြစ်တဲ့Kaempferolဒြပ်ပေါင်းက အိတ်အိုင်ဗွီရောဂါကူးစက်ခံထားရတဲ့ ဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိတယ်၊လို့ဆိုပါတယ်။

နှင်းဆီရေနွေးကြမ်းက ကူးစက်ရောဂါတွေကို ကုသနိုင်ခြင်း –နှင်းဆီပွင့်ချပ်တွေနဲ့လုပ်ထားရေနွေးကြမ်းက အသည်းကနေ သည်းခြေရည် ထွက်အောင်လှုံ့ဆော်ပေးနိုင်ပြီး သည်းခြေအိတ်ကိုလည်း သန့်စင်အောင်အထောက်အကူပြုပေးပါတယ်။လေပြွန်နဲ့ပတ်သက်တဲ့ ကူးစက်ရောဂါလက္ခဏာတွေကိုလျော့ကျစေနိုင်သလို လည်ချောင်းနာတာကိုလည်းသက်သာစေပါတယ်။

နှင်းဆီပေါင်းခံရည်က ဝမ်းချုပ်တာကိုသက်သာစေခြင်း – နှင်းဆီပေါင်းခံရည်က ဝမ်းချုပ်တာကို သက်သာစေသလိုသွေးကိုလည်းသန့်စေပါတယ်။ စိတ်ခံစားမှုကိုလည်းကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။ရေကျောက်နဲ့ဝက်သက်ရောဂါတွေကုသရာမှာလည်း နှင်းဆီပေါင်းခံရည်ကို အသုံးပြုနိုင်ပါတယ်။ အသေးစားဖျားနာမှုတွေအတွက် နှင်းဆီပေါင်းခံရည်ကိုအသုံးပြုနိုင်ပါတယ်။

နှင်းဆီရေနွေးကြမ်းက ဝမ်းချုပ်တာကိုသက်သာစေခြင်း – နှင်းဆီပွင့်ချပ်၊ အရွက်၊ နှင်းဆီပွင့်ခံရွက်တွေနဲ့လုပ်ထားတဲ့ရေနွေးကြမ်းက အဖျားကိုကျစေနိုင်ပါတယ်။ အဆိုပါရေနွေးကြမ်းက ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလိုအရေပြားပေါ်က နီမြန်းမှုတွေကိုလည်းလျော့ကျစေနိုင်ပါတယ်။ နှင်းဆီပန်းရေနွေးကြမ်းမှာပါတဲ့ ဖလေဗာနွိုက်က ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်အောင် အထောက်အပံ့ပေးပါတယ်။ နှာစေးတာနဲ့ချွဲကြပ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

သတိပြုဖွယ်ရာများ

-နှင်းဆီပန်း ရေနွေးကြမ်းကို ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေမသောက်သင့်ပါဘူး။

-ဆီးချို (သို့)သွေးအားနည်းရောဂါရှိသူတွေအနေနဲ့ နှင်းဆီရေနွေးကြမ်းမသောက်သင့်ပါဘူး။

-ဆေးဝါးတွေမှီဝဲနေရတယ်ဆိုရင်လည်းဆေးဝါးတွေနဲ့ ဓါတ်ပြုတာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ဆွေးနွေးပြီးမှသာသောက်သုံးသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement