လေးညှင်း (Cloves) က ဟင်းခတ် အမွှေးအကြိုင် ဆိုတာထက် ပိုပြီး ဆေးဖက်လည်း ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel
လေးညှင်း (Cloves) က ဟင်းခတ် အမွှေးအကြိုင် ဆိုတာထက် ပိုပြီး ဆေးဖက်လည်း ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။
လေးညှင်း (Cloves) ကို ဗိုက်နာခြင်းအတွက် အသုံးပြုပြီး သလိပ်ပျော်ဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။ လေးညှင်းပွင့်နဲ့ လေးညှင်းဆီတွေကို လေထခြင်း၊ ပျို့အန်ခြင်းတွေအတွက်လည်း အသုံးပြုကြပါတယ်။
လေးညှင်းပွင့်ကို သွားနာခြင်းအတွက် သွားဖုံးပေါ်ကို တိုက်ရိုက်လိမ်းနိုင်ပြီး သွားနှုတ်စဉ်မှာလည်း နာကျင်မှုကို သက်သာစေကာ dry socket လို့ ခေါ်တဲ့ သွားနှုတ်အပြီး ဖြစ်တတ်တဲ့ ဆိုးကျိုးအတွက်လည်း အသုံးပြုနိုင်ပါတယ်။ သူ့ကို ပါးစပ်နဲ့ လည်ချောင်းရောင်ရမ်းခြင်းအတွက်နဲ့ နာကျင်မှုကို သက်သာစေဖို့လည်း အသုံးပြုနိုင်ပါတယ်။ အခြားပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး လေးညှင်းပွင့်ကို အမျိုးသားများ အချိန်မတိုင်မီ သုက်လွှတ်ခြင်းကို ကာကွယ်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။
လေးညှင်းပွင့် ဘယ်လိုအလုပ်လုပ်လဲ ဆိုတာနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ဒါပေမယ့် လေ့လာမှုအချို့က လေးညှင်း ဟာ prostaglandin , cydooxygenaseနဲ့ lypooxigenase ထုတ်လုပ်မှုတွေကို တားမြစ်တယ်လို့ သိရပါတယ်။ လေးညှင်းပွင့်ရဲ့ ပါဝင်ပစ္စည်းတစ်ခု ဖြစ်တဲ့ Eugenol ဟာ ထုံကျင်စေတဲ့ အာနိသင်နဲ့ ပိုးသတ်ပေးတဲ့ အာနိသင်တွေ ရှိပါတယ်။
လေးညှင်း ကို အေးမြခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ လေးညှင်းပွင့် ကို essential oil တွေနဲ့ ရောသုံးသင့်ပါတယ်။ လေးညှင်းကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ချိန်ဆစဉ်းစားသင့်ပါတယ်။
လေးညှင်းပွင့်ကို ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေမှာ တိုင်းရင်းဆေးကျွမ်းကျင်သူရဲ့ ညွှန်ကြားချက်မရှိဘဲ အသုံးမပြုသင့်ပါဘူး။ သာမန်လူတွေအနေနဲ့လည်း အလွန်အကျွံ အသုံးပြုတာကို ရှောင်သင့်ပါတယ်။
လေးညှင်း ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။
လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖော်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် တိုင်းရင်းဆေးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လေးညှင်းဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓာတ်ပြုနိုင်ပါတယ်။ ဒါကြောင့် အသုံးမပြုခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သွေးမခဲစေတဲ့ ဆေးတွေကလည်း လေးညှင်းပွင့်နဲ့ ဓာတ်ပြုနိုင်ပါတယ်။
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နဲ့ တိုင်ပင်ပါရန်။
အချိန်မတိုင်မီ သုက်လွှတ်ခြင်းအတွက် အမျိုးသားတွေမှာ လိမ်းဆေးအနေနဲ့ပဲ အသုံးပြုသင့်ပါတယ်။ ပုံမှန်အားဖြင့် လိင်မဆက်ဆံခင် တစ်နာရီလောက်ကြိုပြီး လိမ်းပေးထားသင့်ပြီး လိင်ဆက်ဆံမှု ပြီးပြီးချင်း ဆေးကြော သင့်ပါတယ်။ ခံတွင်းနဲ့ သွားဖုံးရောင်ရမ်းတာတွေအတွက် အာလုပ်ကျင်းဆေးရည်အနေနဲ့ အသုံးပြုနိုင်ပါတယ်။
လေးညှင်းပွင့်ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ ကိုယ်အသုံးပြုရမယ့် ပမာဏကို သိစေဖို့ တိုင်းရင်းဆေးပညာရှင်နဲ့ တိုင်ပင်ပါ။
လေးညှင်းပွင့် ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
ရေးသားသူ− Dr Phyu Mon Mon Latt
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Hello Sayarwon Panel
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။