backup og meta

အရွယ်တင်နုပျိုချင်ရင် ဒါတွေစားပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရွယ်တင်နုပျိုချင်ရင် ဒါတွေစားပေးပါ

    အရွယ်တင်နုပျိုချင်ရင် ဒီအစားအစာလေးတွေ စားပေးပါ

    ကဲ….. အရွယ်တင်နုပျိုစေဖို့ ဒီအစားအသောက်လေးတွေစားပေးပါနော်။ ခန္ဓါကိုယ်ကို အကာင်းဆုံးအားဖြည့်ပေးပြီး အရွယ်တင်နုပျိုစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်တဲ့ အစားအသောက်တွေကတော့-

    ကန်စွန်းရွက် – ကန်စွန်းရွက်ကရေဓါတ်ရော၊ အာဟာရဓါတ်ပါ အပြည့်အဝပါဝင်နေတဲ့ အစိမ်းရောင် အရွက်တစ်မျိုးပေါ့။ ကန်စွန်းရွက်မှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနိ၊ဖော့ဖရပ်စ်၊ ဗီတာမင် A၊ C၊ K၊ B1 နဲ့ B2 တို့ပါဝင်နေပါတယ်။ ကန်စွန်းရွက်မှာ အရေပြားအတွင်းပိုင်းကရောဂါပိုးတွေကိုသေစေနိုင်တဲ့အာနိသင်ရှိပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်သလို ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီကို သတ္တုဓါတ်တွေရောက်ရှိအောင် ပို့ဆောင်ပေးပါတယ်။ ကန်စွန်းရွက်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကfree radicalsတွေကြောင့် အရေးအကြောင်းတွေဖြစ်တာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။နေ့စဉ် ကန်စွန်းရွက် လက်တစ်ဆုပ်စာ စားပေးပါ။

    ငရုတ်ပွ– ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတဲ့ အစားအသောက်တစ်ခုပေါ့။ ဒါ့အပြင် ငရုတ်ပွမှာ ဗီတာမင် C များစွာပါဝင်တာကြောင့်ကော်လာဂျင်ထုတ်လုပ်မှုကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် အရွယ်တင်နုပျိုချင်ရင် ငရုတ်ပွကလည်းမေ့ထားလို့မဖြစ်ပါဘူး။
    သင်္ဘောသီး – ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝပြီး အရသာရှိတဲ့ အချိုတည်းစရာအသီးတစ်မျိုးပေါ့။ အသားအရေကို တင်းရင်းလှပစေပြီး အရေးအကြောင်းတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို စိုပြည်လှပစေမှာပါ။
    ဘလူးဘယ်ရီ – ဗီတာမင် A၊ ဗီတာမင် C နဲ့ အရွယ်တင်နုပျိုစေနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့anthocyanin ပါဝင်နေပါတယ်။ ဒီဓါတ်တွေပါဝင်နေတာကြောင့် အသားအရေကိုနေလောင်ဒဏ်၊စိတ်ဖိစီးမှု နဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့် အသားအရေထိခိုက်ပျက်စီးတာတွေကို ကာကွယ်ပေးပါတယ်။ကော်လဂျင်ဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။
    ပန်းဂေါ်ဖီစိမ်း – ပန်းဂေါ်ဖီစိမ်းမှာရောင်ရမ်းမှုကို သက်သာစေပြီး အရွယ်တင်နုပျိုစေနိုင်တဲ့ ဗီတာမင် C နဲ့ ဗီတာမင် K တို့အပြင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်ပါတယ်။ကော်လလာဂျင်ထုတ်လုပ်မှုတိုးစေပြီး အရေပြားကို တင်းရင်းလှပေစေနိုင်ပါတယ်။
    ဟင်းနုနွယ် – ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေသလိုရေဓါတ်ြပည့်ဝစွာပါဝင်တာကြောင့် အသားအရေကိုစိုပြေတင်းရင်းလှပစေမှာပါ။ သံဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့်လေဒီတွေအတွက်တော့ အရမ်းအဆင်ပြေမှာပါ။ ဆဲလ်တွေရောင်ရမ်းမှုကိုလျော့ပါးသက်သာစေမှာပါ။
    အခွံမာသီးတွေ – အခွံမာသီးမှာ ဗီတာမင် E ကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားတစ်ရှုးတွေကိုပြန်လည်ပြုပြင်ရာမှာ အထောက်အကူပြုပေးပါတယ်။ အရေပြားအစိုဓါတ်ကိုထိန်းပေးပြီးနေလောင်ဒဏ်ကြောင့် အသားအရေထိခိုက်ပျက်စီးတာကို ကာကွယ်ပေးပါတယ်။omega-3 fatty acids ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို စိုပြေတင်းရင်းစေမှာပါ။
    ထောပတ်သီး -ထောပတ်သီးမှာomega-3 fatty acids၊ ဗီတာမင် K၊ C၊ B၊ E နဲ့ A တို့ပါဝင်တာကြောင့် အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပါတယ်။နေရောင်ကြောင့် အသားအရေပျက်စီးမှုကို ကာကွယ်ပေးနိုင်သလို အရေပြားကင်ဆာဖြစ်နိုင်ခြေကိုလည်း ကာကွယ်ပေးပါတယ်။
    ကန်စွန်းဥ – လိမ္မော်ရောင်သမ်းနေတဲ့ ကန်စွန်းဥမှာ ဘီတာကယ်လ်ရိုတင်းလို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေပါတယ်။ အရေပြားကိုတင်းရင်းစေပြီး၊ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးနိုင်တာကြောင့် အရွယ်တင်နုပျိုနေစေဖို့ အထောက်အပံ့ပေးနိုင်မှာပါ။ ဗီတာမင် C နဲ့ ဗီတာမင် E တို့ ပါဝင်တာကြောင့် အရေပြားကို Free Radicalsတွေကြောင့် ထိခိုက်မှုမရှိအောင်ကာကွယ်ပေးပါတယ်။
    သောက်ရေ -ရေသောက်တာက ခန္ဓါကိုယ်ကိုရေဓါတ်ပြည့်ဝနေစေပြီး အသားအရေကို စိုပြေလှပနေစေမှာပါ။ ဒါကြောင့် အသားအရေလှပနေစေဖို့ နေ့စဉ်လုံလောက်တဲ့ရေပမာဏသောက်မိအောင် ဂရုစိုက်ပါ။
    ဒီအစားအစာတွေနေ့စဉ်စားသုံးပေးပြီး အရွယ်တင်နုပျိုအောင် ကိုယ့်ကိုကိုယ်ထိန်းသိမ်းလိုက်ပါနော်……….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement