backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

American Hellebore (ခရစ်စမတ်နှင်းဆီပင်)


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

ခရစ်စမတ်နှင်းဆီပင် ကို ဘာအတွက်အသုံးပြုကြသလဲ

American hellebore သည် မြန်မာလို ခရစ်စမတ်နှင်းဆီပင်ဟုခေါ်သော အပင်တစ်မျိုးဖြစ်သည်။ အဖူးနှင့် အမြစ်ကို ဆေးဖော်ရာတွင် အသုံးပြုသည်။ သမိုင်းကြောင်းအရ American hellebore ပင်သည် ရောမခေတ်တွင် အဆိပ်မြှားများပြုလုပ်ရာတွင် အသုံးပြုခဲ့သည်။ ၎င်းကို သွေးတိုးကျရန် အသုံးပြုခဲ့ကြသော်လည်း သုတေသနပြုလုပ်ထားသည်မှမရှိပေ။

ခရစ်စမတ်နှင်းဆီပင် ဘယ်လိုအလုပ်လုပ်လဲ

ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် ဤအပင်သည် သွေးတိုးကျခြင်း၊ ကိုယ်တွင်းအဂါၤများသို့ သွေးစီးဆင်းမှုကောင်းစေခြင်းစသော နှလုံးသွေးကြောနှင့် ပတ်သတ်သော အာနိသင်များရှိကြောင်း လေ့လာမှုအချို့တွင် ဖော်ပြထားသည်။ ၎င်းကို ကိုယ်ဝန်ဆောင်ခြင်းကြောင့်ဖြစ်သော သွေးတိုးရောဂါကို ကုသရန် စိတ်ငြိမ်ဆေးအဖြစ်အသုံးခဲ့ကြသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ခရစ်စမတ်နှင်းဆီပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးပင်သည် အဆိပ်ဖြစ်စေလွယ်သောကြောင့် အသုံးနည်းသည်။ များသောအားဖြင့် ဤဆေးပင်ကို အသုံးမပြုကြပဲ စိတ်ချရသော အခြားသော ကုသနည်းများကို သုံးကြသည်။ ဆေးပင်နှင့် ပတ်သတ်သော ပစ္စည်းများကို အေးပြီး ခြောက်သွေ့သောနေရာတွင် ထားသင့်သည်။

ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။ ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ခရစ်စမတ်နှင်းဆီပင် က ဘယ်လောက်စိတ်ချရလဲ

ဤ ဆေးပင်ကို ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် အသက် ၁၂ နှစ်အောက် ကလေးများတွင် အသုံးမပြုရပါ။ အစာအိမ်နှင့် အူလမ်းကြောင်းပြသနာရှိသူများနှင့် နှလုံးရောဂါသမားများတွင် လည်း အသုံးမပြုရပါ။

ဘေးထွက်ဆိုးကျိုးများ

ခရစ်စမတ်နှင်းဆီပင် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ဤဆေးပင်သည် အဆိပ်အတောက်ဖြစ်စေသောကြောင့် ပမာဏများခြင်းသည် အန္တရာယ်ရှိစေသည်။ သေဆုံးနိုင်ခြင်း အပြင် အောက်ပါ ဘေးထွက်ဆိုးကျိုးများလည်း ရှိသည်။

• မျက်စိကွယ်ခြင်း

• နှလုံးခုန်နှေးစေခြင်း

• အသက်ရှုရခက်ခြင်း

• ပါးစပ်၊ လည်ပင်းများ ယားယံခြင်း

• ပျို့အန်ခြင်း၊ဝမ်းပျက်ခြင်း၊နှင့် အစာမျိုရခက်ခြင်း

• အာရုံကြောထိခိုက်ခြင်း၊ တက်ခြင်း၊ အကြောဆွဲခြင်း။

ဆေးပင်ကိုအသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

ခရစ်စမတ်နှင်းဆီပင် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

ဤဆေးပင်သည် အခြားသော သင်အသုံးပြုနေသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ဤဆေးပင်သည် နှလုံးကို ထိခိုက်စေနိုင်သည်။ ပိုးသတ်ဆေးအချို့သည် ဤဆေးပင်၏ အာနိသင်ကို တိုးစေသောကြောင့် တွဲဖက်အသုံးမပြုသင့်ပါ။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ခရစ်စမတ်နှင်းဆီပင် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ဤဆေးပင်သည် အဆိပ်အတောက်ဖြစ်စေနိုင်သည့်အတွက် အမြစ်ကို ပြုလုပ်ထားသော အမှုန့်ကို ဝ.၀၀၂ ဂရမ် မှ ဝ.၁ ဂရမ်အတွင်းသာ အသုံးပြုပါ။

သို့သော် အသုံးပြုလေ့ရှိသော ဆေးပမာဏမှာ လူနာတစ်ယောက်ချင်းစီတွင် ကွာခြားနိုင်ပါသည်။ သောက်ရမည့် ပမာဏသည် လူနာ၏ အသက်၊ ကျန်းမာရေး၊ နှင့် အခြားသော အခြေအနေများတွင် မူတည်ပါသည်။ ဘယဆေးပင်များသည် အမြဲတမ်း စိတ်မချရပါ။ ထို့ကြောင့် ဆေးပင်ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် သင့်တော်သောပမာဏကို ဆွေးနွေးပါ။

ခရစ်စမတ်နှင်းဆီပင် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ဤဆေးပင်ကို အောက်ပါ ပုံစံများနှင့် ရနိုင်သည်။

• အဆီအနှစ်အရည်

• ပေါင်ဒါအမှုန့်

• လိမ်းဆေးရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement