backup og meta

ရှောက်ရွက် လေးအကြောင်း သိကောင်းစရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရှောက်ရွက် လေးအကြောင်း သိကောင်းစရာ

    ရှောက်ရွက် လေးအကြောင်း သိကောင်းစရာ တွေကို ပြောပြပေးချင် ပါတယ်။ ရှောက်ရွက် က ထိုင်းအစားအစာတွေတိုင်း လိုလိုမှာ တွေ့ရတတ်တဲ့ အမွှေးအကြိုင် တစ်ခုပါ။ တို့ဟူးသုပ်၊ ငါးဖယ်သုပ်၊ ကင်းမွန်သုပ်တွေထဲ ထည့်စားရင်လည်း အနံ့အရသာ ပြည့်စုံစေတဲ့ ဟင်းခတ်အမွှေးအကြိုင်လေးပေါ့။ တို့စားရင်လည်း မွှေးမွှေးလေးနဲ့ ခံတွင်းပါ ရှင်းသေးတယ်နော်။ ရှောက်ရွက်ရဲ့ အသုံးတည့်မှုက ဒီလောက်ပဲလား။ ဒီထက်မကတဲ့ ကျန်းမာရေး အကျိုးထူးတွေ ပိုင်ဆိုင်ထားတဲ့ ရှောက်ရွက်လေး အကြောင်း နည်းနည်းလောက် ဆွေးနွေးကြရအောင်လား။

    ရှောက်ရွက် မှာဘာတွေပါလဲ

    ရှောက်ရွက်မှာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် C၊ ရှောက်မျိုးနွယ်ဝင် အပင်တွေမှာ ပါတဲ့ ဗီတာမင် တစ်မျိုး ဖြစ်တဲ့ ဗီတာမင် P တို့ အဓိက ပါဝင်နေ ပါတယ်။

    ရှောက်ရွက် လေးအကြောင်း သိကောင်းစရာ

    ရှောက်ရွက် လေးအကြောင်း သိကောင်းစရာ

    ရှောက်ရွက် က ဖလေဗာနွိုက် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နှလုံးရောဂါ နဲ့ ကင်ဆာ ဝေဒနာ ခံစားနေရသူတွေ အတွက် သင့်တော်ပါတယ်။ အစားများလို့ မအီမသာ ဖြစ်တာ၊ ပင်ပန်းနုံးချိတာ၊ အော့အန်တာ၊ ဗိုက်မကောင်းတာတွေ အတွက်လည်း ရှောက်ရွက်ကို ရေစင်စင်လေး ဆေးပြီး ဝါးစားလိုက်ရုံပါ။ ဝမ်းသွားနေသူတွေ အနေနဲ့ ရှောက်ရွက် နုနုလေးကို ဝါးစားပေးလို့ ရသလို ရှောက်ရွက် ပြုတ်ရည် သောက်ပေးလို့လည်း ရပါတယ်။

    အနာတွေ ပြတ်ရှ ဒဏ်ရာတွေ အနာစိမ်းတွေ ဖြစ်တဲ့အခါမှာလည်း အနာကို ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့ ရှောက်ရွက်ကို ရေစင်အောင်ဆေးပြီး သတ္တုရည်ကို စွတ်ပေးလို့ ရပါတယ်။ အဆစ်အမြစ်တွေ ရောင်တာ၊ အကြောအခြင်တွေ ရောင်ရမ်းနာကျင်တာကိုလည်း သက်သာစေနိုင် ပါသေးတယ်။ သွေးကြောတွေကို ကျန်းမာစေပြီး ကိုယ်ခံအား စနစ်ကိုလည်း ကျန်းမာစေနိုင် ပါတယ်။

    ရှောက်ရွက် လေးအကြောင်း သိကောင်းစရာ

    အာရုံကြောတွေ ကျန်းမာစေဖို့ အသုံးပြုလို့ ရသလို သွေးတိုးတာ၊ အစာခြေစနစ်မှာ ဖြစ်တဲ့ အနာတွေကို သက်သာစေဖို့ အတွက်လည်း အသုံးပြုလို့ ရပါတယ်။ ညဘက် အိပ်မပျော်သူတွေ အတွက်လည်း အစွမ်းထက်တဲ့ သဘာဝဆေး တစ်မျိုးပါ။ အအေးမိတာ၊ အစာမကြေတာ၊ ဝမ်းချုပ်တာပန်းနာရင်ကြပ် ခံစားနေရတာ၊ လေပြွန်ရောင်ရမ်းတာ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ ခံစားနေရတာ၊ ဗီတာမင် C ချို့တဲ့မှုတွေကို သက်သာစေနိုင် ပါတယ်။ စိတ်ငြိမ်စေပြီး အာရုံကြောတွေကို ကျန်းမာစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။

    ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ ခံစားနေရမယ် ဆိုရင်တော့ ရှောက်ရွက်ကို ရေနွေးဆူဆူထဲမှာ ၁၀ မိနစ်လောက် စိမ်ပြီး ရလာတဲ့ အရည်ကို သောက်ပေးပါ။ နေ့စဉ် နှစ်ခွက် ပုံမှန် သောက်ပေးမယ် ဆိုရင် ခေါင်းကိုက်တာ သက်သာသွားမှာပါ။ ပန်းနာရင်ကြပ် ရှိသူတွေ အနေနဲ့လည်း ရှောက်ရွက်ကို ဆေးဖြစ်ဝါးဖြစ် စားပေးသင့်ပါတယ်။

    ဒီလောက် ဆိုရင်တော့ ရှောက်ရွက်လေးက ဟင်းလျာတွေကိုပဲ အနံ့အရသာ ပြည့်စုံစေတာလား၊ ကျန်းမာရေးကိုပါ အထောက်အကူ ပြုလားဆိုတာကို သဲသဲကွဲကွဲ သိလောက်မယ် ထင်ပါတယ်နော်။ ရှောက်ရွက် နုနုလေးတွေကို ကျန်းမာရေးအတွက် စားလိုက်ကြရအောင်လား…….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 16/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement