backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အမြဲလွှင့်ပစ်ကြတဲ့ ဖရဲသီးအခွံ ရဲ့ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 10/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အမြဲလွှင့်ပစ်ကြတဲ့ ဖရဲသီးအခွံ ရဲ့ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူး

အများစုက  ဖရဲသီးရဲ့ အရည်ရွှမ်းပြီး ချိုမြတဲ့အသားကိုပဲ စားကြပါတယ်။ ဒါပေမဲ့ ဖရဲသီးရဲ့အခွံကိုလည်း စားလို့ရပါတယ်တဲ့။ ဖရဲသီးအခွံ က သင့်ခန္ဓာကိုယ်ကို  ဘက်ပေါင်းစုံက အကျိုးပြုနေလို့ပါပဲ။ ဖရဲသီးအခွံရဲ့ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူး တွေကို သိပြီးပြီလား။

ဖရဲသီးအခွံ မှာ ဘာတွေပါလို့လဲ

ဖရဲသီးအခွံမှာ ဘာတွေပါလို့လဲ

ဖရဲသီး အသားမှာလိုပဲ အခွံမှာ ရေ ဓာတ် အပြည့်အဝ ပါဝင်ပါတယ်။ သည်လိုရေဓာတ် ပါဝင်လို့လည်း ကျောက်ကပ်ရဲ့ စွန့်ထုတ်နိုင်စွမ်းကို ပိုကောင်းစေတာပါ။ ရေဓာတ်အလုံအလောက်ရရှိမှုက ခန္ဓာကိုယ် တစ်ခုလုံး ကျန်းမာအောင် အထောက်အကူပြုနိုင်ပါတယ်။

ဖရဲခွံသားက ဗီတာမင်C ၊ B6  နဲ့  A တို့ ပြည့်ဝစွာပါဝင်တဲ့အပြင် ပိုတက်စီယမ်နဲ့ ဇင့်တို့ကိုလည်း ပမာဏအတန်အသင့်ရရှိ နိုင်ပါတယ်။

ဗီတာမင် စီ ပါဝင်လို့ free radical ကြောင့် ထိခိုက် ပျက်စီးမှုတွေကို ခုခံနိုင်ပြီး ကိုယ်ခံအားကို ကောင်းစေပါတယ်။

အမြဲလွှင့်ပစ်ကြတဲ့ ဖရဲသီးအခွံ ရဲ့ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူး

အမြဲလွှင့်ပစ်ကြတဲ့ ဖရဲသီးအခွံရဲ့ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူး တွေကတော့

၁ ။ ကျောက်ကပ်မှာ ကျောက်ကြေ စေတယ်

ဖရဲခွံမှာပါတဲ့ ပိုတက်စီယမ်ဟာ ကျောက်ကပ်ထဲက အက်စစ် ပမာဏကို ထိန်းညှိ၊ ထိန်းသိမ်း ပေးတာဖြစ်လို့ ကျောက်ကပ် ကျန်းမာရေးအတွက် အကျိုးများစေပါတယ်။ ရေဓာတ် ပါဝင်မှုကြောင့် ကျောက်ကပ်မှာ တည်နေတဲ့ ကျောက်တွေကို ကြေကျစေပြီး စွန့်ထုတ်ရလွယ်စေပါတယ်။

၂။ ကိုယ်အလေးချိန် ကျစေတယ်

ဗီတာမင် C ပါဝင်မှုကြောင့် diet လုပ်၊ ဝိတ်ချနေသူတွေ အတွက် အထောက်အကူ ဖြစ်စေပြီး အမျှင်ဓာတ်ကြောင့် အချိန် အတော်ကြာ ဗိုက်ပြည့်နေစေမှာ ဖြစ်ပါ တယ်။

၃။ ရောင်ရမ်းမှုကို လျော့ကျစေတယ်

ဖရဲသီးခွံမှာပါတဲ့ lycopene ဓာတ်က အဆစ်ရောင် နာကျင်ကိုက်ခဲမှုတွေမှာ ဖြစ်တတ်တဲ့ ရောင်ရမ်းမှု ဝေဒနာကို လျော့ကျစေပါတယ်။ ဖရဲသီးခွံမှာ မျက်စိ ကျန်းမာရေး အတွက် ကောင်းတဲ့ beta carotene ဓာတ်လည်း တော်တော်လေး ပါဝင်ပါတယ်။

၄ ။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို သက်သာစေနိုင်တယ်

ဖရဲသီး အခွံရဲ့ ရေဓာတ် ဖြည့်တင်း နိုင်စွမ်းနဲ့ ဆီးရွှင်စေတဲ့ အာနိသင်က ဆီးပိုးဝင်ခြင်းကို ကုသရာမှာ ထိရောက်စေမှာပါ။ ဒါကြောင့် ဆီးလမ်းကြောင်း ပိုးဝင်တဲ့ လက္ခဏာ  စတွေ့ပြီဆိုတာနဲ့ ဖရဲသီး အခွံ ဖျော်ရည်ကို သောက်နိုင်ပါတယ်။

၅ ။ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို သက်သာစေတယ်

ဖရဲသီး အခွံသားကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ စားပေးမယ် ဆိုရင် ရင်ပူတာတွေ သက်သာစေပြီး ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ဖောရောင်မှုတွေကို လျော့ပါးစေပါတယ်။ ဖရဲသီး အခွံမှာ ပါဝင်တဲ့ သဘာဝ သကြားဓာတ်ကြောင့် အော့အန်ခြင်း ဝေဒနာတွေကိုလည်း သက်သာစေနိုင်ပါ တယ်။

၆။ သွေးတိုး ထိန်းပေးနိုင်တယ်

ဖရဲသီး အခွံသားက သွေးတိုးကို ကျစေတယ်လို့ ဆိုပေမဲ့ သွေးပေါင် ကျနေတဲ့ အခါမျိုးမှာလည်း သွေးလည်ပတ်မှုကို ကောင်းစေပြီး သွေးဖိအားကို  ပုံမှန် ဖြစ်အောင် ထိန်းညှိပေးနိုင် တယ်လို့ သိရပါတယ်။

သတိထားရမယ့် အချက်များ

ဖရဲခွံက ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဖြစ်တာကြောင့်သင့်တင့်တဲ့ ပမာဏပဲ စားသုံးသင့်ပါတယ်။  ဖရဲသီးနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဖရဲခွံကိုလည်း မစားသင့်ပါဘူး။

သတိထားပြီး စားသင့်သူများ

ဖရဲခွံက လူတော်တော်များများနဲ့ တည့်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးငယ်တွေ၊ ရောဂါအခံရှိသူတွေနဲ့ ဆေးဝါးတစ်ခုခုကို စွဲသောက်နေသူတွေကတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသောက်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 10/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement