backup og meta

အလေ့ကျပေါက်တဲ့ သကြားသီး လေးက ဒီလိုဆေးဖက်ဝင်ပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလေ့ကျပေါက်တဲ့ သကြားသီး လေးက ဒီလိုဆေးဖက်ဝင်ပါတယ်

    ဒီ သကြားသီး ဆိုတာက ဈေးကွက်ထဲမှာရောင်းချနေတဲ့ သကြားသီး မဟုတ်ပါဘူး။ အလေ့ကျပေါက်ပင်လိုမျိုးတွေ မိမိပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့ အသီးနီနီလေးတွေ သီးတဲ့ သကြားပင်ရဲ့ အသီးနီနီလေးတွေကို ဆိုလိုချင်တာပါ။ အသီးလေးတွေက သီးစမှာ အစိမ်းရောင်ဆိုပေမယ့် မှည့်လာတဲ့အခါ အနီရောင် လေးတွေဖြစ်လာပါတယ်။ အခွံကခပ်ပျော့ပျော့ရှိပြီး တစ်လုံးလုံးကို စားလို့ရပါတယ်။ အခုတစ်ခေါက် ဒီအသီးလေးတွေက ဘယ်လိုဆေးဖက်ဝင်လဲ ဆိုတာကိုပြောပြပေးပါရစေ။ ဒီအပင်က ဖိလစ်ပိုင်နဲ့မက္ကဆီကို မျိုးရင်းပင်တွေပါ။

    သကြားသီး ဆိုတာ

    သကြားသီး ဆိုတာက အရွက်မှာ ခပ်စူးစူး အမွှေးပါးပါးလေး ပါပြီး အဖြူရောင်အပွင့်လေးတွေ ပွင့်တတ်တဲ့ အပင်ကနေ သီးတဲ့ အနီရောင် သကြားသီးလေးတွေပါ။ အသီးလေးတွေက သီးစမှာ အစိမ်းရောင်ဆိုပေမယ့် မှည့်လာတဲ့အခါ အနီရောင် လေးတွေဖြစ်လာပါတယ်။ အခွံကခပ်ပျော့ပျော့ရှိပြီး တစ်လုံးလုံးကို စားလို့ရပါတယ်။

    ဒီအပင်က ဖိလစ်ပိုင်နဲ့မက္ကဆီကို မျိုးရင်းပင်တွေပါ။ မြန်မာနိုင်ငံမှာလည်း ပေါက်ရောက်ပါတယ်။

    သကြားသီး နီနီလေးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

    အရောင်ရဲရဲလေးနဲ့ သကြားသီးလေးက

    သကြားသီးက ခန္ဓာကိုယ်ထဲကို ပြင်ပက ဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင် တိုက်ထုတ်ပေးပါတယ်။ သကြားသီးမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိနေတာကြောင့် ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

    သကြားသီးက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။ သဘာဝ အရောင်ကျဆေးတစ်မျိုးလို့လည်း ဆိုလို့ရပါတယ်။ သကြားသီးက အရောင်ကျဆေးတွေ နီးပါး ထိရောက်မှုရှိ ပါတယ်။ အဖျားကိုလည်း သက်သာစေနိုင်ပါတယ်။

    အလေ့ကျပေါက်တဲ့ သကြားသီး လေးက ဒီလိုဆေးဖက်ဝင်ပါတယ်

    ဂေါက်ရောဂါဆိုတာက အဆစ်တွေရောင်ရမ်းပြီး နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ အဆစ်ထဲကနေ တဆစ်ဆစ်နာပြီး နီရဲရောင်ရမ်းနေတတ်ပါတယ်။

    ဂေါက်ရောဂါက အမျိုးသားတွေမှာ အဖြစ်များပြီး အဆစ်တွေ၊ အရွတ်တွေနဲ့ အခြားတစ်ရှူးတွေကို ထိခိုက်စေနိုင်ပါ တယ်။ သကြားသီးကို ဂေါက်ရောဂါသက်သာစေဖို့အတွက် စားသုံးပေးလို့ရပါတယ်။ တစ်နေ့ကို သကြားသီး ၉ လုံးကနေ ၁၂ လုံးအထိစားသုံးပေးမယ်ဆိုရင် အရိုးအဆစ်တွေထိခိုက်နာကျင်တာကို သက်သာစေနိုင်မှာပါ။

    • ဦးနှောက်ရဲ့ လုပ်ဆောင်မှုကိုကောင်းစေနိုင်တယ်

    ဖလေဗာနွိုက်ကြွယ်ဝတဲ့ အစားအစာတွေက ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုနဲ့ လုပ်ဆောင်မှုတွေကောင်းမွန်အောင် အထောက်အကူပြုပေးပါတယ်။ သကြားသီးမှာ ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်နေတာကြောင့် သိမြင်မှုစွမ်းရည်ကို ကောင်းမွန်စေပြီး လူကြီးတွေမှာဖြစ်တတ်တဲ့ အသက်အရွယ်ရလာလို့ မေ့တတ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

    • ကင်ဆာတိုက်ဖျက်ပေးနိုင်တယ်

    သကြားသီးမှာပါတဲ့ Cytoxic Flavnoids က ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ရာမှာ တော်တော်လေးအသုံးဝင်ပါတယ်။ အသီးတင်မကဘဲ သကြာသီးပင်ရဲ့ အရွက်ကပါ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိနေတာပါ။ ရင်သားကင်ဆာကလွဲလို့ အခြားကင်ဆာတွေကိုတိုက်ဖျက်ရာမှာ သကြားသီးက အထောက်အကူပြုပေးပါတယ်။

    သကြားသီးမှာ ခန္ဓာကိုယ်တွင်းမှာ ယူရစ်အက်ဆစ်တွေ ပိုလျှံနေတာမျိုးမဖြစ်အောင် ကာကွယ်ရာမှာ အထောက်အကူပြုပေးတဲ့ Anthrosyanin လို့သိကြတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေပါတယ်။ သကြားသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ကိုယ်တွင်း ယူရစ်အက်ဆစ်ပမာဏကို ကျဆင်းစေနိုင် ပါတယ်။

    သကြားသီးမှာပါတဲ့ ဖလေဗာနွိုက်က ခန္ဓာကိုယ်မှာ ကင်ဆာကျိတ်တွေ ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ သကြားသီးရဲ့ အရွက်နဲ့ ပင်စည်တွေမှာပါ ကင်ဆာကျိတ်ကို တားဆီးနိုင်တဲ့ အာနိသင်ရှိတာပါ။

  • အစာအိမ်ဝေဒနာကို သက်သာစေနိုင်တယ်

  • သကြားသီးမှာပါတဲ့ ဒြပ်ပေါင်းက အစာအိမ်ထဲမှာ လေထတာကို သက်သာစေနိုင်ပါတယ်။ သကြားသီးက လေသက်စေနိုင်သလို၊ ဓာတ်တိုးဆန့်ကျင်အာနိသင်လည်းရှိပြီး ရောင်ရမ်းမှုကိုလည်း လျော့ပါးသက်သာစေ နိုင်ပါတယ်။

    သကြားသီးက ချိုတယ်ဆိုပေမယ့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ ဆီးချိုသမားတွေအနေ နဲ့ သကြားသီးကိုစားသုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်မှာဖြစ်ပါတယ်။

    သကြားသီးရော သကြားသီးပင်ရဲ့ အပွင့်ကပါ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို လျော့ပါးသက်သာစေနိုင်ပါတယ်။

    အလေ့ကျပေါက်တဲ့ သကြားသီး လေးက ဒီလိုဆေးဖက်ဝင်ပါတယ်

    သကြားသီးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေပါဝင်နေပါတယ်။ သကြားသီးက သွေးတွင်းအဆီနဲ့ ကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး ဝမ်းလည်းမှန်စေပါတယ်။

    အစာအိမ်အနာရှိသူတွေအနေနဲ့ သကြားသီး စားသုံးပေးသင့်ပါတယ်။ သကြားသီးက အစာအိမ်အနာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်ခုပါ။ သကြားသီးပင်က ရောင်ရမ်းနာကျင်မှုကိုလျော့ပါးသက်သာစေနိုင်တာကြောင့် အစာအိမ်ထဲက အနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

  • ကိုယ်ခံအားကောင်းစေတယ်

  • သကြားသီးမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေနိုင်ပါတယ်။ ကိုယ်ခံအားနည်းသူတွေအတွက် အထူးသင့်တော်ပါတယ်။ သွေးအားနည်းသူတွေလည်းစားသုံးပေးသင့်ပါတယ်။

    သကြားသီးမှာ ဗီတာမင် C ပါဝင်တာကြောင့် အအေးမိ၊ ချောင်းဆိုး၊ တုပ်ကွေးရောဂါတွေလိုမျိုး ကိုယ်ခံအားနည်းတာကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

    သကြားသီးပင်အရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သကြားသီးက နှလုံးဆိုင်ရာ ဝေဒနာတွေဖြစ်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    သကြားသီးရောအရွက်ကပါ အအေးမိတုပ်ကွေးဝေဒနာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင် ပါတယ်။ ခေါင်းကိုက်တဲ့အခါ သကြားသီးကို စားပေးတာဖြစ်ဖြစ် အရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေးထဲ ခတ်သောက်တာမျိုးဖြစ်ဖြစ်လုပ်လို့ရပါတယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    လူတိုင်းလိုလို စားလို့ ရပါတယ်။ အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement