လျှပ်စစ်သွားပွတ်တံနှင့်ဆိုလျှင် သွားပွတ်တံအမွေးများကို လဲလှယ်နိုင်ပါတယ်။ ထုတ်လုပ်သော သွားပွတ်တံအမွေးအမျိုးအစားအလိုက် သွားပွတ်တံဟာအပျော့ အမာအလယ်အလတ် ဆိုပြီး အမျိုးအစားကွဲပြားမှုရှိပါတယ်။ အများစုကတော့ သွားပွတ်တံအပျော့ကို ရွေးချယ်ခြင်းဟာ သင့်သွားများကိုအားပါးတရတိုက်ဖို့အတွက် စိတ်အချရဆုံးဖြစ်ပါ တယ်။ သွားပွတ်တံအမွေးအမာများကို အသုံးပြုခြင်းဖြင့် သွားဖုံး၊ သွားအမြစ်နေရာများနှင့် သွားကြွေလွှာများကို ပျက်စီးစေနိုင်ပါတယ်။
သွားပွတ်တံများ မျှဝေအသုံးပြုခြင်းကိုရှောင်ကြဉ်ပါ။
အများစုအားဖြင့် သွားပွတ်တံကို မျှဝေအသုံးပြုခြင်းကြောင့် တံတွေးနှင့် အခြားသောခန္ဓါကိုယ်တွင်းအရည်များမှတစ်ဆင့် ရောဂါများကူးစက်နိုင်ပါတယ်။ ဒီလို မျှဝေအသုံးပြုခြင်းဟာ ခန္ဓါကိုယ်ခုခံအားကျဆင်းနေတဲ့သူများနှင့် ကူးစက်ရောဂါအခံရှိပြီးသူများအတွက် မသင့်တော်ပါ။
အသုံးပြုပြီးသွားပွတ်တံကိုထိန်းသိမ်းခြင်း
သွားတိုက်ပြီးတဲ့အခါမှာ သင့်ရဲ့သွားပွတ်တံကို သွားတိုက်ဆေးများနှင့် အညစ်အကြေးများကိုဖယ်ရှားဖို့ ရေနှင့်စင်ကြယ်စွာဆေးကြောပါ။ နောက်တစ်ကြိမ်အသုံးမပြုခင် အချိန်အထိ သွားပွတ်တံကို လေသလပ်ခံရအောင် တည့်တည့်မတ်မတ်ထားသင့်ပါတယ်။ ဖြစ်နိုင်ရင် ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်ဖို့ သင့်သွားပွတ်တံကိုအခြားသူများ၏ သွားပွတ်တံများနှင့် ရောနှောထားခြင်းကိုရှောင်ကြဉ်ပါ။
သွားပွတ်တံကိုလေလုံသောဘူးထဲတွင် ထည့်သိမ်းခြင်းကိုရှောင်ကြဉ်ပါ။
သွားပွတ်တံကိုလေလုံသောဘူးထဲထည့်ခြင်းအားဖြင့် ပြင်ပဖုန်နှင့် သဲမှုန့်များကပ်ခြင်းမှ ကာကွယ်နိုင်မယ်လို့ သင်ထင်မြင်နိုင်ပါတယ်။ ဒါပေမယ့် အမြဲတမ်းဒီလိုမလုပ်သင့်ပါ။ စိုစွတ်တဲ့ပတ်ဝန်းကျင် (ဥပမာလေလုံတဲ့ဘူးထဲမှာထည့်သိမ်းခြင်း)ဟာ လေသလပ်ခံထားတာနဲ့ ယှဉ်ရင် အဏုဇီဝရောဂါပိုးမွှားများပေါက်ပွားခြင်းကိုပိုမိုအားပေးစေနိုင်ပါ တယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။