backup og meta

သရက်ရွက် ကလည်း ဆေးဖက်ဝင်ပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သရက်ရွက် ကလည်း ဆေးဖက်ဝင်ပါတယ်

    လူတော်တော်များများက သစ်သီးတွေကိုသာစားလေ့ရှိပြီး အသီးပင်တွေက အရွက်တွေကိုတော့ စားလေ့စားထသိပ်မရှိကြပါဘူး။ စားလို့ရတယ်လို့ မသိကြတာမျိုးရှိသလို စားဖို့ မသင့်တော်ဘူးလို့ထင်နေကြတာမျိုးလည်းရှိပါတယ်။နောက်ဆုံးဖြစ်နိုင်တာတစ်ခုက အသီးလောက် အရွက်က အရသာမရှိတာကြောင့်ပါ။ အရွက် ကိုစားဖို့ဆိုတာကလည်း နုတုန်းတော့ဟုတ်တာပေါ့။ အရွက် ရင့်ရင့်တွေကိုတော့ ဘယ်သူမှ မစားချင်ကြပါဘူး။

    ဒီတစ်ခေါက်မှာတော့ အရမ်းအရသာရှိတဲ့ သရက်သီးက အသီးတင် ကျန်းမာရေးအတွက် အထောက်အကူပြုတာမဟုတ်ဘဲ အရွက်ကလည်းဆေးဖက်ဝင်တယ်ဆိုတာကိုပြောပြချင်တာပါ။

    သရက်ရွက် မှာ ဗီတာမင် Cဗီတာမင် B နဲ့ ဗီတာမင် A တို့ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါတွေတင်မကပါဘူး။ သရက်ရွက်မှာ ဖလေဗာနွိုက် နဲ့phenol တို့ပါဝင်ပါသေးတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ်အတွက်တော်တော်လေး အထောက်အကူပြုပါတယ်။

    သရက်ရွက် ကနေရရှိနိုင်မယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေက

    သရက်ရွက် မှာ ဆီးချိုရောဂါရဲ့ အစောပိုင်းအဆင့်တွေမှာ ထိရောက်တဲ့ သက်ရောက်မှုတွေကိုပေးနိုင်တဲ့tannins နဲ့ anthocyanins တို့ပါဝင်ပါတယ်။ ဆီးချိုရောဂါလက္ခဏာတွေကို သက်သာစေနိုင်တဲ့ အစွမ်းလည်းရှိနေပါတယ်။ သရက်ရွက်ကသွေးကြောတွေကို ကျန်းမာသန်စွမ်းစေပြီးသွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့်သွေးတိုးရောဂါကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ သရက်ရွက်ကိုအမှုန့်လုပ်ပြီး စားသုံးပေးမယ်ဆိုရင် သည်းခြေနဲ့ကျောက်ကပ်မှာကျောက်တည်တဲ့ဝေဒနာတွေကိုသက်သာစေနိုင်ပါတယ်။

    အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကို သက်သာစေဖို့အတွက်လည်း သရက်ရွက်ကို အသုံးပြုပေးလို့ရပါတယ်။ သရက်ရွက်ပြုတ်ရည်ကို ပျားရည်နဲ့ရောစပ်သုံးဆောင်တာက အအေးမိဖျားနာတာနဲ့ချောင်းဆိုးတာရင်ကြပ်တာလိုမျိုးဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ဝမ်းကိုက် နေသူတွေအနေနဲ့လည်း သရက်ရွက်အခြောက်ခံထားတဲ့အမှုန့်ကို သုံးဆောင်ပေးမယ်ဆိုရင် သက်သာစေမှာ အသေအချာပါ။

    နေ့စဉ်လှုပ်ရှားနေရတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေအနေနဲ့လည်း အနာကိုပိုးမဝင်စေဖို့ဆိုရင် သရက်ရွက်ပြုတ်ရည်နဲ့ အနာကိုဆေးပေးလို့ရပါတယ်။

    အလှအပအတွက်လည်း သရက်ရွက်က ဒီလိုလေးအသုံးဝင်ပါသေးတယ်။ လှပချောမွေ့တဲ့ အသားအရေကို ပျိုမေတိုင်းပိုင်ဆိုင်ချင်မယ်ထင်ပါတယ်။ မျက်နှာမှာ ဝက်ခြံြဖစ်တဲ့အခါ စိတ်ညစ်ရသလို ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမာရွတ်တွေကလည်း တကယ်ကိုအလှပျက်စေတဲ့အရာပါ။ ဒီလိုမျိုးအလှပျက်စေတဲ့အရာတွေကို သရက်ရွက်သုံးပြီးမောင်းထုတ်ပစ်လို့ရပါတယ်။

    ဘယ်လိုမျိုးလဲဆိုတော့ သရက်ရွက်ကို အရိပ်အောက်မှာအခြောက်ခံပြီး အမှုန့်လုပ်ပါ။ပြီးရင် သရက်ရွက်မှုန့်ကို ဒိန်ချဉ်နဲ့ရောစပ်ပြီး မျက်နှာပေါ်ကဝက်ခြံတွေနဲ့ ဝက်ခြံကြောင့် ကျန်ရစ်ခဲ့တဲ့ အမာရွတ်တွေကိုလူးပေးလိုက်ပါ။ခြောက်အောင်ထားပြီး မျက်နှာကိုဆေးကြောသန့်စင်ပေးပါ။

    တစ်ပတ်ကို ၂ ကြိမ်လောက်လုပ်ပေးမယ်ဆိုရင် သိသာတဲ့ ရလဒ်ကို ရရှိမှာပါ။ ဝက်ခြံတင်မဟုတ်ဘဲ မျက်နှာပေါ်က အမဲစက်တွေကို သက်သာစေနိုင်သလို အသားအရေမညီညာတာကိုလည်း သက်သာစေနိုင်ပါတယ်။

    သရက်ရွက်ပြုတ်ရည်ကိုရေချိုးတဲ့အခါ ၂ ခွက် ၃ ခွက်စာလောက်ထည့်ချိုးပေးမယ်ဆိုရင် ခန္ဓါကိုယ်ကို လန်းဆန်းစေနိုင်ပြီး စိတ်ဖိစီးမှုကိုလည်း သက်သာစေပါလိမ့်မယ်။ သရက်ရွက်က စိတ်ဖိစီးမှုကို သက်သာစေနိုင်တဲ့ အိမ်တွင်းဆေးဝါးတစ်မျိုးပါ။ ဒီလောက်ထိအသုံးဝင်တဲ့ သရက်ရွက် ကို အလကားလွှင့်ပစ်တာမျိုးမလုပ်ဘဲ အကျိုးရှိရှိအသုံးချလိုက်ကြရအောင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement