backup og meta

ထန်းလျက်လေးက ဆေးဖြစ်ဝါးဖြစ်စားပေးလို့ရတယ်နော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 13/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထန်းလျက်လေးက ဆေးဖြစ်ဝါးဖြစ်စားပေးလို့ရတယ်နော်

    ထန်းလျက်လေးတွေကို မီးဖိုချောင်တိုင်းမှာ ပုလင်းလေး၊ ဒါမှမဟုတ် လေလုံတဲ့ဗူးလေးနဲ့ ထည့်ထားတာ တွေ့ဖူးမှာပေါ့။ နေ့ခင်းနေ့လယ် ရေနွေးကြမ်းလေးနဲ့ သောက်ကြသလို ရင်ချောင်အောင်ဆိုပြီး အချိုတည်းတာမျိုးလည်းရှိပါတယ်။ နောက်ပြီး ထန်းလျက်ကို အုန်းသီးနဲ့တွဲစားတာကလည်း တော်တော်လေးအရသာရှိသေးတယ်။ ထန်းလျက် ပါတဲ့ မုန့်တွေကလည်း စားလို့ကောင်းတာ အမှန်ပါပဲ။ ဒီလိုစားကောင်းတဲ့ ထန်းလျက်လေးက ဆေးဖက်ဝင်တဲ့အချက်လေးတွေလည်းရှိနေပါသေးတယ်နော်။

    ထန်းလျက်ဆိုတာက

    ထန်းလျက်ဆိုတာက အချိုဓာတ်ပါတဲ့ စားစရာတစ်ခုပေါ့။ ဒီအတိုင်းစားလို့ရသလို အရည်ကျိုပြီး မုန့်လက်ကောက်ကြော်၊ နှမ်းကပ်ကြော်တို့နဲ့ တို့စားတာ၊ သာကူကျိုတဲ့အခါ ထန်းလျက်နဲ့ ကျိုတာ။ မုန့်လက်ဆောင်းကို ထန်းလျက်ရည်လေး အုန်းသီးလေးထည့်ပြီးသောက်လိုက်ရင် ‌‌နွေရာသီမှာ ရင်အေးစေတာအမှန်ပါ။ ဒီလိုစားကောင်းအရသာရှိတဲ့ အချိုတည်းစရာ ထန်းလျက်လေးက ထန်းရည်ကို ကျိုချက်လိုက်တာကနေရလာတဲ့ စားစရာတစ်ခုပေါ့။

    ထန်းပင်ကကျတဲ့ သန့်စင်ထားတဲ့ ထန်းရည်ချိုကို ဒယ်အိုးထဲသို့ထည့်ပြီး မီးပြင်းပြင်းနဲ့ပျစ်လာတဲ့အထိ ဆူပွက်အောင်ကျိုပေးပြီး သမအောင်မွှေပေးရပါတယ်။ အရည်ပျစ်လာတဲ့အခါ ထန်းလျက်သားကျလာတဲ့အခါ မီးဖိုပေါ်ကနေချပြီး လိုသလိုပုံစံနဲ့ အခဲခံလိုက်တဲ့အခါ စားကောင်းတဲ့ထန်းလျက်ရလာပြီပေါ့။

    ထန်းလျက်လေးက ဘယ်လိုအာဟာရဓာတ်တွေပါဝင်နေလဲ

    ထန်းလျက်မှာ ကယ်လ်လိုရီ နဲ့ ကာဗိုဟိုက်ဒရိတ်တွေပါဝင်နေပါတယ်။ ဒါတွေအပြင် ထန်းလျက်မှာ

    ထန်းလျက်လေးက ဆေးဖြစ်ဝါးဖြစ်စားပေးလို့ရတယ်နော်

    ထန်းလျက်က သဘာဝအချိုဓာတ်တစ်မျိုးပါ။ အော်ဂင်းနစ်စားစရာတစ်ခုပေါ့။ ဈေးလည်းမကြီးဘဲ မြန်မာရဲ့ အထက်အညာဒေသထွက် ထန်းလျက်လေးက စားလို့ကောင်းသလို ကျန်းမာရေးအကျိုးကျေးဇူးတွေလည်းများပါတယ်။

    ကိုယ်တွင်းရေဓာတ်ကိုဖြည့်ပေးတယ်

    အော့အန်နေတာ၊ ဝမ်းသွားနေတာတွေကြောင့် ကိုယ်တွင်းရေဓာတ်ဆုံးရှုံးမှုဖြစ်တဲ့အခါ ရေဓာတ်ပြန်ဖြည့်ဖို့ ထန်းလျက်ကိုရေနွေးလေးနဲ့သောက်သောက် ရေအေးလေးနဲ့သောက်သောက် သောက်လို့ရပါတယ်။

    ခွန်အားပြည့်စေတယ်

    အချိုဓာတ်က ခန္ဓာကိုယ်က အာဟာရပြည့်စေသလို ခွန်အားလည်းပြည့်စေနိုင်ပါတယ်။ မနက်ခင်းမှာ သောက်မယ့် ဖျော်ရည် ဒါမှမဟုတ် မနက်ခင်းသောက်စရာတစ်ခုထဲကို ထန်းလျက်ထည့်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာ ခွန်အားပြည့်စေမှာ အသေအချာပါ။

    ကြွက်သားတွေကို ကျန်းမာစေနိုင်တယ်
    ထန်းလျက်မှာ ပိုတက်ဆီယမ် နဲ့ ကယ်လ်ဆီယမ်တို့လိုမျိုး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သတ္တုဓာတ်တွေပါဝင်နေပြီး အရိုးနဲ့ ကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။ အရိုးနဲ့ကြွက်သားတစ်ရှူးတွေကို ကျန်းမာစေနိုင်ပါတယ်။
    အကျိုးပြုအမျှင်ဓာတ်ပါဝင်တယ်
    ထန်းလျက်မှာ အကျိုးပြု အမျှင်ဓါတ်ပါဝင်နေတာကြောင့် အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို အထောက်အပံ့ပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

    ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကိုတိုက်ဖျက်ပေးတယ်

    ကင်ဆာက အခုနောက်ပိုင်းမှာ ဖြစ်ပွားမှုနှုန်း တော်တော်လေးမြင့်တက်လာပါတယ်။ ထန်းလျက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာဖြစ်စေတဲ့ အရာတွေကို တိုက်ဖျက်ပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ထန်းလျက်မှာ ဗီတာမင် C နဲ့ ဗီတာမင် A တို့ ကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာဖြစ်နိုင်ခြေကိုလည်း ‌လျော့ကျစေပါတယ်။

    အစာကြေစေတယ်

    အစားတွေ အများကြီးစားမိတဲ့အခါမှာဖြစ်ဖြစ်၊ မတည့်တဲ့အစာတွေစားပြီးရင်ဖြစ်ဖြစ် ထန်းလျက်လေးစားပေးတာက အစာကြေ ရင်ချောင်စေနိုင်ပါတယ်။ ဒါကြောင့် အစာကြေချင်တယ်ဆိုရင် ထန်းလျက်လေးစားပေးပါနော်။

    ဝမ်းချုပ်တာ သက်သာစေနိုင်ပါတယ်

    ဝမ်းချုပ်တတ်တယ်ဆိုရင် ထန်းလျက်ပုံမှန်စားပေးလို့ရပါတယ်။ အစာကြေစေပြီး အစာခြေစနစ်ကို ကောင်းကောင်းလုပ်ဆောင်နိုင်စေတာကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။

    ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်

    ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးနိုင်ပြီး အရသာလည်းရှိပါတယ်။ အဆာပြေအနေနဲ့ဖြစ်ဖြစ် အပျင်းပြေဖြစ်ဖြစ်စားသုံးပေးလို့ရပါတယ်။

    အဆိပ်တွေဖယ်ရှားပေးတယ်

    သဘာဝဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ပါဝင်နေတာကြောင့် ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

    ဘာတွေ သတိထားရမလဲ!

    ထန်းညက်က ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုပေမယ့် သင့်တင့်တဲ့ ပမာဏပဲ စားသင့်ပါတယ်။

    ဆီးချို ရှိမယ်ဆိုရင်တော့ မစားခင်မှာ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင် ဆီးချို ရှိမယ်ဆိုရင်လည်း သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

    ကဲ အလွယ်တကူဝယ်လို့ရပြီး ကုန်ကျစရိတ်မများဘဲ ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ထန်းလျက်လေးကို စားသုံးကြည့်မယ်မှတ်လား….. အားလုံးကျန်းမာပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 13/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement