backup og meta

စက္ကူပန်း လေးတွေက အဆင်းရော အချင်းပါပြည့်စုံတာပါနော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စက္ကူပန်း လေးတွေက အဆင်းရော အချင်းပါပြည့်စုံတာပါနော်

    စက္ကူပန်း လေးတွေက အဆင်းရော အချင်းပါပြည့်စုံတာပါနော် ….. နေအိမ်တွေမှာဖြစ်ဖြစ် ခရီးသွားရင်ဖြစ်ဖြစ် အလှဆင်တဲ့အနေနဲ့ အရောင်အသွေးစုံလင်လှတဲ့ စက္ကူပန်းလေးတွေကို စိုက်ထားတာမြင်ဖူးကြမှာပါနော်။ စက္ကူပန်းလေးတွေက လိုသလိုပုံသွင်းပြီး အလှဆင်လို့ကောင်းတဲ့ အရိပ်ရအပင်လေးတစ်မျိုးပေါ့။ နွေပူပူမှာတောင် အရိပ်ပေးနိုင်ပါတယ်။ စက္ကူပန်း က အနီရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင်၊ ပန်းရောင် နဲ့ အဖြူရောင်ဆိုပြီး အရောင်အသွေးစုံနေရောပဲ။

    စက္ကူပန်း လေးတွေက အဆင်းရော အချင်းပါပြည့်စုံတာပါနော်

    စက္ကူပန်းလေးတွေကို အလှအတွက်ပဲစိုက်ထားတယ်ဆိုပေမယ့် အခုလို ဆေးဖက်ဝင်တာလေးကိုပါ သိထားမယ်ဆိုရင် ပိုအဆင်ပြေမယ်ထင်ပါတယ်နော်။ စက္ကူပန်း လေးတွေက

    စက္ကူပန်းက သလိပ်ပျော်စေနိုင်တာကြောင့် ချောင်းဆိုးနေတဲ့သူတွေအနေနဲ့ အသုံးပြုပေးလို့ရပါတယ်။ အသက်ရှူလမ်းကြောင်းတလျှောက်မှာရှိနေတဲ့ ချွဲတွေကို ပျော်စေပြီး ချောင်းဆိုးသက်သာစေဖို့ အထောက်အကူပြုပေးပါတယ်။

    စက္ကူပန်း လေးတွေက အဆင်းရော အချင်းပါပြည့်စုံတာပါနော်

  • လည်ချောင်းနာတာကို သက်သာစေနိုင်တယ်
  • လည်ချောင်းနာရခြင်းရဲ့ အဓိကအကြောင်းအရင်းက ပိုးဝင်ကူးစက်တာကြောင့်ပါ။ ဓာတ်မတည့်တာကြောင့်လည်း ဖြစ်နိုင်တယ်ဆိုပေမယ့် များသောအားဖြင့်ကတော့ ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် လည်ချောင်းနာရတာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့အဆွက် ပိုးသတ်ပေးနိုင်တဲ့ အာနိသင်ရှိတဲ့ စက္ကူပန်းလေးရှိပါတယ်နော်။ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးပြီး ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

    အဖျားသက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အပူကျစေနိုင်တဲ့အာနိသင်ရှိပြီး ဖျားလို့ အပူကြီးနေတဲ့သူတွေအတွက် သင့်တော်ပါတယ်။ မြန်မြန်အဖျားကျစေမယ့် သဘာဝဆေးဖက်ဝင် အပင်တစ်မျိုးပါ။

    • အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်

    စက္ကူပန်းက အဆုတ်တွေကို ကျန်းမာစေနိုင်ပြီး အသက်ရှူလမ်းကြောင်းကို ကျန်းမာအောင် အားဖြည့်ပေးပါတယ်။ အဆုတ်တွေကို ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ကူညီပေးတာကြောင့် ခန္ဓာကိုယ်ရဲ့အောက်ဆီဂျင်လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ပေးနိုင်မှာပါ။

  • ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်
  • တစ်နေ့တာလှုပ်ရှားသွားလာရင်း ထိတွေ့မိတာတွေ၊ စားသောက်မိတာတွေကြောင့် ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ ရှိနေနိုင်ပါတယ်။ ဒီအဆိပ်အတောက်တွေကို ဖယ်ရှားချင်တယ်ဆိုရင်တော့ လှပတဲ့ စက္ကူပန်းလေးတွေကို အသုံးပြုလို့ရပါတယ်နော်။ စက္ကူပန်းလေးတွေက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ငွေကုန်ကြေးကျနည်းစွာနဲ့ အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။

    ဝမ်းပျက်ဝမ်းလျှော ဖြစ်တာက တစ်နည်းအားဖြင့်တော့ ကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ဝမ်းကနေတဆင့် ခန္ဓာကိုယ်ပြင်ပကိုစွန့်ထုတ်တာပါ။ အစာခြေစနစ်မှာ ပိုးဝင်တာကြောင့်ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာပေါ့။ ဒီအဆိပ်အတောက်တွေကို အကောင်းဆုံးနဲ့ အမြန်ဆုံးဖြေရှင်းချင်တယ်ဆိုရင်တော့ စက္ကူပန်းလေးကို အားကိုးလို့ရပါတယ်။ အစာခြေစနစ်ထဲက မလိုအပ်တဲ့အရာတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။

    စက္ကူပန်း လေးတွေက အဆင်းရော အချင်းပါပြည့်စုံတာပါနော်

    • ပိုးသတ်ပေးတယ်

    ထိခိုက်ဒဏ်ရာ ရတဲ့အခါ အနာကို ပိုးဝင်ရောင်ရမ်းတာမျိုး မဖြစ်စေဖို့ စက္ကူပန်း ပြုတ်ရည်နဲ့ ဆေးကြောသန့်စင်ပေးလို့ ရပါတယ်။ စက္ကူပန်းကို ရေနဲ့စင်စင်လေး သန့်စင်ဆေးကြော သန့်စင်ဖို့တော့ လိုပါမယ်။ မျက်နှာပေါ်က ဝက်ခြံတွေ သက်သာစေဖို့ အတွက်လည်း စက္ကူပန်းကို သုံးလို့ ရပါတယ်နော်။

    ဒါတွေအပြင် စက္ကူပန်းကို သွေးတိုးကျစေဖို့၊ ရာသီသွေး မှန်စေဖို့၊ အသည်းရောင် အသားဝါ သက်သာစေဖို့၊ ပါးစပ်ထဲမှာ ပေါက်တဲ့အနာတွေသက်သာစေဖို့ အသုံးပြုပေးလို့ရပါတယ်။ အဖြူဆင်းတာကို သက်သာစေဖို့နဲ့ ကိုယ်အလေးချိန် ထိန်းချင်သူတွေ အတွက်လည်း စက္ကူပန်း က အသုံးဝင်ပါတယ်နော်။

    ဒီလောက်တောင် အသုံးတည့် နေမှတော့ စက္ကူပန်းလေးတွေက အဆင်းရော အချင်းပါ ပြည့်စုံတယ် ဆိုတာ အထွေအထူး ပြောနေစရာတောင် မလိုဘူး ထင်ပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement