backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကုက္ကိုလ်က အရိပ်ရရုံပဲလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကုက္ကိုလ်က အရိပ်ရရုံပဲလား

ကုက္ကိုလ်ဆိုရင် နွေရာသီမှာ အရိပ်ကောင်းကောင်းပေးနိုင်တဲ့ အပင်တစ်ပင်လို့ ပြေးမြင်မယ်ထင်ပါတယ်။ နွေပူပူမှာ ကုက္ကိုလ်ရိပ်က အေးမြမှုပေးတာ အမှန်ပါ။ ခရီးသွားရင် လမ်းမှာ တစ်ထောက်နားပြီး ထမင်းစားမိတာကလည်း ကုက္ကိုလ်ရိပ်အောက်မှာပဲ များတယ်နော်။ ကုက္ကိုလ်ပန်းလေးတွေကလည်း အဖြူလေးနဲ့ ပန်းရောင်လေးစပ်ထားတာဖြစ်ပြီး ချစ်ဖို့ကောင်းတာအမှန်ပါ။ ဒီလိုဆို ကုက္ကိုလ်က အရိပ်ရရုံပဲလား ၊ တခြားရော ဘယ်လိုအ‌ကျိုးကျေးဇူးတွေရှိလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။

ကုက္ကိုလ် ဆိုတာ

ကုက္ကိုလ်က အပူပိုင်းဒေသမှာပေါက်ရောက်တဲ့ အပင်တစ်မျိုးဖြစ်ပြီး အမြဲစိမ်းအပင်ပါ။ အပင်ကြီးဖြစ်လို့ အရိပ်ရစေနိုင်ပါတယ်။ ကုက္ကိုလ်ပင်က အာဖရိက၊ အာရှ၊ မက်ဒါဂါစကာ၊ အမေရိကနဲ့ သြစတြေးလျတို့မှာပေါက်ရောက်တဲ့ မျိုးရင်းပင်တစ်မျိုးပါ။ အရွက်စိမ်းစိမ်းစိုစို၊ အညိုရင့်ရင့် အသီးရှည်ရှည်လေးတွေနဲ့ ပန်းရောင်နဲ့ အဖြူရောင်စပ်တဲ့ အပွင့်လေးတွေ ပွင့်ပါတယ်။မြင်လွယ်တဲ့အပင်တစ်မျိုးပေါ့။

ကုက္ကိုလ်က အရိပ်ရရုံပဲလား….

ကုက္ကိုလ်ပင်က အရိပ်ရတယ်ဆိုတာထက်ပိုပါတယ်။ ကုက္ကိုလ်ပင်ကို ဆေးဖက်ဝင်အပင်အနေနဲ့ အသုံးပြုကြသလို အခြားအရာတွေအတွက်လည်း သုံးကြပါတယ်။

စိတ်ဖိစီးမှုကို သက်သာစေနိုင်တယ်

ကုက္ကိုလ်မှာ quercetin၊ isoquercetin၊ saponinsနဲ့ polyphenols တို့လိုဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့်ဟော်မုန်းတွေကို ထိန်းညှိပေးပြီး အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပြီး စိုးရိမ်မှုတွေကို ပြေလျော့စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အိပ်ပျော်စေနိုင်တဲ့ အာနိသင်ရှိပြီး ညဘက် အိပ်မပျော်သူတွေအတွက်လည်း အသုံးတည့်မှာပါ။

စိတ်ဓာတ်ကျတာကို သက်သာစေနိုင်တယ်

ကုက္ကိုလ်ရွက်က ကိုယ်တွင်းဟော်မုန်းတွေကို ထိန်းညှိပေးနိုင်တာကြောင့် စိတ်ဓာတ်ကျတာကိုလည်း အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ စိတ်အေးချမ်းစေပြီး စိတ်ဖိစီးမှုကြောင့် ကိုယ့်ကိုကိုယ် ထိခိုက်အောင်လုပ်မိနိုင်ခြေကိုလည်း နည်းစေနိုင်ပါတယ်။

အိပ်ပျော်စေနိုင်တယ်

အိပ်မရတဲ့သူတွေ၊ အိပ်မပျော်သူတွေအတွက်တော့ သဘာဝဆေးစွမ်းကောင်းပါ။ အာရုံကြောတွေနဲ့ စိတ်ခံစားမှုတွေကို တည်ငြိမ်အေးချမ်းစေပြီး ညဘက်ကိုကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။

ဓာတ်မတည့်မှုတွေကို သက်သာစေနိုင်တယ်

ပန်းနာရင်ကျပ်ရှိသူတွေ၊ ဓာတ်မတည့်ရောဂါရှိသူတွေ၊ နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကြောင့် အသက်ရှူလမ်းကြောင်းမှာ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ချောင်းဆိုး၊ နှာချေမှုတွေကို သက်သာစေနိုင်ပါတယ်။ ဓာတ်မတည့်မှုကို တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် အသက်ရှူလမ်းကြောင်းတလျှောက်မှာဖြစ်တတ်တဲ့ ဓာတ်မတည့်မှုကြောင့် နှာချေချောင်းဆိုးတာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိတယ်

ကုက္ကိုလ်ရွက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ free radicalsတွေကို တိုက်ထုတ်ပေးပါတယ်။ Free radicalsတွေကြောင့် ဆဲလ်တွေထိခိုက်ပျက်စီးတာ၊ ကင်ဆာလိုမျိုး ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

အရေပြားကျန်းမာစေနိုင်ပါတယ်

အရေပြားမှာ အနီကွက်တွေဖြစ်တာ၊ အညိုအမည်းစွဲတာ၊ ထိခိုက်ဒဏ်ရာတွေဖြစ်တာ၊ ဝက်ခြံနဲ့ အခြားသောအရေပြားပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ အရေပြားဓာတ်မတည့်ဖြစ်မှုတွေအတွက်လည်း အသုံးပြုပေးလို့ရပါတယ်။

အစာကြေစေနိုင်တယ်

အမျှင်ဓာတ်ပါဝင်မှုကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အူမကြီးနဲ့ အူတွေရဲ့ လှုပ်ရှားမှုကိုကောင်းမွန်စေပြီး ဝမ်းမှန်စေနိုင်ပါတယ်။ အစာခြေလမ်းကြောင်းမှာ ရောင်ရမ်းတာနဲ့ အခြားသောထိခိုက်မှုတွေအတွက်လည်း အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။

သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်ပါတယ်

ကုက္ကိုလ်ရွက်က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံးကျန်းမာစေနိုင်ပါတယ်။  သွေးတွင်းကိုလက်စထရောကျဆင်းမှုကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။လေဖြတ်တာနဲ့ ရုတ်ရက်နှလုံးရပ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အရိုးအဆစ်ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တာကြောင့် အရိုးအဆစ်တွေ နာကျင်ကိုက်ခဲမှုကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ လေးဖက်နာ၊ ဂေါက်ရောဂါရှိသူတွေအနေနဲ့ ကုက္ကိုလ်ရွက်ကို ကြိတ်ပြီး အဆစ်နာနေတဲ့နေရာမှာ အုံထားလိုက်ရုံပါ။

အခြားအသုံးဝင်မှုတွေက

  • အင်းဆက်ကိုက်ခံရတာကိုသက်သာစေနိုင်တယ်
  • သွေးတိတ်စေနိုင်တယ်
  • လည်ချောင်းနာတာကို သက်သာစေနိုင်တယ်
  • အသီးတွေမှည့်စေနိုင်တယ်
  • အရေပြားပြဿနာကင်းစေနိုင်ပါတယ်
  • စိတ်ခံစားမှုကောင်းစေနိုင်တယ်။
  • ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ!

    ကုက္ကိုလ်က ကျန်းမာရေးအတွက် ကောင်းကျိုးများပေမယ့်

    • အစာခြေစနစ် ပြဿနာ ရှိသူတွေ
    • ရောဂါအခံ ရှိသူတွေ
    • ကိုယ်ဝန်ဆောင်တွေ
    • နို့တိုက်မိခင်တွေ အနေနဲ့ အသုံးမပြုသင့်ပါဘူး။ 

    သာမန်သူတွေအနေနဲ့လည်း အလွန်အကျွံ အသုံးပြုတာကို ရှောင်ကြဉ်သင့်ပါတယ်။ 

    ကုက္ကိုလ်က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သိပ္ပံနည်းကျ အတည်ပြုဖို့ လိုပါသေးတယ်။ သဘာဝကရတယ်ဆိုပေမဲ့ ဓာတု‌ဗေဒနည်းအရ သန့်စင်ထားတာမျိုး မရှိရင် ဥပါဒ်ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးက ဗဟုသုတအနေနဲ့သာ မျှဝေထားခြင်း ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement