backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အုန်းဆီ ရဲ့ ဆန်းကြယ်သော အသုံးဝင်ပုံ ၁၀ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Aye Thi Mon မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အုန်းဆီ ရဲ့ ဆန်းကြယ်သော အသုံးဝင်ပုံ ၁၀ ချက်

အုန်းဆီ ကို လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အသုံးပြုလာကြတာဖြစ်ပြီး ယနေ့ထိတိုင် အသုံးအများဆုံး သဘာဝဆေးဖက်ဝင်ပစ္စည်းအဖြစ် ကမ္ဘာတစ်လွှားမှာ အသုံးပြုနေကြဆဲပါ။ သူ့ရဲ့ကောင်းကျိုးတွေဟာ ဟင်းချက်တဲ့ဆီ ကစပြီး အလှအပအလယ် ဆေးကုသခြင်းအဆုံး အမျိုးမျိုး အသုံးဝင်ပါတယ်။

အုန်းဆီ ကို အသုံးပြုနိုင်တဲ့နည်းလမ်း ၁၀ မျိုး ကိုအောက်မှာဖော်ပြထားပါတယ်။

အုန်းဆီ ဆိုတာ

အုန်းဆီဆိုတာက အုန်းသီးကို ကြိတ်ရာကနေ ရတဲ့အဆီပါ။ စားသုံးလို့ ရသလို အသားအရေနဲ့ ဆံသားလှပ ကျန်းမာစေဖို့လည်း အသုံးပြုကြပါတယ်။

အသုံးဝင်ပုံ

အုန်းဆီ ရဲ့ ဆန်းကြယ်သော အသုံးဝင်ပုံ ၁၀ ချက်

အုန်းဆီ ရဲ့ ဆန်းကြယ်သော အသုံးဝင်ပုံ ၁၀ ချက် ကို အတူတူ ကြည့်လိုက်ရအောင်နော်။ အုန်းဆီက အခုလို အသုံးဝင်ပါတယ်။

၁. သွေးတွင်းမှာ အကျိုးပြုကိုလက်စထရော တိုးစေတယ်

အုန်းဆီက HDL လို့ခေါ်တဲ့ အကျိုးပြု ကိုလက်စထရောပမာဏကို တိုးစေနိုင်ပါတယ်။ ဒီလို အကျိုးပြု ကိုလက်စထရောပမာဏ တိုးလာတာက နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အဆိုပါ တွေ့ရှိထားတဲ့ အုန်းဆီက အကျိုးပြု ကိုလက်စထရော တိုးစေတယ်ဆိုတာက ကာလတို လေ့လာမှုလေးတွေပေါ်မှာ အခြေခံထားတာ ဖြစ်တာကြောင့် အုန်းဆီကို အလွန်အကျွံ မသုံးဖို့လိုပါမယ်။

ဒါပေမယ့် ယခုတွေ့ရှိချက်အများစုနဲ့ ကိုလက်စထရောအဆင့်အပေါ် အုန်းဆီရဲ့ အကျိုးသက်ရောက်မှုက ရေတိုလေ့လာမှုများအပေါ် အခြေခံထားတာကြောင့်

အုန်းဆီကို လျှော့သုံးဖို့ အကြံပြုထားပါတယ်။

၂. ဝိတ်ကျစေတယ်

Lipids ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသန လေ့လာမှုတွေအရ အုန်းဆီးက ဝိတ်ကျစေနိုင်ပြီး ဗိုက်အဆီကို လျှော့ချပေးနိုင်စွမ်း ရှိတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

အခြားစားသုံးလို့ရတဲ့ ဆီတွေထက်လည်း အစာကြေလွယ်ပါတယ်။ အချို့သော ကနဦး လေ့လာမှုတွေမှာတော့ အုန်းဆီက ပန်ခရိယပေါ် သက်ရောက်နေတဲ့ ဖိအားတွေကို ဖယ်ရှားပေးပြီး ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်စေပါတယ်။ အဝလွန်နေသူတွေ (အထူးသဖြင့် အမျိုးသားတွေ) ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတဲ့သူတွေကို စွမ်းအင်တွေ လောင်ကျွမ်းစေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးပါတယ်။ နောက်ထပ် လေ့လာမှုတွေ လုပ်ဆောင်ဖို့တော့ လိုအပ်ပါသေးတယ်။

၃. နှလုံးကျန်းမာစေတယ်

လေ့လာမှုတွေရဲ့ ရလဒ်တွေအရ အုန်းဆီက အကျိူးပြု အဆီတွေထဲက တစ်မျိုးဖြစ်ပြီး နှလုံး ကျန်းမာစေနိုင်ပါတယ်။ အုန်းဆီ စစ်စစ် ကြွယ်ဝစွာ ပါဝင်နေတဲ့ အစားအစာတွေက သွေးတွင်း အကျိုးပြု ကိုလက်စထရော (HDL) ကို တိုးစေပြီး အကျိုးမပြု ကိုလက်စထရော LDL ကို လျော့ကျစေပါတယ်။

နောက်ထပ် လေ့လာမှု တစ်ခုအရ သိရတာက အုန်းဆီက သွေးဆုံးမတိုင်ခင် အမျိုးသမီးတွေမှာ ကျန်းမာတဲ့ အဆီပမာဏ ရှိနေအောင် ထောက်ကူပေးပါတယ်။ အဆီများတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အုန်းဆီကို မကြာခဏ အသုံးပြုပေးမယ်ဆိုရင် သွေးတွင်းကိုလက်စထရောကိုလည်း မကြာခဏ စစ်ဆေးဖို့ လိုပါမယ်။ သွေးတွင်းကိုလက်စထရော များနေမယ်ဆိုရင် လျှော့စားတာ၊ မစားဘဲ ရပ်လိုက်တာမျိုး လုပ်ဖို့ လိုပါမယ်။ အချို့သော အခြေအနေတွေမှာ အုန်းဆီကို စတင်စားသုံးတာမျိုး မလုပ်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါမယ်။

၄. ဆံပင် ကျန်းမာစေတယ်

အုန်းဆီက ဆံသားကျန်းမာသန်စွမ်းစေဖို့ ထောက်ကူပေးပါတယ်။ ပျက်စီးနေတဲ့ ဆံသားတွေကို ပြန်လည် ကျန်းမာစေဖို့ အသုံးပြုပေးသင့်ပါတယ်။ ပျက်စီးနေတဲ့ ဆံသားတွေ ကျန်းမာစေဖို့အတွက် အုန်းဆီကို အသုံးပြုပေးလို့ ရပါတယ်။ ဆံသားအတွက် လိုအပ်တဲ့ ပရိုတင်းတွေကို ဖြည့်တင်းပေးနိုင်မှာပါ။

ဦးရေပြားကို အုန်းဆီလိမ်းပြီး နှိပ်နယ်ပေးတာက ဦိးရေပြားကို ဗောက်ကင်းစေမှာပါ။ ဦးရေပြား ခြောက်သွေ့တာကြောင့် ဗောက်ဖြစ်တာပါ။ အုန်းဆီရဲ့ နောက်ထပ် အာနိသင် တစ်ခုကတော့ ဆံပင်နဲ့ ဦးရေပြားကို သန်းကင်းစေတာပါ။

၅. အသားအရေ ကျန်းမာစေတယ်

အုန်းဆီမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိသလို အရွယ်တင်စေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝသလို အရောင်ကျစေနိုင်စွမ်းလည်း ရှိပါတယ်။ အောက်ဖော်ပြပါ အရေပြားပြဿနာများ အပါအဝင် အရေပြားပြဿနာ အများစုကို သက်သာစေနိုင်ပါတယ်။

  • ဆိုရီရေးစစ် အရေပြား ပြဿနာ နဲ့ နှင်းခူတို့ကို သက်သာစေတယ်
  • အရေပြားကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးတယ်
  • atopic dermatitis (အရေပြားရောင်ရမ်းခြင်း) ကို သက်သာစေတယ်
  • အနာကျက် မြန်စေတယ်
  • အစိုဓာတ် ထိန်းပေးတယ်။

၆. Dementia လက္ခဏာတွေ သက်သာစေတယ်

အုန်းဆီက အယ်လ်ဇိုင်းမားရောဂါရှိသူတွေမှာ သိမြင်မှုစွမ်းရည် တိုးတက်စေဖို့ ထောက်ကူပေးပါတယ်။ အထူးသဖြင့် ဘာသာစကားစွမ်းရည် နဲ့ နေ့စဉ်ထိတွေ့နေတဲ့ အရာတွေကို မှတ်မိနိုင်စွမ်းတွေကိုပါ။ အုန်းဆီက သိပ္ပံနည်းကျ အချက်အလက်တွေ၊ ဆေးပညာရပ်ဆိုင်ရာ အချက်အလက်တွေ လိုအပ်နေဆဲဆိုပေမယ့် အုန်းဆီက ဦိးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို တိုးမြှင့်ပေးနိုင်ပါတယ်။

၇. သွားနဲ့ ခံတွင်း ကျန်းမာစေတယ်

လေ့လာမှုတွေအရ အုန်းတီ အသုံးပြုပေးတာ သွားချေးတက်တာ နဲ့ ခံတွင်းနံ့ဆိုးတာကို သက်သာစေနိုင်ပါတယ်။ အုန်းဆီကို ငုံထားပြီး သွားတွေကို သန့်ရှင်းရေးလုပ်တာက သွားနဲ့ခံတွင်းကို ကျန်းမာစေနိုင်လားဆိုတာကို နောက်ထပ်လေ့လာမှုတွေ လုပ်ဆောင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

၈. အတက်ရောဂါကို သက်သာစေတယ်

အကျိုးပြုအဆီ ပါဝင်မှုများတဲ့ အစားအစာတွေက ကလေးဘဝမှာ ဖြစ်တဲ့ အတက်ရောဂါတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အုန်းဆီက အတက်ရောဂါကို သက်သာစေနိုင်တဲ့  အကျိုးပြု အဆီပါတဲ့ ဓာတ်စာတွေထဲကို ထည့်သွင်းသင့်တဲ့ ကောင်းမွန်တဲ့ အဆီတစ်မျိုးပါ။

၉. စိတ်ဖိစီးမှု ပြေလျော့စေတယ်

အုန်းဆီစစ်ကို စိတ်ဖိစီးမှုတွေကို ပြေလျော့စေတဲ့ ရနံ့ကုထုံးမှာ အသုံးပြုကြပါတယ်။ အုန်းဆီကို ခေါင်းမှာ လိမ်းပေးပြီး ခပ်ဖွဖွလေး နှိပ်ပေးတာက စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အုန်းဆီ စစ်စ်စက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝပါတယ်။

၁၀. ကျောက်ကပ် နဲ့ အသည်း ကျန်းမာစေတယ်

အုန်းဆီမှာ အလယ်အလတ်အဆင့် အကျိုးပြူအဆီ ပါဝင်နေသလို fatty acids ပါဝင်နေတာကြောင့် ကျောက်ကပ်၊ အသည်း နဲ့ သည်းခြေအိတ်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီအကျိုးကျေးဇူးတွေရဲ့ ထိရောက်မှုကို ပိုမိုသိရှိနိုင်စေဖို့ နောက်ထပ် လေ့လာမှုတွေ လုပ်ဆောင်ဖို့ လိုအပ်မှာပါ။

ဘေးထွက်ဆိုးကျိုးများ

အုန်းဆီက သဘာဝပစ္စည်းကနေ ထုတ်ယူထားတဲ့ အုန်းဆီစစ်စစ် ဖြစ်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းပါတယ်။

သတိပြုရန် အချက်များ

ရောဂါအခံရှိမယ်ဆိုရင် စားသုံးဖို့အတွက် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Aye Thi Mon မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement