backup og meta

တင်းရင်းပြီး ဖွံ့ဖြိုးတဲ့ ရင်သားတစ်စုံ ပိုင်ဆိုင်ချင်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တင်းရင်းပြီး ဖွံ့ဖြိုးတဲ့ ရင်သားတစ်စုံ ပိုင်ဆိုင်ချင်သလား

    တင်းရင်းပြီး ဖွံ့ဖြိုးတဲ့ ရင်သားတစ်စုံ ပိုင်ဆိုင်ချင်သလား ….. ဒါဆိုရင်တော့ နည်းလမ်းလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။

    မိန်းကလေးတိုင်း ခန္ဓါကိုယ်လေး လှချင်ကြတာချည်း ပါပဲ။ တချို့တွေကတော့ မျိုးရိုးနဲ့ ခန္ဓါကိုယ် ကောက်ကြောင်း လှလှလေး ရှိကြပါတယ်။ တချို့မှာတော့ မရှိပြန်ပါဘူး။ ရင်သားလေး တင်းရင်းလှပဖို့ GYM ဆော့တာတွေလည်း ရှိသလို အိမ်မှာနေရင်းနဲ့ ရင်သားလေးတင်းရင်းပြီး ဖွံ့ဖြိုးစေဖို့ လုပ်ဆောင်လို့ ရတဲ့ နည်းလမ်းလေးတွေ ရှိတယ်နော်။

    တင်းရင်းပြီး ဖွံ့ဖြိုးတဲ့ ရင်သားတစ်စုံ ပိုင်ဆိုင်ချင်သလား

    တင်းရင်းပြီး ဖွံ့ဖြိုးတဲ့ ရင်သားတစ်စုံ ပိုင်ဆိုင်ချင်သလား။ ဒါဆိုရင်တော့

    နှိပ်နယ်ခြင်း

    ရင်သားလေးတွေကို နည်းစနစ် မှန်မှန် နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကို အားကောင်းစေပြီး ရင်သားတွေ ဖွံ့ဖြိုးစေပါတယ်။ ရင်သားလေးတွေကို အောက်ဘက်ကနေ ပင့်ပြီး အပေါ်ဘက်ကို စက်ဝိုင်း ပုံသဏ္ဍန်လေး နှိပ်နယ်ပေးပါ။ သံလွင်ဆီလေး သုံးပြီး နှိပ်ဖို့တော့ မမေ့နဲ့နော်။ တစ်နေ့ကို (၁၅) မိနစ်လောက် နှစ်ကြိမ် နှိပ်နယ်ပေးမယ် ဆိုရင် ကောင်းမွန်တဲ့ ရလဒ်လေး ပိုင်ဆိုင်ရမှာပါ။

    ဘရာရွေးချယ်ခြင်း

    မိန်းကလေးတို့ရေ ကိုယ့်ရဲ့ ရင်သား နဲ့ မှန်ကန် ကွက်တိကျတဲ့ ဘရာစီယာ အရွယ်အစားကို ဝတ်ပေးတာကလည်း ကောင်းကျိုးတွေ ရရှိစေပါတယ်။ ဘရာစီယာက ကိုယ့်ရဲ့ ရင်သား နဲ့ သေးလွန်းခြင်း၊ ကြီးလွန်းခြင်းတွေ ဖြစ်နေမယ်ဆိုရင် ရင်သား တင်းရင်းမှုနဲ့ ကြီးထွားမှုကို လျှော့ကျစေပါတယ်။ ဘယ်လောက်လှတဲ့ ဘရာစီယာ ဖြစ်ဖြစ် ကိုယ့် ရင်သား နဲ့ ကိုက်ညီမှ ဝတ်ပါ။

    ဂေါ်ဖီရွက် အသုံးပြုခြင်း

    ဂေါ်ဖီရွက်ကလည်း ရင်သားတွေ တင်းရင်းဖို့နဲ့ ကြီးထွားဖွံ့ဖြိုးဖို့ အထောက်အကူပြုပါတယ်။ ဂေါ်ဖီရွက်ကို အသုံးပြုရမယ့် နည်းလမ်းလေးကလည်း လွယ်ကူတာမို့ လိုက်လုပ်ကြည့်ဖို့ အတော်လေး အဆင်ပြေမှာပါနော်။ ဂေါ်ဖီထုပ် ဆိုရင်တော့ အပေါ်ဆုံး အနာအဆာ ပါဝင်နိုင်တဲ့ အရွက်တွေကို ဖယ်လိုက်ပါ။ ရေ သေချာ ဆေးပြီးရင်တော့ အအေးခံရပါမယ်။

    ရေခဲသေတ္တာထဲ ထည့်ပြီး ခပ်အေးအေး အနေအထားလေး ဖြစ်အောင် ထားလိုက်ပါ။ ပြီးရင်တော့ အရွက်လိုက်လေး ရင်သား တစ်ဖက်စီမှာ ကပ်ထားပေးပါ။ မိနစ်(၂၀) လောက် ကြာအောင် ထားလိုက်ပါနော်။ တစ်ပတ်ကို နှစ်ကြိမ်လောက် ပြုလုပ်ပေးနိုင်ပြီး ရင်သားလေး တင်းရင်းလာတာကို တွေ့ရမှာပါ။

    Vaseline လိမ်းခြင်း

    Vaseline မှာ ပါဝင်တဲ့ အက်ဆစ်ဓါတ်တွေကလည်း ရင်သားအတွက် ကောင်းစေတာမို့ ညဘက် Vasline လိမ်းပြီး အိပ်တာမျိုး လုပ်နိုင်ပါတယ်။

    Wall Press လေ့ကျင့်ခန်း

    ရင်သားလေး တင်းရင်းပြီး ကြီးထွားဖွံ့ဖြိုးဖို့အတွက် အိမ်မှာတင် လုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေး ရှိပါတယ်။ ပထမဆုံး မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကို ရှေ့ဘက်ကို တန်းတန်းဆန့်ပြီး လက်ဖဝါးနဲ့ နံရံမှာ ထောက်ထားလိုက်ပါ။ ပြီးရင် ခန္ဓါကိုယ်ကို အားစိုက်ပြီး ရင်ဘတ်နေရာကို အသုံးပြုကာ လက်တံတောင်ဆစ်ကို ကွေးလိုက်ပါ။

    ရင်ဘတ်ကို အားပြုပြီး တွန်းတဲ့ သဘောပါ။ (၁) ကနေ (၅) အတွင်း ရေတွက်ပြီး လုပ်ပါ။ ဒီလိုလေး ပုံမှန်လုပ်ရင်တော့ လှပတဲ့ ကောက်ကြောင်းပိုင်ဆိုင်တဲ့ ရင်သား တစ်စုံ ရရှိနိုင်ပါပြီ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement